ေတာင္သူ (၆၂)ဦးကို ေျမယာေလ်ာ္ေၾကးေပးၿပီးပါက ေနာင္ခ်ိဳၿမိဳ႕ေရွာင္လမ္းႏွင့္ ဂုတ္တြင္းတံတားသစ္ စီမံကိန္းမ်ား စတင္ႏုိင္မည္

ေတာင္သူ (၆၂)ဦးကို ေျမယာေလ်ာ္ေၾကးေပးၿပီးပါက ေနာင္ခ်ိဳၿမိဳ႕ေရွာင္လမ္းႏွင့္ ဂုတ္တြင္းတံတားသစ္ စီမံကိန္းမ်ား စတင္ႏုိင္မည္
အောက်တိုဘာ 3, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ဳိၿမိဳ႕ေရွာင္လမ္းႏွင့္ ဂုတ္တြင္းတံတားသစ္စီမံကိန္းအတြက္ ေျမယာသိမ္းဆည္း ခံထားရသည့္ ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕မွ ေတာင္သူ (၆၂) ဦးကို ေနာက္ဆံုးသုတ္ အျဖစ္ ေျမယာေလ်ာ္ေၾကးေပးေဆာင္ၿပီးပါက စီမံကိန္းမ်ားကို စတင္ႏုိင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

“စီမံကိန္းနဲ႔ ပတ္သက္ၿပီးေတာ့ ေအာက္တိုဘာလ (၂) ရက္ေန႔က လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ အစိုးရ အဖြဲ႔ေတြ၊ လမ္းဦးစီးဌာနက တာဝန္ရွိသူေတြ လာၿပီးစစ္ေဆးပါတယ္။ ေနာက္ဆံုး အႀကိမ္အျဖစ္ ေျမယာေလ်ာ္ေၾကးေပးရမယ့္ ေတာင္သူေတြအတြက္ ဘယ္လိုစီမံလုပ္ေဆာင္သြားမယ္ဆိုတာကို အစည္းအေဝး တစ္ရပ္ လုပ္မယ္လို႔ သိရတယ္။ အဲဒါၿပီးရင္ေတာ့ စီမံကိန္းကို စတင္ေတာ့မွာျဖစ္ပါတယ္။ ရက္အတိအက်ေတာ့ ေျပာလို႔မရေသးဘူး” ဟု ေနာင္ခ်ဳိၿမိဳ႕ေရွာင္လမ္းႏွင့္ ဂုတ္တြင္းတံတားသစ္ စီမံကိန္းအတြက္ တာဝန္ယူလုပ္ေဆာင္ေနသည့္ Oriental Highway Co.ltd မွ စီမံကိန္း မန္ေနဂ်ာ ဦးသက္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေနာင္ခ်ိဳၿမိဳ႕ေရွာင္လမ္းႏွင့္ ဂုတ္တြင္းတံတားသစ္စီမံကိန္း ဧရိယာအတြင္း  ေနာင္ခ်ိဳၿမိဳ႕ မွ ေတာင္သူ (၅၁)ဦးႏွင့္ ေက်ာက္မဲၿမိဳ႕မွ ေတာင္သူ (၁၁)ဦး တို႔ကို ေတာင္ယာေျမမ်ားပါဝင္ေနသျဖင့္ ေျမယာ ေလ်ာ္ေၾကးေပးရန္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေနာင္ခ်ိဳၿမိဳ႕ေရွာင္လမ္းႏွင့္ ဂုတ္တြင္းတံတားသစ္စီမံကိန္းဧရိယာအတြင္း ပါဝင္ေနသည့္ ေနာင္ခ်ိဳၿမိဳ႕နယ္ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ စိုက္ပိ်ဳးေျမဧက (၄၉၉.၇၇) ဧကအတြက္ ေျမယာေလ်ာ္ေၾကး အျဖစ္ တစ္ဧကလ်ွင္ ေငြက်ပ္သိန္း (၁၀၀)ႏွင့္ (၃) ႏွစ္စာအတြက္ သီးႏွံေလ်ာ္ေၾကး က်ပ္ (၈) သိန္းစီ ေပးအပ္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္(၇၂/၅) မွ ေက်ာက္မဲၿမိဳ႕နယ္ရွိ မိုင္တိုင္အမွတ္ (၉၂/၅ ) သို႔ ဆက္သြယ္မည့္ အဆိုပါေခ်ာက္ကမ္းပါးကူး သံမဏိႀကိဳးဆိုင္းတံတားသည္ တံတားအရွည္ မီတာ (၈၇၀) ရွိမည္ျဖစ္ၿပီး လမ္းႏွင့္ တံတားအရွည္စုစုေပါင္း (၂၁.၀၆ ) ကီလိုမီတာရွည္လ်ားမည္ျဖစ္ၿပီး ပ်မ္းမွ်မိုင္အားျဖင့္ (၁၂)မိုင္ေက်ာ္ခန္႔ရွည္လ်ားမည္ျဖစ္ကာ တံတားခံႏိုင္ဝန္အား အနည္းဆံုး တန္ခ်ိန္(၁၀၀) ရွိရန္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း တံတား တည္ေဆာက္ မည့္ Oriental Highway Co.ltd ထံမွ သိရသည္။

