Writen by
Web Admin
10:06:00 AM
-
0
Comments
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ(၆)ရက္ေန႔ ည(၁၁)နာရီခြဲဝန္းက်င္က ပိတ္ဆို႔ရွာေဖြမႈအတြင္း တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ ဝင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီး၌ အမ်ိဳးသား(၂)ဦးကို ပစၥတိုတစ္လက္၊ က်ည္(၇)ေတာင့္တို႔ႏွင့္အတူ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။ေဟာင္လိတ္ရဲကင္းစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ေဟာင္လိတ္လမ္းဆံုမီးပိြဳင့္တြင္ ပိတ္ဆို႔ရွာေဖြစဥ္ ေဆခမ္းရပ္ကြက္ဘက္မွ တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ အသက္(၁၈)ႏွစ္အရြယ္ အိုက္ဝန္းလီး ေမာင္းႏွင္လာသည့္ Mark –X (လိုင္စင္စိစစ္ဆဲ)ယာဥ္အား စစ္ေဆးရာ ယာဥ္ေပၚတြင္ လုိက္ပါလာသည့္ အသက္(၄၅)ႏွစ္အရြယ္ အိုက္သန္း၏ ခါးၾကားတြင္ ထိုးလာသည့္ ၾသစေတးလ်ႏုိင္ငံထုတ္ Glock အမ်ိဳးအစား ပစၥတိုေသနတ္ကို က်ည္အိမ္တပ္လွ်က္ႏွင့္ က်ည္(၇)ေတာင့္တို႔ကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။
လက္နက္ခဲယမ္းတုိ႔ႏွင့္အတူ ဖမ္းဆီးရမိသည့္ အုိက္ဝန္းလီးႏွင့္ အုိက္သန္းတို႔အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ (ပ)၃၄၅/၁၈၊ ၁၉၂၄ ခုႏွစ္ ရွမ္းျပည္နယ္လက္နက္အမိန္႔ အပိုဒ္ ၁၂(က)အရ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၆)ရက်နေ့ ည(၁၁)နာရီခွဲဝန်းကျင်က ပိတ်ဆို့ရှာဖွေမှုအတွင်း တာချီလိတ်မြို့တွင်းသို့ ဝင်လာသည့် မော်တော်ယာဉ်တစ်စီး၌ အမျိုးသား(၂)ဦးကို ပစ္စတိုတစ်လက်၊ ကျည်(၇)တောင့်တို့နှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။
ဟောင်လိတ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဟောင်လိတ်လမ်းဆုံမီးပွိုင့်တွင် ပိတ်ဆို့ရှာဖွေစဉ် ဆေခမ်းရပ်ကွက်ဘက်မှ တာချီလိတ်မြို့တွင်းသို့ အသက်(၁၈)နှစ်အရွယ် အိုက်ဝန်းလီး မောင်းနှင်လာသည့် Mark –X (လိုင်စင်စိစစ်ဆဲ)ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက်(၄၅)နှစ်အရွယ် အိုက်သန်း၏ ခါးကြားတွင် ထိုးလာသည့် သြစတေးလျနိုင်ငံထုတ် Glock အမျိုးအစား ပစ္စတိုသေနတ်ကို ကျည်အိမ်တပ်လျှက်နှင့် ကျည်(၇)တောင့်တို့ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
လက်နက်ခဲယမ်းတို့နှင့်အတူ ဖမ်းဆီးရမိသည့် အိုက်ဝန်းလီးနှင့် အိုက်သန်းတို့အား တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၃၄၅/၁၈၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့် အပိုဒ် ၁၂(က)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့
No comments
Post a Comment
:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::