လားရႈိးၿမိဳ႕တြင္ ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ ဒုရဲမွဴးေက်ာ္ခိုင္၏ အႀကိမ္(၄၀၀)ေျမာက္အျဖစ္ အမွတ္(၁၂)ရပ္ကြက္ရွိ အထက(ခြဲ)တြင္ ေက်ာင္းသူ ေက်ာင္းသားမ်ားအား အသိပညာေပး

လားရႈိးၿမိဳ႕တြင္ ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ ဒုရဲမွဴးေက်ာ္ခိုင္၏ အႀကိမ္(၄၀၀)ေျမာက္အျဖစ္ အမွတ္(၁၂)ရပ္ကြက္ရွိ အထက(ခြဲ)တြင္ ေက်ာင္းသူ ေက်ာင္းသားမ်ားအား အသိပညာေပး
အောက်တိုဘာ 8, 2018
By Tachileik News Agency

အမွတ္(၁၂၁) ယာဥ္ထိန္း ရဲတပ္ဖြဲ႔စုမွဴးရံုး (လားရိႈး)မွ တပ္ဖြဲ႔စုမွဴး ဒုတိယရဲမွဴး ေက်ာ္ခိုင္၏ ယာဥ္၊ လမ္း စည္းကမ္း အသိပညာေပး အႀကိမ္ (၄၀၀)ေျမာက္အျဖစ္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ အမွတ္ ( ၁၂ ) ရပ္ကြက္ရွိ အထက(ခြဲ) အမွတ္(၈) အေျခခံပညာအလယ္တန္းေက်ာင္းတြင္ ေအာက္တိုဘာလ (၈) ရက္ေန႔ နံနက္က က်င္းပရာ ေက်ာင္းသား ေက်ာင္းသူ (၇၀၀)ေက်ာ္ တက္ေရာက္ၿပီး အေမးအေျဖ က႑လည္း ထည့္သြင္းထားေၾကာင္း သိရသည္။

“ယာဥ္စည္းကမ္း လမ္းစည္းကမ္းနဲ႔ ပတ္သက္လို႔ အဓိက အခ်က္ (၁၁) ခ်က္ကို ေက်ာင္းသူ/ ေက်ာင္းသားေတြ ငယ္ရြယ္စဥ္ ကတည္းကစၿပီး သိရွိနားလည္ေစဖို႔ ၊ ယာဥ္/လမ္း အႏၱရာယ္ကင္းရွင္းစြာ ေနထိုင္ႏိုင္သြားေစဖို႔ ရည္ရြယ္ၿပီးေတာ့ အႀကိမ္(၄၀၀)ေျမာက္ အသိပညာေပးေဟာျပာပြဲကို အထက(ခြဲ)အလက (၈)မွာ ျပဳလုပ္တာ ျဖစ္ပါတယ္၊ အႀကိမ္(၄၀၀)ေျမာက္မွာ ထူးထူးျခားျခား အေနနဲ႔ကေတာ့ ေက်ာင္းသူေလးေတြကို ရွမ္းရိုးရာ ဝတ္စံု ေလးေတြနဲ႔ အလွျပရင္း ယာဥ္/လမ္း အခ်က္ျပ အမွတ္အသား ေတြကို ျပသခိုင္းတာပါ ပါတယ္” ဟု အမွတ္ (၁၂၁) ယာဥ္ထိန္းရဲတပ္ဖြဲ႔စုမွဴးရံုး မွ တပ္ဖြဲ႔စုမွဴး ဒုတိယရဲမွဴး ေက်ာ္ခိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ယာဥ္/လမ္း စည္းကမ္းအသိပညာေပးအျဖစ္ အေျခခံ အခ်က္ (၁၁)ခ်က္ျဖစ္သည့္ လမ္းျဖတ္ကူးစဥ္၊ လမ္းေလွ်ာက္စဥ္၊ စက္ဘီးဆိုင္ကယ္ စီးနင္းစဥ္၊ ကားေမာင္းစဥ္၊ ဦးစားေပးလမ္းႏွင့္ လမ္းသြယ္မ်ား အေၾကာင္း၊ တစ္လမ္းေမာင္းမ်ားအေၾကာင္း၊ ေကြ႔ျခင္း၊ ရပ္ျခင္း၊ ထြက္ျခင္း၊ ေက်ာ္တက္ျခင္း၊ ျပစ္မႈႏွင့္ ျပစ္ဒဏ္မ်ား၊ ယာဥ္ေမာင္းလိုင္စင္မ်ားအေၾကာင္းႏွင့္ အေျခခံ လက္အခ်က္ျပ(၁၄)ခ်က္တို႔ကို ေက်ာင္းသူ/သားမ်ားအား အသိပညာေပးေဟာေျပာခဲ့ေၾကာင္း သိရသည္။

