တာခ်ီလိတ္ၿမိဳ႕ရွိ ရပ္ကြက္မ်ားအတြင္း ေလာင္းကစားဂိမ္းခံုမ်ား ဖြင့္လွစ္ထားျခင္း ျပဳလုပ္ပါက ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ား အေနျဖင့္ လာေရာက္ အေၾကာင္းၾကားရန္ ေထြ/အုပ္မွ ေခၚယူ အသိေပးထား

တာခ်ီလိတ္ၿမိဳ႕ရွိ ရပ္ကြက္မ်ားအတြင္း ေလာင္းကစားဂိမ္းခံုမ်ား ဖြင့္လွစ္ထားျခင္း ျပဳလုပ္ပါက ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ား အေနျဖင့္ လာေရာက္ အေၾကာင္းၾကားရန္ ေထြ/အုပ္မွ ေခၚယူ အသိေပးထား
အောက်တိုဘာ 10, 2018
By Tachileik News Agency
ျမန္မာ - ထုိင္းနယ္စပ္ေဒသ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ရပ္ကြက္တြင္း ေလာင္းကစား ဂိမ္းခံုမ်ား ဖြင့္လွစ္ျခင္း မရိွေစရန္ႏွင့္ ဖြင့္လွစ္ထားပါက သက္ဆိုင္ရာသို႔ အေၾကာင္းၾကားရန္ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးမ်ားကို ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ေခၚယူေတြ႔ဆံုမွာၾကားထားေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၆)ရက္ေန႔ ညပိုင္းက က်င္းပသည့္ မယ္ေခါင္ရပ္ကြက္လူထုႏွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာမ်ား ေတြ႔ဆံုေဆြးေႏြးပြဲတြင္ တာခ်ီလိတ္ၿမဳိ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန ဒုၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က ေလာင္းကစားဂိမ္းခံုမ်ား ပိတ္သိမ္းေပးေရး လူထု တင္ျပခ်က္ႏွင့္ ပတ္သက္၍ ျပန္လည္ရွင္းလင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

 “ဒီကိစၥက အဓိက ကေတာ့ အုပ္ခ်ဳပ္ေရးနဲ႔ ဆုိင္သလို ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕နဲ႔လည္း သက္ဆုိင္ပါတယ္။ အခုဒီ ဂိမ္းဆုိင္ေတြနဲ႔ ပတ္သက္လုိ႔ မယ္ေခါင္ရပ္ကြက္က ျပည္သူေတြ တုိင္တဲ့စာနဲ႔ပတ္သက္ၿပီးေတာ့ ကၽြန္ေတာ္တုိ႔ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကေန သက္ဆုိင္ရာ စီ/ခန္႔ေကာ္မတီ(စီမံခန္႔ခြဲမႈ ေကာ္မတီ) ထိုင္တယ္။ သက္ဆုိင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြကို ေခၚၿပီးေတာ့ မွာၾကားၿပီးလည္း ျဖစ္ပါတယ္”ဟု တာခ်ီလိတ္ၿမဳိ႕ ဒုတိယၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က ရွင္းလင္းေျပာၾကားသည္။

ေလာင္းကစားခံုမ်ား ပိတ္သိမ္းေရးအတြက္ မယ္ေခါင္ရပ္ကြက္ေန အိမ္ေထာင္စု (၂၅၅) စုမွ လက္မွတ္ ေရးထုိးၿပီး ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ (၁၀) ရက္ေန႔က ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ တင္ျပခဲ့ၿပီးေနာက္ အဆိုပါ ကိစၥႏွင့္ပတ္သက္၍ သက္ဆုိင္ရာမွ ေဆာင္ရြက္ေပးရန္ မယ္ေခါင္ရပ္ကြက္မွ ေဒသခံ(၂)ဦးက လူထုေတြ႔ဆံုပြဲတြင္ ထပ္မံတင္ျပခဲ့သည္ကို ေတြ႔ရသည္။

