ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ေစာင့္ၾကည့္ေရး လုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ ေမာက္မယ္ေဒသခံမ်ားကို ရွင္းလင္း

ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ေစာင့္ၾကည့္ေရး လုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ ေမာက္မယ္ေဒသခံမ်ားကို ရွင္းလင္း
အောက်တိုဘာ 22, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) လင္းေခးခရိုင္၊ ေမာက္မယ္ၿမိဳ႕နယ္အတြင္းမွ ေဒသခံမ်ားအား ပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲေရး လုပ္ငန္းစဥ္မ်ား၊ NCA တြင္ ပါဝင္သည့္ တပ္ပိုင္းဆိုင္ရာကိစၥရပ္မ်ား၊ စစ္ဘက္ဆိုင္ရာ က်င့္ဝတ္မ်ား၊ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားကို ရွင္းလင္းၿပီး ပစ္ခတ္ တိုက္ခုိက္မႈရပ္စဲေရးကို ခ်ိဳးေဖါက္မႈ၊ အျငင္းပြားမႈမ်ားရိွပါက JMC သို႔ တုိင္ၾကားၾကရန္ အသိေပး ရွင္းလင္းျခင္းလုပ္ေဆာင္ေၾကာင္း သိရသည္။

ေဒသတြင္း ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားကို ခ်ိဳးေဖါက္မႈမ်ားကို တုိင္ၾကားပါက JMC (ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ)က စိစစ္ၿပီး ေျဖရွင္းေဆာင္ရြက္မႈ အေျခအေနကိုလည္း တိုင္ၾကားသူထံ အေၾကာင္းျပန္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

လင္းေခးေဒသဆိုင္ရာအဆင့္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ (JMC) ဥကၠ႒ႏွင့္ အဖြဲ႔ဝင္မ်ားသည္ ေမာက္မယ္ၿမိဳ႕နယ္၊ ဟိုလြယ္ေက်းရြာအုပ္စု၊ ဟန္နားေက်းရြာ၌ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာ (၂၀) ရက္ေန႔က လူထုေတြ႔ဆံုပြဲျပဳလုပ္ရာ ေမာက္မယ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ႏွင့္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား၊ ဟိုလြယ္ေက်းရြာအုပ္စုရွိ ေက်းရြာေပါင္း (၁၆) ရြာမွ ေဒသခံ ျပည္သူမ်ား စုစုေပါင္း လူဦးေရ (၄၀၀) ေက်ာ္ တက္ေရာက္ၾကေၾကာင္း သိရသည္။

NCA ပါ သေဘာတူညီခ်က္မ်ား၊ JMC အဆင့္ဆင့္၏ ဖြဲ႔စည္းပံုႏွင့္ လုပ္ငန္းတာဝန္မ်ား၊ ႏွစ္ဖက္တပ္မ်ား ေလးစားလိုက္နာရမည့္ စစ္ဘက္ဆိုင္ရာ က်င့္ဝတ္မ်ား၊ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ စည္းမ်ဥ္း စည္းကမ္းမ်ားအေပၚ ခ်ိဳးေဖာက္မႈမ်ား ရွိပါက တိုင္ၾကားႏိုင္သည့္ လုပ္ငန္းစဥ္မ်ား၊ အရပ္သားျပည္သူကို အကာအကြယ္ေပးျခင္းဆုိင္ရာ ကိစၥရပ္မ်ား၊ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ စည္းမ်ဥ္း စည္းကမ္းမ်ားအား ခ်ိဳးေဖာက္မႈမ်ားေတြ႔ရွိပါက တိုင္ၾကားႏိုင္သည့္ လုပ္ငန္းစဥ္မ်ားႏွင့္ အေရးယူ ေဆာင္ရြက္ပံု အဆင့္ဆင့္ကို ေဒသခံမ်ားကို ရွင္းျပျခင္းျဖစ္ေၾကာင္း သိရသည္။

JMC-L (လင္းေခး) တြင္ ဥကၠ႒အျဖစ္ စစ္ဗ်ဴဟာမွဴး၊ ဒုတိယဥကၠ႒ (၁) အျဖစ္ RCSS/SSA မွ ကိုယ္စားလွယ္၊ ဒုတိယဥကၠ႒ (၂) အျဖစ္ အရပ္သားကုိယ္စားလွယ္၊ အတြင္းေရးမွဴးမ်ားအျဖစ္ PNLO မွ (၁)ဦးႏွင့္ တပ္မေတာ္မွ (၁)ဦးတုိ႔ ပါဝင္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - JMC


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းမှ ဒေသခံများအား ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး လုပ်ငန်းစဉ်များ၊ NCA တွင် ပါဝင်သည့် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြီး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကို ချိုးဖောက်မှု၊ အငြင်းပွားမှုများရှိပါက JMC သို့ တိုင်ကြားကြရန် အသိပေး ရှင်းလင်းခြင်းလုပ်ဆောင်ကြောင်း သိရသည်။

ဒေသတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မှုများကို တိုင်ကြားပါက JMC (ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ)က စိစစ်ပြီး ဖြေရှင်းဆောင်ရွက်မှု အခြေအနေကိုလည်း တိုင်ကြားသူထံ အကြောင်းပြန်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လင်းခေးဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မောက်မယ်မြို့နယ်၊ ဟိုလွယ်ကျေးရွာအုပ်စု၊ ဟန်နားကျေးရွာ၌ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ (၂၀) ရက်နေ့က လူထုတွေ့ဆုံပွဲပြုလုပ်ရာ မောက်မယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟိုလွယ်ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း (၁၆) ရွာမှ ဒေသခံ ပြည်သူများ စုစုပေါင်း လူဦးရေ (၄၀၀) ကျော် တက်ရောက်ကြကြောင်း သိရသည်။

NCA ပါ သဘောတူညီချက်များ၊ JMC အဆင့်ဆင့်၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ နှစ်ဖက်တပ်များ လေးစားလိုက်နာရမည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများအပေါ် ချိုးဖောက်မှုများ ရှိပါက တိုင်ကြားနိုင်သည့် လုပ်ငန်းစဉ်များ၊ အရပ်သားပြည်သူကို အကာအကွယ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများအား ချိုးဖောက်မှုများတွေ့ရှိပါက တိုင်ကြားနိုင်သည့် လုပ်ငန်းစဉ်များနှင့် အရေးယူ ဆောင်ရွက်ပုံ အဆင့်ဆင့်ကို ဒေသခံများကို ရှင်းပြခြင်းဖြစ်ကြောင်း သိရသည်။

JMC-L (လင်းခေး) တွင် ဥက္ကဋ္ဌအဖြစ် စစ်ဗျူဟာမှူး၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် RCSS/SSA မှ ကိုယ်စားလှယ်၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် အရပ်သားကိုယ်စားလှယ်၊ အတွင်းရေးမှူးများအဖြစ် PNLO မှ (၁)ဦးနှင့် တပ်မတော်မှ (၁)ဦးတို့ ပါဝင်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - JMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~