အသိပညာေပး ေဟာေျပာပြဲကို နံနက္ (၁၀)နာရီမွ မြန္းလြဲ (၁) နာရီအထိ ေဟာေျပာၿပီး အေမးအေျဖမ်ား ျပဳလုပ္ၾကျခင္းျဖစ္ေၾကာငး္ သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

အမှတ်(၁၂၁) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံး (လားရှိုး)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ကျော်ခိုင်၏ ယာဉ်၊ လမ်း စည်းကမ်း အသိပညာပေး အကြိမ် (၄၀၀)မြောက်အဖြစ် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ် ( ၁၂ ) ရပ်ကွက်ရှိ အထက(ခွဲ) အမှတ်(၈) အခြေခံပညာအလယ်တန်းကျောင်းတွင် အောက်တိုဘာလ (၈) ရက်နေ့ နံနက်က ကျင်းပရာ ကျောင်းသား ကျောင်းသူ (၇၀၀)ကျော် တက်ရောက်ပြီး အမေးအဖြေ ကဏ္ဍလည်း ထည့်သွင်းထားကြောင်း သိရသည်။

“ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်လို့ အဓိက အချက် (၁၁) ချက်ကို ကျောင်းသူ/ ကျောင်းသားတွေ ငယ်ရွယ်စဉ် ကတည်းကစပြီး သိရှိနားလည်စေဖို့၊ ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းစွာ နေထိုင်နိုင်သွားစေဖို့ ရည်ရွယ်ပြီးတော့ အကြိမ်(၄၀၀)မြောက် အသိပညာပေးဟောပြာပွဲကို အထက(ခွဲ)အလက (၈)မှာ ပြုလုပ်တာ ဖြစ်ပါတယ်၊ အကြိမ်(၄၀၀)မြောက်မှာ ထူးထူးခြားခြား အနေနဲ့ကတော့ ကျောင်းသူလေးတွေကို ရှမ်းရိုးရာ ဝတ်စုံ လေးတွေနဲ့ အလှပြရင်း ယာဉ်/လမ်း အချက်ပြ အမှတ်အသားတွေကို ပြသခိုင်းတာပါ ပါတယ်” ဟု အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ကျော်ခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယာဉ်/လမ်း စည်းကမ်းအသိပညာပေးအဖြစ် အခြေခံ အချက် (၁၁)ချက်ဖြစ်သည့် လမ်းဖြတ်ကူးစဉ်၊ လမ်းလျှောက်စဉ်၊ စက်ဘီးဆိုင်ကယ် စီးနင်းစဉ်၊ ကားမောင်းစဉ်၊ ဦးစားပေးလမ်းနှင့် လမ်းသွယ်များ အကြောင်း၊ တစ်လမ်းမောင်းများအကြောင်း၊ ကွေ့ခြင်း၊ ရပ်ခြင်း၊ ထွက်ခြင်း၊ ကျော်တက်ခြင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ယာဉ်မောင်းလိုင်စင်များအကြောင်းနှင့် အခြေခံ လက်အချက်ပြ(၁၄)ချက်တို့ကို ကျောင်းသူ/သားများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲကို နံနက် (၁၀)နာရီမှ မွန်းလွဲ (၁) နာရီအထိ ဟောပြောပြီး အမေးအဖြေများ ပြုလုပ်ကြခြင်းဖြစ်ကြောငး် သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~