တရားစြဲခံရသူမ်ား တရားခြင္လာေရာက္ရာတြင္ ဥပေဒေရွ႕ေမွာက္တန္းတူသာရိွရမည္ဟု ႏိုင္ငံေတာ္သမၼတ ေထာက္ျပ ေျပာဆို

တရားစြဲခံရသူမ်ား တရားခြင္လာေရာက္ရာတြင္ ဥပေဒေရွ႕ေမွာက္တန္းတူသာရိွရမည္ဟု ႏိုင္ငံေတာ္သမၼတ ေထာက္ျပ ေျပာဆို
အောက်တိုဘာ 6, 2018
By Tachileik News Agency

တရားစြဲ ခံရသူမ်ားအား ရံုးထုတ္ခ်ိန္တြင္ ရဲအခ်ဳပ္ကားအသံုးမျပဳဘဲ ကိုယ္ပိုင္ကား၊ တကၠစီမ်ား အသံုးျပဳခြင့္ ရေနျခင္းမွာ တရားမွ်တမႈ ကင္းမဲ့ျခင္းျဖစ္ၿပီး တရားခြင္ လာေရာက္သူမ်ားကို အသားအေရာင္၊ လိင္ကြဲျပားမႈ၊ လူမ်ိဳး၊ဘာသာခြဲျခားမႈမရိွ ဥပေဒေရွ႕ေမွာက္ အညီအမွ်ျဖစ္ရန္ လိုသည္ဟု ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က  ေျပာၾကားလုိက္သည္။

“ဘက္လိုက္မႈကင္းတဲ့ တရားစီရင္ေရးကို တည္ေဆာက္ေနတာျဖစ္လို႔ ဘက္လိုက္မႈဆိုတာ အဂတိကို ေျပာတာျဖစ္ပါတယ္။ အဂတိတရားကင္းတဲ့ တရားစီရင္ေရး ျဖစ္ေစလိုပါတယ္။ မည္သူ႔ကိုပဲျဖစ္ေစ ဥပေဒႏွင့္အညီသာ ျဖစ္ရပါမယ္။ အသားအေရာင္၊ က်ား/မ လိင္၊ လူမ်ိဳးဘာသာ ခဲြျခားမႈ မျဖစ္ေစရပါဘူး။ တရားခြင္ကို ေရာက္လာသူ အားလံုးဟာလည္း All are equal before the law ဆိုတဲ့အတိုင္း အားလံုးဟာ ဥပေဒရဲ႕ေရွ႕ေမွာက္မွာ အညီအမွ်ျဖစ္ရပါမယ္။ ဘာလို႔ အဲဒီလို ေျပာရသလဲဆိုရင္ တစ္ခ်ိဳ႕ အမႈျဖစ္လို႔ တရားစဲြခံရလို႔ ရံုးထုတ္တယ္ဆို ရဲအခ်ဳပ္ကားနဲ႔ပဲသြားရမွာပဲ။ ဟိုက် တရားရံုးအခ်ဳပ္ထဲပဲ ေနရမွာပဲ။ ဒီလို မဟုတ္ဘဲ သူကေတာ့ ပိုက္ဆံရိွလို႔၊ သူကေတာ့ ရင္းႏွီးလို႔ ကို္ယ္ပိုင္ကားေလးနဲ႔ တကၠစီေလးနဲ႔ က်န္တဲ့ လူေတြက အခ်ဳပ္ကားနဲ႔ ဒါဆို မတရားဘူး။ အဲဒါမ်ိဳး မျဖစ္ေစခ်င္ဘူး။ ဒါဟာ တရားမွ်တမႈကင္းမဲ့တာပဲ”ဟု ႏိုင္ငံေတာ္သမၼတက မေကြးၿမိဳ႕တြင္ မ႑ိဳင္သံုးရပ္ႏွင့္ ေတြ႔ဆံုစဥ္ ေျပာၾကားလိုက္ျခင္းျဖစ္သည္။

တရားစီရင္ေရးႏွင့္ ပတ္သက္၍ အမႈမ်ား ျမန္ျမန္ဆန္ဆန္ၿပီးေနရံုႏွင့္ မလံုေလာက္ဘဲ မွန္မွန္ကန္ကန္ ျဖစ္ရန္လည္း လိုအပ္ေၾကာင္း ႏိုင္ငံေတာ္သမၼတက ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ(၆)ရက္ေန႔၌ မေကြးတိုင္းေဒသႀကီးရိွ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရးႏွင့္ တရားစီရင္ေရးမ႑ိဳင္တို႔မွ တာဝန္ရိွသူမ်ားႏွင့္ ေတြ႔ဆံုရာတြင္ လမ္းညႊန္မွာၾကားသြားျခင္းျဖစ္သည္။