“လြန္ခဲ့တဲ့ သံုးေလးႏွစ္ကတည္းက အိမ္ေရွ႕မွာတင္ ဖြင့္ထားတဲ့ ဂိမ္းခံုဆိုင္ေတြေၾကာင့္ ေန႔စဥ္နဲ႔အမွ် ႀကံဳေတြ႕ခံစားေနရတဲ့ အခက္အခဲေတြ ျမင္ေနရပါတယ္။ ဂိမ္းခံုအျပင္ အဲဒီမွာ မူယစ္ေဆးဝါးပါ ေရာင္းခ်ေနတာ ျမင္ေတြ႔ေနရပါတယ္။ အဲဒီမွာ လူငယ္ေလးေတြ မူးယစ္ၿပီး ကစားၾကတယ္။ တစ္ခါတစ္ေလမွာ တုတ္ဓါးေတြနဲ႔ လမ္းေပၚထိတက္ ရမ္းကားၾကတယ္။ ကၽြန္ေတာ့္အိမ္ကိုလည္း သူခိုးဝင္ ခိုးခံရဖူးပါတယ္။ အဲဒါကို ဘယ္သူ႔ တုိင္ရမလဲဆိုေတာ့ ရမ္းကားေနတဲ့ ကေလးေတြ ကိုယ္တုိင္က ျပန္ၿပီး စိန္ေခၚပါတယ္။ တိုင္ခ်င္ရာတုိင္လို႔ ေျပာပါတယ္။ ကၽြန္ေတာ္ေျပာတာ မယံုဘူးဆိုရင္ ခ်က္ခ်င္းလက္ငင္း လုိက္ျပ ႏုိင္ပါတယ္။ အဲဒီကိစၥကို လူႀကီးမင္းမ်ားအေနနဲ႔ ဘယ္လိုကူညီ ေျဖရွင္းေပးႏုိင္မလဲ “ဟု လူထုေတြ႔ဆံုပြဲတြင္ ဦးစိုင္းေသာင္းက တင္ျပခဲ့ျခင္းျဖစ္သည္။

မယ္ေခါင္ရပ္ကြက္ အတြင္းရိွ အမ်ိဳးသမီးတစ္ဦးကလည္း ၎၏ သားျဖစ္သူမွာ ရပ္ကြက္တြင္း ေလာင္းကစား ဂိမ္းခံု၌ ညအိပ္ေနထုိင္ကာ မူးယစ္ေဆးသံုးစြဲေနၿပီး အိမ္သို႔ ေငြေတာင္းရန္သာ ျပန္လာေလ့ ရိွသျဖင့္ မိသားစုတြင္ ေငြေၾကးဆံုးရံႈးသည့္ အျပင္ သားျဖစ္သူက မိသားစုထံမွ ေငြေၾကးေတာင္းမရခ်ိန္တြင္ ရန္ရွာျခင္းမ်ားကိုပါ ႀကံဳေတြ႕ေနရသျဖင့္ လူငယ္မ်ားအနာဂတ္အတြက္စဥ္းစားၿပီး သက္ဆုိင္ရာမွ ကူညီေဆာင္ရြက္ ေပးေစလိုပါသည္ဟု တင္ျပခဲ့သည္ကို ေတြ႔ရသည္။

“အခုလို တင္ျပေပးတာကို ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ကို အေၾကာင္းၾကားၿပီးေတာ့ အျမန္ဆံုး ဆက္လက္ အေကာင္အထည္ ေဖၚေပးပါမယ္လို႔ ေျဖၾကားလိုပါတယ္။  ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ဟာ ဆုိရင္ ဖမ္းဆီးေရးအဖြဲ႕ ကၽြန္ေတာ္တုိ႔ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကေတာ့ Behind Conscept ေဆာင္ရြက္ပါတယ္”ဟု ဒုတိယၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က လူထုအား ရွင္းလင္းခဲ့သည္။

