တာချီလိတ်မြို့ အေးရိပ်မြိုင်လမ်းတွင် အမျိုးသားတစ်ဦးထံက ဘိန်းဖြူ ဖမ်းဆီးရမိ

တာချီလိတ်မြို့ အေးရိပ်မြိုင်လမ်းတွင် အမျိုးသားတစ်ဦးထံက ဘိန်းဖြူ ဖမ်းဆီးရမိ
အောကျတိုဘာ 20, 2018
By Tachileik News Agency




Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ရွာ၊ အေးရိပ်မြိုင်လမ်းတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၂၀)ရက်နေ့ ညနေ(၅)နာရီခွဲအချိန်က ဘိန်းဖြူ(၂၅)ဂရမ် သယ်ဆောင်လာသူ တစ်ဦးအား ဖမ်းဆီး ရမိထားကြောင်း သိရသည်။

ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ကျေးရွာ၊ အေးရိပ်မြိုင်လမ်းတွင် ရဲတပ်ဖွဲ့နှင့်သက်သေများ ပါဝင်သည့်အဖွဲ့က မယ်ယန်းရွာဘက်သို့ ဆိုင်ကယ် မောင်းနှင်လာသည့် ကျဖူ(ခ)ကျဖအား စစ်ဆေးရာ စပွန်ဆာပုလင်း အတွင်း ထည့်ထားသည့် ဘိန်းဖြူ(၂၅)ဂရမ်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ကျဖူ(ခ)ကျဖအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၀၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~