ေက်ာက္မဲၿမိဳ႕ ဓမၼေမဒနီေရႊက်င္ေက်ာင္းတိုက္ ဆရာေတာ္အား ေသနတ္ျဖင့္ ပစ္သတ္လုပ္ႀကံသူမ်ား၏ ဆိုင္ကယ္ ေက်ာင္းအနီးတြင္ က်န္ခဲ့

ေက်ာက္မဲၿမိဳ႕ ဓမၼေမဒနီေရႊက်င္ေက်ာင္းတိုက္ ဆရာေတာ္အား ေသနတ္ျဖင့္ ပစ္သတ္လုပ္ႀကံသူမ်ား၏ ဆိုင္ကယ္ ေက်ာင္းအနီးတြင္ က်န္ခဲ့
အောက်တိုဘာ 6, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕၊ အမွတ္(၇)ရပ္ကြက္ရွိ ဓမၼေမဒနီေရႊက်င္ေက်ာင္းတိုက္မွ ေက်ာင္းထိုင္ ဆရာေတာ္အား ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံသူမ်ား အသံုးျပဳခဲ့သည့္ ဆုိင္ကယ္ကို ဘုန္းႀကီးေက်ာင္း အနီး ေတြ႔ထားၿပီး ဆရာေတာ္၏ ရုပ္ကလာပ္ကို ေက်ာက္မဲျပည္သူ႔ေဆးရံု ရင္ခြဲရံုမွ ေက်ာင္းတိုက္သို႔ ေအာက္တိုဘာလ (၆) ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ျပန္လည္ ပင့္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဓမၼေမဒနီေရႊက်င္ေက်ာင္းတိုက္မွ ေက်ာင္းထိုင္ဆရာေတာ္ ဥဴးကလလာဏဝံသ ( လူအမည္ ဦးရီခမ္း) သက္ေတာ္ (၄၆) ဝါေတာ္ (၂၇)ႏွစ္သည္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၅) ရက္ေန႔ ညေန (၆) နာရီခြဲဝန္းက်င္က ေက်ာင္းရွိသံဃာမ်ားႏွင့္အတူ ဘုရားဝတ္ျပဳေနစဥ္ ေက်ာင္းေဆာင္၏ ေတာင္ဘက္ အျခမ္း၌ ေဗ်ာက္အိုးေဖါက္သံၾကားသျဖင့္ ထသြားၾကည့္ရႈခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆရာေတာ္သည္ ဘုရားဝတ္ျပဳရာသို႔ ျပန္လည္ေရာက္ရွိလာျခင္း မရွိသျဖင့္ ကိုရင္တစ္ပါးက လိုက္လံၾကည့္ရႈရာ ေက်ာင္းဝန္းေရွ႕ စႀကၤန္တြင္ ပက္လက္လွန္ကာ လဲေနသည့္ ဆရာေတာ္ကိုေတြ႔ရွိခဲ့သျဖင့္ ေက်ာင္းရွိေမာ္ေတာ္ယာဥ္ႏွင့္ ေက်ာက္မဲျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေနစဥ္ ပ်ံလြန္ေတာ္မူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔က အခင္းျဖစ္စဥ္ေနရာအား ရွာေဖြစစ္ေဆးရာ 9mm Luger အမ်ိဳးအစား ( ၉ မမ ) က်ည္ခြံ (၇) ခုကိုေတြ႔ရွိခဲ့ၿပီး အခင္းျဖစ္ရာဘုန္းႀကီးေက်ာင္း၏ ေတာင္ဘက္မုခ္ဝအနီးတြင္လည္း 125 CC ေမာ္ေတာ္ဆိုင္ကယ္တစ္စီး ရပ္ထားလ်က္ေတြ႔ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆရာေတာ္တြင္ ခ်ိဳင္းေအာက္၊ ဝဲလက္ေမာင္း၊ ဝဲရင္အံု၊ ယာဘက္ခ်ိဳင္းေအာက္၊ ယာဒူးေခါင္းေဘး၊ ဝဲဘက္ ရင္အံုအေပၚဘက္ ယာဘက္ေပါင္ေဖါက္ဝင္ဒဏ္ရာ စုစုေပါင္း ေသနတ္ဒဏ္ရာ (၇)ခ်က္ျဖင့္ ပ်ံလြန္ေတာ္မူသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ (ပ)၄၁၂/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ အေရးယူထားၿပီး ပစ္ခတ္သူမ်ားအား ေဖၚထုတ္ႏုိင္ေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ဓမ္မမေဒနီရွှေကျင်ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်အား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသူများ အသုံးပြုခဲ့သည့် ဆိုင်ကယ်ကို ဘုန်းကြီးကျောင်း အနီး တွေ့ထားပြီး ဆရာတော်၏ ရုပ်ကလာပ်ကို ကျောက်မဲပြည်သူ့ဆေးရုံ ရင်ခွဲရုံမှ ကျောင်းတိုက်သို့ အောက်တိုဘာလ (၆) ရက်နေ့ နေ့လယ်ပိုင်းတွင် ပြန်လည် ပင့်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓမ္မမေဒနီရွှေကျင်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဉူးကလလာဏဝံသ ( လူအမည် ဦးရီခမ်း) သက်တော် (၄၆) ဝါတော် (၂၇)နှစ်သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့ ညနေ (၆) နာရီခွဲဝန်းကျင်က ကျောင်းရှိသံဃာများနှင့်အတူ ဘုရားဝတ်ပြုနေစဉ် ကျောင်းဆောင်၏ တောင်ဘက် အခြမ်း၌ ဗျောက်အိုးဖောက်သံကြားသဖြင့် ထသွားကြည့်ရှုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော်သည် ဘုရားဝတ်ပြုရာသို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် ကိုရင်တစ်ပါးက လိုက်လံကြည့်ရှုရာ ကျောင်းဝန်းရှေ့ စင်္ကြန်တွင် ပက်လက်လှန်ကာ လဲနေသည့် ဆရာတော်ကိုတွေ့ရှိခဲ့သဖြင့် ကျောင်းရှိမော်တော်ယာဉ်နှင့် ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်နေစဉ် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့မရဲတပ်ဖွဲ့က အခင်းဖြစ်စဉ်နေရာအား ရှာဖွေစစ်ဆေးရာ 9mm Luger အမျိုးအစား ( ၉ မမ ) ကျည်ခွံ (၇) ခုကိုတွေ့ရှိခဲ့ပြီး အခင်းဖြစ်ရာဘုန်းကြီးကျောင်း၏ တောင်ဘက်မုခ်ဝအနီးတွင်လည်း 125 CC မော်တော်ဆိုင်ကယ်တစ်စီး ရပ်ထားလျက်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော်တွင် ချိုင်းအောက်၊ ဝဲလက်မောင်း၊ ဝဲရင်အုံ၊ ယာဘက်ချိုင်းအောက်၊ ယာဒူးခေါင်းဘေး၊ ဝဲဘက် ရင်အုံအပေါ်ဘက် ယာဘက်ပေါင်ဖောက်ဝင်ဒဏ်ရာ စုစုပေါင်း သေနတ်ဒဏ်ရာ (၇)ချက်ဖြင့် ပျံလွန်တော်မူသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၄၁၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး ပစ်ခတ်သူများအား ဖော်ထုတ်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~