မယ္ေခါင္ရပ္ကြက္ အတြင္း အိမ္ေထာင္စုေပါင္း(၅၀၀)နီးပါး ေနထုိင္ၾကသည့္အနက္ အိမ္ေထာင္စု တစ္ခုစီ ကိုယ္စားျပဳသည့္ လူဦးေရ (၂၅၅)ဦးက လက္မွတ္ထိုးၿပီး ရပ္ကြက္အတြင္းရိွ ေလာင္းကစားဂိမ္းခံုမ်ားအား ပိတ္သိမ္းေပးရန္ ေတာင္းဆိုခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

လူထုေတြ႕ဆံုပြဲသို႔ မယ္ေခါင္ရပ္ကြက္မွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းအြတ္၊ ဆယ္အိမ္မွဴးမ်ားႏွင့္ ေဒသခံ (၃၀၀)ဝန္းက်င္၊ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလုံစံခတ္၊  ျပည္သူ႔လႊတ္ေတာ္ကို္ယ္စားလွယ္ ဦးေဌးဝင္း၊ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ တာခ်ီလိတ္ၿမဳိ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန ဒုတိယၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္၊ ၿမိဳ႕နယ္စည္ပင္ သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးစိုင္းေအာင္လင္း၊ ၿမိဳ႕နယ္ေျမစာရင္းဦးစီးမွဴး ဦးညီညီ၊ ၿမိဳ႕နယ္လူဝင္မႈ ႀကီးၾကပ္ေရးဦးစီးဌာနတို႔မွ တာဝန္ရိွသူမ်ား တက္ေရာက္ခဲ့ၾကျခင္းျဖစ္သည္။

Tachileik News Agency








~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ရပ်ကွက်တွင်း လောင်းကစား ဂိမ်းခုံများ ဖွင့်လှစ်ခြင်း မရှိစေရန်နှင့် ဖွင့်လှစ်ထားပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခေါ်ယူတွေ့ဆုံမှာကြားထားကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့ ညပိုင်းက ကျင်းပသည့် မယ်ခေါင်ရပ်ကွက်လူထုနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲတွင် တာချီလိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က လောင်းကစားဂိမ်းခုံများ ပိတ်သိမ်းပေးရေး လူထု တင်ပြချက်နှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 “ဒီကိစ္စက အဓိက ကတော့ အုပ်ချုပ်ရေးနဲ့ ဆိုင်သလို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့လည်း သက်ဆိုင်ပါတယ်။ အခုဒီ ဂိမ်းဆိုင်တွေနဲ့ ပတ်သက်လို့ မယ်ခေါင်ရပ်ကွက်က ပြည်သူတွေ တိုင်တဲ့စာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သက်ဆိုင်ရာ စီ/ခန့်ကော်မတီ(စီမံခန့်ခွဲမှု ကော်မတီ) ထိုင်တယ်။ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီးတော့ မှာကြားပြီးလည်း ဖြစ်ပါတယ်”ဟု တာချီလိတ်မြို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ရှင်းလင်းပြောကြားသည်။

လောင်းကစားခုံများ ပိတ်သိမ်းရေးအတွက် မယ်ခေါင်ရပ်ကွက်နေ အိမ်ထောင်စု (၂၅၅) စုမှ လက်မှတ် ရေးထိုးပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၀) ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြခဲ့ပြီးနောက် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ဆောင်ရွက်ပေးရန် မယ်ခေါင်ရပ်ကွက်မှ ဒေသခံ(၂)ဦးက လူထုတွေ့ဆုံပွဲတွင် ထပ်မံတင်ပြခဲ့သည်ကို တွေ့ရသည်။

