ျပည္သူ႔က်န္းမာေရးအက်ိဳးျပဳ Mobile Tablet မ်ားကို ကယားျပည္နယ္တြင္ စတင္ျဖန္႔ေဝ

ျပည္သူ႔က်န္းမာေရးအက်ိဳးျပဳ Mobile Tablet မ်ားကို ကယားျပည္နယ္တြင္ စတင္ျဖန္႔ေဝ
အောက်တိုဘာ 21, 2018
By Tachileik News Agency
က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ က်န္းမာေရး အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ အေထာက္ အကူျပဳ Mobile Tablet မ်ားကို က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနက ကယားျပည္နယ္တြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၁)ရက္ေန႔၌ စတင္ျဖန္႔ေဝေပးလုိက္ေၾကာင္း သိရသည္။

အဆိုပါ Mobile Tablet မ်ားတြင္ အေျခခံ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ သက္ဆုိင္သည့္ စာအုပ္၊ စာတမ္းေပါင္း (၁၂၀)ေက်ာ္ ထည့္သြင္းထားၿပီး ဆရာဝန္မ်ား အတြက္ စာအုပ္၊စာတမ္းေပါင္း (၄၀၀)ေက်ာ္ ထည့္သြင္း ထားျခင္းျဖစ္ကာ တစ္နုိင္ငံလံုးရိွ က်န္းမာေရးဝန္ထမ္းမ်ားအျပင္ ၿမိဳ႕ႏွင့္ တုိက္နယ္ ဆရာဝန္မ်ားကိုလည္း ျဖန္႔ေဝေပးသြားမည္ျဖစ္ကာ ကယားျပည္နယ္တြင္ စတင္ျဖန္႔ေဝ လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္တြင္းရိွ တုိက္နယ္ဆရာဝန္မ်ား၊ ၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴးမ်ားႏွင့္ အေျခခံ က်န္းမာေရးဝန္ထမ္းမ်ား အတြက္ စုစုေပါင္း Mobile Tablet (၄၉၃)လုံးကို ျပည္ေထာင္စု၀န္ၾကီး ေဒါက္တာျမင့္ေထြးႏွင့္ တာ၀န္ရိွသူမ်ားကေပးအပ္ခဲ့ၿပီး ျပည္နယ္သူနာျပဳႏွင့္ သားဖြားသင္တန္းေက်ာင္း အတြက္ လုိအပ္သည့္ ပရိေဘာဂမ်ား၀ယ္ယူႏုိင္ရန္ ေငြက်ပ္ (၁၅၀)သိန္းကိုလည္း ေပးအပ္ခဲ့ေၾကာင္း သိရသည္။

လြိဳင္ေကာ္ၿမိဳ႕တြင္ က်င္းပသည့္ အခမ္းအနားသို႔ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြး၊ ကယားျပည္နယ္အစိုးရအဖြဲ႕ ၀န္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရိႈႏွင့္ သက္ဆိုင္ရာဌာနတာဝန္ရိွသူမ်ား တက္ေရာက္ၾကၿပီး စစ္ကုိင္းတုိင္းေဒသႀကီး က်န္းမာေရး သံတမန္ မာရီကုိးလ္ႏွင့္ ရန္ကုန္တုိင္းေဒသႀကီး က်န္းမာေရးသံတမန္ ေဒါက္တာ ညီညီထြန္းတုိ႔က ျပည္သူ႔က်န္းမာေရး အက်ဳိးျပဳ Mobile Tablet ကို သရုပ္ျပမိတ္ဆက္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓါတ္ပံု - ကယားျပည္နယ္အစိုးရ




~~~~~~~~⊰❂ unicode ~~~~~~~~


ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက် အကူပြု Mobile Tablet များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကယားပြည်နယ်တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့၌ စတင်ဖြန့်ဝေပေးလိုက်ကြောင်း သိရသည်။

အဆိုပါ Mobile Tablet များတွင် အခြေခံ ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်သည့် စာအုပ်၊ စာတမ်းပေါင်း (၁၂၀)ကျော် ထည့်သွင်းထားပြီး ဆရာဝန်များ အတွက် စာအုပ်၊စာတမ်းပေါင်း (၄၀၀)ကျော် ထည့်သွင်း ထားခြင်းဖြစ်ကာ တစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများအပြင် မြို့နှင့် တိုက်နယ် ဆရာဝန်များကိုလည်း ဖြန့်ဝေပေးသွားမည်ဖြစ်ကာ ကယားပြည်နယ်တွင် စတင်ဖြန့်ဝေ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်တွင်းရှိ တိုက်နယ်ဆရာဝန်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် အခြေခံ ကျန်းမာရေးဝန်ထမ်းများ အတွက် စုစုပေါင်း Mobile Tablet (၄၉၃)လုံးကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိသူများကပေးအပ်ခဲ့ပြီး ပြည်နယ်သူနာပြုနှင့် သားဖွားသင်တန်းကျောင်း အတွက် လိုအပ်သည့် ပရိဘောဂများဝယ်ယူနိုင်ရန် ငွေကျပ် (၁၅၀)သိန်းကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့တွင် ကျင်းပသည့် အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများ တက်ရောက်ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး ကျန်းမာရေး သံတမန် မာရီကိုးလ်နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးသံတမန် ဒေါက်တာ ညီညီထွန်းတို့က ပြည်သူ့ကျန်းမာရေး အကျိုးပြု Mobile Tablet ကို သရုပ်ပြမိတ်ဆက်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - ကယားပြည်နယ်အစိုးရ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~