လားရိႈးႏွင့္ ေရပူရြာၾကား ျပည္ေထာင္စုလမ္းတြင္ ေရွာင္တခင္စစ္ေဆးမႈအတြင္း တတိယေျမာက္ ဖမ္းဆီးရမိမႈအျဖစ္ ေက်ာက္စိမ္းသယ္လာသည့္ယာဥ္ကို ဖမ္းမိ

လားရိႈးႏွင့္ ေရပူရြာၾကား ျပည္ေထာင္စုလမ္းတြင္ ေရွာင္တခင္စစ္ေဆးမႈအတြင္း တတိယေျမာက္ ဖမ္းဆီးရမိမႈအျဖစ္ ေက်ာက္စိမ္းသယ္လာသည့္ယာဥ္ကို ဖမ္းမိ
အောက်တိုဘာ 13, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ႏွင့္ ေရပူေက်းရြာအၾကား ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၃)ရက္ေန႔ နံနက္ပိုင္းမွစ၍ ေရွာင္တခင္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ရာ တရားမဝင္ သစ္တင္လာသည့္ ေမာ္ေတာ္ယာဥ္မ်ိဳးစံု (၁၁)စီးကို ဖမ္းမိၿပီးေနာက္  ေက်ာက္စိမ္းမ်ားဝွက္၍ သယ္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးကို ထပ္မံဖမ္းဆီးရမိေၾကာင္း သိရသည္။

သိန္းနီၿမိဳ႕နယ္ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းမွ အေကာက္ခြန္အဖြဲ႕ႏွင့္ ျပည္သူ႔စစ္အဖြဲ႕တုိ႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ျပည္ေထာင္စု လမ္းမႀကီးတေလွ်ာက္ ေရွာင္တခင္စစ္ေဆးမႈမ်ားေဆာင္ရြက္ရာ ညေန (၃)နာရီအခ်ိန္တြင္ စံေလာင္းေက်းရြာအတြင္း လမ္းသြယ္ (၁၉၇)မုိင္ (၅)ဖာလံုခန္႔တြင္ လင့္ခရူဆာတစ္စီး ရပ္ထားသည္ကို ေတြ႔ရသျဖင့္ သြားေရာက္စစ္ေဆးစဥ္ ယာဥ္ေမာင္းထြက္ေျပးသြားေၾကာင္း သိရသည္။

5H/3218 နံပါတ္တပ္ထားသည့္ အဆိုပါယာဥ္၏ ေအာက္ၾကမ္းခင္းတြင္ ေက်ာက္စိမ္းတုံုး၊ အပိုင္း အစမ်ားႏွင့္ ျဖတ္စမ်ား ဝွက္၍ ထည့္သြင္းထားသည္ကို စစ္ေဆးေတြ႔ရေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕သည္ ေရွာင္တခင္ စစ္ေဆးမႈအတြင္း နံနက္ပိုင္းကလည္း လမ္းေဘး ကြင္းျပင္တြင္ ရပ္ထားသည့္ တရားမဝင္ သစ္တင္ထားသည့္ ကား(၁၁)စီးကို မုိင္းလီႏွင့္ ေကာင္းဆာေက်းရြာမ်ားအနီး၌ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ဖမ္းဆီးရမိထားသည့္ ေမာ္ေတာ္ယာဥ္မ်ားအား သက္ဆုိင္ရာဌာနမ်ားက စိစစ္ေနၿပီး အမႈဖြင့္ အေရးယူနုိင္ေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

အဆိုပါ ျပည္ေထာင္စုလမ္းမမွာ မႏၱေလး - မူဆယ္ဆက္သြယ္ထားၿပီး တရုတ္ႏုိင္ငံနယ္စပ္ ကုန္သြယ္ေရး အတြက္ အသံုးျပဳေနသည့္လမ္းမႀကီးျဖစ္သည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - အေကာက္ခြန္လႈပ္ရွားစစ္ေဆးေရးအဖြဲ႔



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နှင့် ရေပူကျေးရွာအကြား ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းမှစ၍ ရှောင်တခင် စစ်ဆေးမှုများ လုပ်ဆောင်ရာ တရားမဝင် သစ်တင်လာသည့် မော်တော်ယာဉ်မျိုးစုံ (၁၁)စီးကို ဖမ်းမိပြီးနောက် ကျောက်စိမ်းများဝှက်၍ သယ်လာသည့် မော်တော်ယာဉ်တစ်စီးကို ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

သိန်းနီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ အကောက်ခွန်အဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပြည်ထောင်စု လမ်းမကြီးတလျှောက် ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်ရာ ညနေ (၃)နာရီအချိန်တွင် စံလောင်းကျေးရွာအတွင်း လမ်းသွယ် (၁၉၇)မိုင် (၅)ဖာလုံခန့်တွင် လင့်ခရူဆာတစ်စီး ရပ်ထားသည်ကို တွေ့ရသဖြင့် သွားရောက်စစ်ဆေးစဉ် ယာဉ်မောင်းထွက်ပြေးသွားကြောင်း သိရသည်။

5H/3218 နံပါတ်တပ်ထားသည့် အဆိုပါယာဉ်၏ အောက်ကြမ်းခင်းတွင် ကျောက်စိမ်းတုံး၊ အပိုင်း အစများနှင့် ဖြတ်စများ ဝှက်၍ ထည့်သွင်းထားသည်ကို စစ်ဆေးတွေ့ရကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ရှောင်တခင် စစ်ဆေးမှုအတွင်း နံနက်ပိုင်းကလည်း လမ်းဘေး ကွင်းပြင်တွင် ရပ်ထားသည့် တရားမဝင် သစ်တင်ထားသည့် ကား(၁၁)စီးကို မိုင်းလီနှင့် ကောင်းဆာကျေးရွာများအနီး၌ ဖမ်းဆီးရမိထားကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် မော်တော်ယာဉ်များအား သက်ဆိုင်ရာဌာနများက စိစစ်နပြေီး အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ပြည်ထောင်စုလမ်းမမှာ မန္တလေး - မူဆယ်ဆက်သွယ်ထားပြီး တရုတ်နိုင်ငံနယ်စပ် ကုန်သွယ်ရေး အတွက် အသုံးပြုနေသည့်လမ်းမကြီးဖြစ်သည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - အကောက်ခွန်လှုပ်ရှားစစ်ဆေးရေးအဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~