“လွန်ခဲ့တဲ့ သုံးလေးနှစ်ကတည်းက အိမ်ရှေ့မှာတင် ဖွင့်ထားတဲ့ ဂိမ်းခုံဆိုင်တွေကြောင့် နေ့စဉ်နဲ့အမျှ ကြုံတွေ့ခံစားနေရတဲ့ အခက်အခဲတွေ မြင်နေရပါတယ်။ ဂိမ်းခုံအပြင် အဲဒီမှာ မူယစ်ဆေးဝါးပါ ရောင်းချနေတာ မြင်တွေ့နေရပါတယ်။ အဲဒီမှာ လူငယ်လေးတွေ မူးယစ်ပြီး ကစားကြတယ်။ တစ်ခါတစ်လေမှာ တုတ်ဓားတွေနဲ့ လမ်းပေါ်ထိတက် ရမ်းကားကြတယ်။ ကျွန်တော့်အိမ်ကိုလည်း သူခိုးဝင် ခိုးခံရဖူးပါတယ်။ အဲဒါကို ဘယ်သူ့ တိုင်ရမလဲဆိုတော့ ရမ်းကားနေတဲ့ ကလေးတွေ ကိုယ်တိုင်က ပြန်ပြီး စိန်ခေါ်ပါတယ်။ တိုင်ချင်ရာတိုင်လို့ ပြောပါတယ်။ ကျွန်တော်ပြောတာ မယုံဘူးဆိုရင် ချက်ချင်းလက်ငင်း လိုက်ပြ နိုင်ပါတယ်။ အဲဒီကိစ္စကို လူကြီးမင်းများအနေနဲ့ ဘယ်လိုကူညီ ဖြေရှင်းပေးနိုင်မလဲ “ဟု လူထုတွေ့ဆုံပွဲတွင် ဦးစိုင်းသောင်းက တင်ပြခဲ့ခြင်းဖြစ်သည်။

မယ်ခေါင်ရပ်ကွက် အတွင်းရှိ အမျိုးသမီးတစ်ဦးကလည်း၎င်း၏ သားဖြစ်သူမှာ ရပ်ကွက်တွင်း လောင်းကစား ဂိမ်းခုံ၌ ညအိပ်နေထိုင်ကာ မူးယစ်ဆေးသုံးစွဲနပြေီး အိမ်သို့ ငွေတောင်းရန်သာ ပြန်လာလေ့ ရှိသဖြင့် မိသားစုတွင် ငွေကြေးဆုံးရှုံးသည့် အပြင် သားဖြစ်သူက မိသားစုထံမှ ငွေကြေးတောင်းမရချိန်တွင် ရန်ရှာခြင်းများကိုပါ ကြုံတွေ့နေရသဖြင့် လူငယ်များအနာဂတ်အတွက်စဉ်းစားပြီး သက်ဆိုင်ရာမှ ကူညီဆောင်ရွက် ပေးစေလိုပါသည်ဟု တင်ပြခဲ့သည်ကို တွေ့ရသည်။

“အခုလို တင်ပြပေးတာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အကြောင်းကြားပြီးတော့ အမြန်ဆုံး ဆက်လက် အကောင်အထည် ဖော်ပေးပါမယ်လို့ ဖြကြေားလိုပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ဆိုရင် ဖမ်းဆီးရေးအဖွဲ့ ကျွန်တော်တို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတော့ Behind Conscept ဆောင်ရွက်ပါတယ်”ဟု ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က လူထုအား ရှင်းလင်းခဲ့သည်။

မယ်ခေါင်ရပ်ကွက် အတွင်း အိမ်ထောင်စုပေါင်း(၅၀၀)နီးပါး နေထိုင်ကြသည့်အနက် အိမ်ထောင်စု တစ်ခုစီ ကိုယ်စားပြုသည့် လူဦးရေ (၂၅၅)ဦးက လက်မှတ်ထိုးပြီး ရပ်ကွက်အတွင်းရှိ လောင်းကစားဂိမ်းခုံများအား ပိတ်သိမ်းပေးရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

လူထုတွေ့ဆုံပွဲသို့ မယ်ခေါင်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းအွတ်၊ ဆယ်အိမ်မှူးများနှင့် ဒေသခံ (၃၀၀)ဝန်းကျင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်သူ့လွှတ်တော်ကို်ယ်စားလှယ် ဦးဌေးဝင်း၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်စည်ပင် သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်း၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးညီညီ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~