ကယားျပည္နယ္တြင္း ဝက္ေမြးျမဴေရးလုပ္ငန္းတြင္ နယ္သာလန္ကုမၸဏီ ဝင္ေရာက္ လုပ္ကိုင္မည္

ကယားျပည္နယ္တြင္း ဝက္ေမြးျမဴေရးလုပ္ငန္းတြင္ နယ္သာလန္ကုမၸဏီ ဝင္ေရာက္ လုပ္ကိုင္မည္
အောက်တိုဘာ 29, 2018
By Tachileik News Agency

ကယားျပည္နယ္အတြင္း ဝက္ေမြးျမဴေရးလုပ္ငန္းတြင္ နယ္သာလန္ႏိုင္ငံအေျခစိုက္ De Heus Myanmar Limited က ဝင္ေရာက္ရင္းႏွီးျမဳပ္ႏွံလုပ္ကိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ေငြေတာင္ေက်းရြာအုပ္စုရွိ ေျမ (၁၀.၇၇)ဧကတြင္ လုပ္ကိုင္မည္ျဖစ္ၿပီး ပတ္ဝန္းက်င္ ထိခိုက္မႈ၊ က်န္းမာေရးထိခိုက္မႈ မရွိေစရန္ ေခတ္မီနည္းပညာမ်ားသံုးမည့္အျပင္ မီးေဘးလံုၿခံဳေရး အတြက္လည္း ေဆာင္ရြက္ထားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဝက္ေမြးျမဴေရးလုပ္ငန္းကို ကနဦးတြင္ ႏွစ္(၅၀) လုပ္ကိုင္မည္ျဖစ္ၿပီး ေနာက္ထပ္ (၂)ႀကိမ္အထိ လုပ္ကိုင္ခြင့္သက္တမ္း (၁၀)ႏွစ္စီ ထပ္တိုးႏိုင္ေၾကာင္း သိရသည္။

လုပ္ငန္းကို ျပည္တြင္းမွ ဝန္ထမ္း (၁၆) ဦး၊ ျပည္ပကၽြမ္းက်င္ပညာရွင္(၁၁)ဦးတို႔ျဖင့္ စတင္ လည္ပတ္မည္ ျဖစ္ၿပီး ျပည္တြင္းမွ ဝန္ထမ္းမ်ားျဖင့္သာ လုပ္ငန္းအား ဆက္လက္လည္ပတ္မည္ျဖစ္ေၾကာင္း သိရသည္။

လုပ္ငန္းတည္ေဆာက္သည့္ ကာလ (၁)ႏွစ္လ်ာထားၿပီး ေဒသခံေတာင္သူေတာင္သူဦးေရ (၁၀၀၀)ခန္႔ကို ဝက္ေမြးျမဴေရးသင္တန္းမ်ား ပို႔ခ်ေပးကာ ဝက္သားေပါက္မ်ား ျဖန္႔ျဖဴးျခင္း၊ ႀကိဳတင္ ကာကြယ္ေဆးထိုးေပးျခင္း၊ ဝက္စာထုတ္လုပ္ေရာင္းခ်ျခင္းတို႔ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

ေဒသတြင္း ဝက္ေမြးျမဴသူမ်ား အေနျဖင့္ သမားရိုးက်ေမြးျမဴသည့္အတုိင္း ဆန္ကြဲမ်ား၊ ေျပာင္းေစ့မ်ား၊ ထမင္းက်န္၊ ဟင္းက်န္မ်ားေကၽြးေမြး ေမြးျမဴသည့္စနစ္အတုိင္း ေမြးျမဴႏုိင္မည္ျဖစ္ကာ အားျဖည့္အစာမ်ား ျဖည့္စြက္သည့္စနစ္ကို ပံ့ပိုးလုပ္ေဆာင္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - De Heus Myanmar


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်အတွင်း ဝက်မွေးမြူရေးလုပ်ငန်းတွင် နယ်သာလန်နိုင်ငံအခြေစိုက် De Heus Myanmar Limited က ဝင်ရောက်ရင်းနှီးမြုပ်နှံလုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စုရှိ မြေ (၁၀.၇၇)ဧကတွင် လုပ်ကိုင်မည်ဖြစ်ပြီး ပတ်ဝန်းကျင် ထိခိုက်မှု၊ ကျန်းမာရေးထိခိုက်မှု မရှိစေရန် ခေတ်မီနည်းပညာများသုံးမည့်အပြင် မီးဘေးလုံခြုံရေး အတွက်လည်း ဆောင်ရွက်ထားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝက်မွေးမြူရေးလုပ်ငန်းကို ကနဦးတွင် နှစ်(၅၀) လုပ်ကိုင်မည်ဖြစ်ပြီး နောက်ထပ် (၂)ကြိမ်အထိ လုပ်ကိုင်ခွင့်သက်တမ်း (၁၀)နှစ်စီ ထပ်တိုးနိုင်ကြောင်း သိရသည်။

လုပ်ငန်းကို ပြည်တွင်းမှ ဝန်ထမ်း (၁၆) ဦး၊ ပြည်ပကျွမ်းကျင်ပညာရှင်(၁၁)ဦးတို့ဖြင့် စတင် လည်ပတ်မည် ဖြစ်ပြီး ပြည်တွင်းမှ ဝန်ထမ်းများဖြင့်သာ လုပ်ငန်းအား ဆက်လက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းတည်ဆောက်သည့် ကာလ (၁)နှစ်လျာထားပြီး ဒေသခံတောင်သူတောင်သူဦးရေ (၁၀၀၀)ခန့်ကို ဝက်မွေးမြူရေးသင်တန်းများ ပို့ချပေးကာ ဝက်သားပေါက်များ ဖြန့်ဖြူးခြင်း၊ ကြိုတင် ကာကွယ်ဆေးထိုးပေးခြင်း၊ ဝက်စာထုတ်လုပ်ရောင်းချခြင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ဒေသတွင်း ဝက်မွေးမြူသူများ အနဖြေင့် သမားရိုးကျမွေးမြူသည့်အတိုင်း ဆန်ကွဲများ၊ ပြောင်းစေ့များ၊ ထမင်းကျန်၊ ဟင်းကျန်များကျွေးမွေး မွေးမြူသည့်စနစ်အတိုင်း မွေးမြူနိုင်မည်ဖြစ်ကာ အားဖြည့်အစာများ ဖြည့်စွက်သည့်စနစ်ကို ပံ့ပိုးလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - De Heus Myanmar

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~