ေက်ာက္မဲၿမိဳ႕ရွိ လူမေနသည့္ ၿခံ၀န္းအတြင္း၌ အမ်ဳိးသားတစ္ဦးအား ေသဆံုးေနလ်က္ျဖင့္ ေတြ႔ရွိ

ေက်ာက္မဲၿမိဳ႕ရွိ လူမေနသည့္ ၿခံ၀န္းအတြင္း၌ အမ်ဳိးသားတစ္ဦးအား ေသဆံုးေနလ်က္ျဖင့္ ေတြ႔ရွိ
အောက်တိုဘာ 25, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕၌ လူမေနသည့္ ၿခံဝန္းတစ္ခုတြင္ အသက္ (၄၅)ႏွစ္အရြယ္ အမိ်ဳးသား တစ္ဦး ေသဆံုးေနသည္ကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ(၂၅)ရက္ေန႔ နံနက္ပိုင္းက ေတြ႔ရေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕ အမွတ္ ( ၉ )ရပ္ကြက္၊ နယ္ေျမ(၂)ရွိ လူမေနသည့္ ၿခံဝန္းတစ္ခုအတြင္း သစ္ပင္တစ္ပင္ ေအာက္တြင္ ဒူးေထာက္၍ ေလးဖက္ေမွာက္လ်က္ ေသဆံုးေနသည္ကို အနီးဝန္းက်င္က ေတြ႔ရသျဖင့္ ရဲတပ္ဖြဲ႕ထံ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"မနက္ (၁၁) နာရီေလာက္မွာ ရဲတပ္ဖြဲ႔က ဆက္သြယ္လာလို႔ ေသသူကိုသြားသယ္ေပးတယ္။ သူ႔ကိုမလိုက္ တ့ဲ အခ်ိန္မွာ မူးယစ္ေဆးအမႈန္႔တစ္ဗူးနဲ႔ ေဆးထိုးအပ္တစ္ခု ထြက္က်လာတယ္။ ျပည္သူ႔ေဆးရံု ရင္ခြဲရံုကို ပို႔ေဆာင္ေပးထားပါတယ္”ဟု အေလာင္းသြားသယ္ခဲ့သည့္ ဇီဝိတ လူမႈကူညီေရးအသင္းမွ ကိုေစာမင္းၾကဴ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသဆံုးသူမွာ ေက်ာက္မဲၿမိဳ႕ ပိႏၷဲကုန္းေက်းရြာအုပ္စု ပကာေက်းရြာေန အသက္(၄၅) အရြယ္ ဦးထြန္းစိန္ ဆိုသူ ျဖစ္ေၾကာင္းသိရၿပီး ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းဖြင့္လွစ္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ေစာမင္းၾကဴ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၌ လူမနေသည့် ခြံဝန်းတစ်ခုတွင် အသက် (၄၅)နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးနေသည်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းက တွေ့ရကြောင်း သိရသည်။

ကျောက်မဲမြို့ အမှတ် ( ၉ )ရပ်ကွက်၊ နယ်မြေ(၂)ရှိ လူမနေသည့် ခြံဝန်းတစ်ခုအတွင်း သစ်ပင်တစ်ပင် အောက်တွင် ဒူးထောက်၍ လေးဖက်မှောက်လျက် သေဆုံးနေသည်ကို အနီးဝန်းကျင်က တွေ့ရသဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"မနက် (၁၁) နာရီလောက်မှာ ရဲတပ်ဖွဲ့က ဆက်သွယ်လာလို့ သေသူကိုသွားသယ်ပေးတယ်။ သူ့ကိုမလိုက် တဲ့ အချိန်မှာ မူးယစ်ဆေးအမှုန့်တစ်ဗူးနဲ့ ဆေးထိုးအပ်တစ်ခု ထွက်ကျလာတယ်။ ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးထားပါတယ်”ဟု အလောင်းသွားသယ်ခဲ့သည့် ဇီဝိတ လူမှုကူညီရေးအသင်းမှ ကိုစောမင်းကြူ က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးသူမှာ ကျောက်မဲမြို့ ပိန္နဲကုန်းကျေးရွာအုပ်စု ပကာကျေးရွာနေ အသက်(၄၅) အရွယ် ဦးထွန်းစိန် ဆိုသူ ဖြစ်ကြောင်းသိရပြီး ကျောက်မဲမြို့မရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - စောမင်းကြူ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~