Update News

တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းဂိတ္တြင္ အမ်ိဳးသားတစ္ဦးထံမွ ဂက္စ္ေသနတ္၊က်ည္ႏွင့္ စိတ္ၾကြေဆးျပားမ်ား ဖမ္းမိ


ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာအုပ္စု၊ မယ္ယန္းျပည္သူ႔စစ္ စခန္းေရွ႕တြင္ ပိတ္ဆုိ႔ ရွာေဖြစစ္ေဆးစဥ္ ေကာ့မကိန္ရြာဘက္မွ မယ္ယန္းရြာဘက္သုိ႔ ဆိုင္ကယ္ေမာင္းႏွင္လာသူထံက ဂက္စ္ေသနတ္တစ္လက္၊ က်ည္(၆)ေတာင့္ႏွင့္ စိတ္ၾကြေဆးျပားတို႔ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ပူးေပါင္းစစ္ေဆးေရးအဖြဲ႕က မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ စစ္ေဆးေနစဥ္ ၂၀၁၈ ခုႏွစ္၊ ေအာက္တုိဘာလ (၅) ရက္ေန႔ ည (၆)နာရီခြဲဝန္းက်င္၌ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အုိက္ေဆာင္အား ရွာေဖြရာ လြယ္အိတ္အတြင္းမွ ေျခာက္လံုးျပဴးပံု ဂတ္စ္ေသနတ္(၁) လက္ႏွင့္ Win Gun 700 စာတန္းပါ က်ည္ (၆) ေတာင့္အားလည္းေကာင္း၊ WY လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား (၂၀) ျပားကိုလည္းေကာင္း သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အုိက္ေဆာင္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၈၇/ ၂၀၁၈၊ မူးယစ္ေဆးဝါး ႏွင့္စိတ္ကုိ ေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆုိင္ရာဥပေဒပုဒ္မ ၁၆(ဂ) အရ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းပြည်သူ့စစ် စခန်းရှေ့တွင် ပိတ်ဆို့ ရှာဖွေစစ်ဆေးစဉ် ကော့မကိန်ရွာဘက်မှ မယ်ယန်းရွာဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသူထံက ဂက်စ်သေနတ်တစ်လက်၊ ကျည်(၆)တောင့်နှင့် စိတ်ကြွဆေးပြားတို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။

ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးနေစဉ် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့ ည (၆)နာရီခွဲဝန်းကျင်၌ ဆိုင်ကယ်မောင်းနှင်လာသည့် အိုက်ဆောင်အား ရှာဖွေရာ လွယ်အိတ်အတွင်းမှ ခြောက်လုံးပြူးပုံ ဂတ်စ်သေနတ်(၁) လက်နှင့် Win Gun 700 စာတန်းပါ ကျည် (၆) တောင့်အားလည်းကောင်း၊ WY လိမ္မော်ရောင် စိတ်ကြွဆေးပြား (၂၀) ပြားကိုလည်းကောင်း သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

အိုက်ဆောင်အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၈၇/ ၂၀၁၈၊ မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆(ဂ) အရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::