သတင္း  - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ်စီမံကိန်းအတွက် မြေယာသိမ်းဆည်း ခံထားရသည့် နောင်ချိုမြို့နှင့် ကျောက်မဲမြို့မှ တောင်သူ (၆၂) ဦးကို နောက်ဆုံးသုတ် အဖြစ် မြေယာလျော်ကြေးပေးဆောင်ပြီးပါက စီမံကိန်းများကို စတင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

“စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အောက်တိုဘာလ (၂) ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရ အဖွဲ့တွေ၊ လမ်းဦးစီးဌာနက တာဝန်ရှိသူတွေ လာပြီးစစ်ဆေးပါတယ်။ နောက်ဆုံး အကြိမ်အဖြစ် မြေယာလျော်ကြေးပေးရမယ့် တောင်သူတွေအတွက် ဘယ်လိုစီမံလုပ်ဆောင်သွားမယ်ဆိုတာကို အစည်းအဝေး တစ်ရပ် လုပ်မယ်လို့ သိရတယ်။ အဲဒါပြီးရင်တော့ စီမံကိန်းကို စတင်တော့မှာဖြစ်ပါတယ်။ ရက်အတိအကျတော့ ပြောလို့မရသေးဘူး” ဟု နောင်ချိုမြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ် စီမံကိန်းအတွက် တာဝန်ယူလုပ်ဆောင်နေသည့် Oriental Highway Co.ltd မှ စီမံကိန်း မန်နေဂျာ ဦးသက်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နောင်ချိုမြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ်စီမံကိန်း ဧရိယာအတွင်း နောင်ချိုမြို့ မှ တောင်သူ (၅၁)ဦးနှင့် ကျောက်မဲမြို့မှ တောင်သူ (၁၁)ဦး တို့ကို တောင်ယာမြေများပါဝင်နေသဖြင့် မြေယာ လျော်ကြေးပေးရန် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတားသစ်စီမံကိန်းဧရိယာအတွင်း ပါဝင်နေသည့် နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေဧက (၄၉၉.၇၇) ဧကအတွက် မြေယာလျော်ကြေး အဖြစ် တစ်ဧကလျှင် ငွေကျပ်သိန်း (၁၀၀)နှင့် (၃) နှစ်စာအတွက် သီးနှံလျော်ကြေး ကျပ် (၈) သိန်းစီ ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၇၂/၅) မှ ကျောက်မဲမြို့နယ်ရှိ မိုင်တိုင်အမှတ် (၉၂/၅ ) သို့ ဆက်သွယ်မည့် အဆိုပါချောက်ကမ်းပါးကူး သံမဏိကြိုးဆိုင်းတံတားသည် တံတားအရှည် မီတာ (၈၇၀) ရှိမည်ဖြစ်ပြီး လမ်းနှင့် တံတားအရှည်စုစုပေါင်း (၂၁.ဝ၆ ) ကီလိုမီတာရှည်လျားမည်ဖြစ်ပြီး ပျမ်းမျှမိုင်အားဖြင့် (၁၂)မိုင်ကျော်ခန့်ရှည်လျားမည်ဖြစ်ကာ တံတားခံနိုင်ဝန်အား အနည်းဆုံး တန်ချိန်(၁၀၀) ရှိရန် တည်ဆောက်သွားမည်ဖြစ်ကြောင်း တံတား တည်ဆောက် မည့် Oriental Highway Co.ltd ထံမှ သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~