ျပစ္ဒဏ္ခ်သည့္ အခါတြင္လည္း အက်င့္စာရိတၱ ျပဳျပင္မႈကို ဦးတည္ရမည္ ျဖစ္သကဲ့သို႔ ျပစ္မႈႏွင့္ ျပစ္ဒဏ္မွ်တရန္လည္း လိုအပ္ၿပီး ယိမ္းယိုင္ေနေသာ တရားစီရင္ေရးအား တည့္မတ္ႏိုင္ရန္အတြက္ CSO မ်ား၊ NGO မ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ား၊ ေရွ႕ေနမ်ားႏွင့္ မီဒီယာမ်ားစသည့္ ျပည္သူ႔အားကို လိုအပ္ေၾကာင္း သမၼတက တိုက္တြန္းေျပာၾကားသြားသည္။

မေကြးၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမ၌ ျပဳလုပ္သည့္ အဆိုပါ ေတြ႔ဆံုပဲြသို႔ တိုင္းအစိုးရအဖဲြ႔မွ ဝန္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖဲြ႔ဝင္မ်ား၊ လႊတ္ေတာ္ဥကၠဌႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တိုင္း၊ ခရိုင္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာအသီးသီးမွ တာဝန္ရိွသူမ်ား စုစုေပါင္း(၆၂၆)ဦး တက္ေရာက္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

တရားစွဲ ခံရသူများအား ရုံးထုတ်ချိန်တွင် ရဲအချုပ်ကားအသုံးမပြုဘဲ ကိုယ်ပိုင်ကား၊ တက္ကစီများ အသုံးပြုခွင့် ရနခြေင်းမှာ တရားမျှတမှု ကင်းမဲ့ခြင်းဖြစ်ပြီး တရားခွင် လာရောက်သူများကို အသားအရောင်၊ လိင်ကွဲပြားမှု၊ လူမျိုး၊ဘာသာခွဲခြားမှုမရှိ ဥပဒေရှေ့မှောက် အညီအမျှဖြစ်ရန် လိုသည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

“ဘက်လိုက်မှုကင်းတဲ့ တရားစီရင်ရေးကို တည်ဆောက်နေတာဖြစ်လို့ ဘက်လိုက်မှုဆိုတာ အဂတိကို ပြောတာဖြစ်ပါတယ်။ အဂတိတရားကင်းတဲ့ တရားစီရင်ရေး ဖြစ်စေလိုပါတယ်။ မည်သူ့ကိုပဲဖြစ်စေ ဥပဒေနှင့်အညီသာ ဖြစ်ရပါမယ်။ အသားအရောင်၊ ကျား/မ လိင်၊ လူမျိုးဘာသာ ခွဲခြားမှု မဖြစ်စေရပါဘူး။ တရားခွင်ကို ရောက်လာသူ အားလုံးဟာလည်း All are equal before the law ဆိုတဲ့အတိုင်း အားလုံးဟာ ဥပဒေရဲ့ရှေ့မှောက်မှာ အညီအမျှဖြစ်ရပါမယ်။ ဘာလို့ အဲဒီလို ပြောရသလဲဆိုရင် တစ်ချို့ အမှုဖြစ်လို့ တရားစွဲခံရလို့ ရုံးထုတ်တယ်ဆို ရဲအချုပ်ကားနဲ့ပဲသွားရမှာပဲ။ ဟိုကျ တရားရုံးအချုပ်ထဲပဲ နေရမှာပဲ။ ဒီလို မဟုတ်ဘဲ သူကတော့ ပိုက်ဆံရှိလို့၊ သူကတော့ ရင်းနှီးလို့ ကို်ယ်ပိုင်ကားလေးနဲ့ တက္ကစီလေးနဲ့ ကျန်တဲ့ လူတွေက အချုပ်ကားနဲ့ ဒါဆို မတရားဘူး။ အဲဒါမျိုး မဖြစ်စေချင်ဘူး။ ဒါဟာ တရားမျှတမှုကင်းမဲ့တာပဲ”ဟု နိုင်ငံတော်သမ္မတက မကွေးမြို့တွင် မဏ္ဍိုင်သုံးရပ်နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းဖြစ်သည်။

တရားစီရင်ရေးနှင့် ပတ်သက်၍ အမှုများ မြန်မြန်ဆန်ဆန်ပြီးနေရုံနှင့် မလုံလောက်ဘဲ မှန်မှန်ကန်ကန် ဖြစ်ရန်လည်း လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၆)ရက်နေ့၌ မကွေးတိုင်းဒေသကြီးရှိ အုပ်ချုပ်ရေး၊ ဥပဒပြေုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် လမ်းညွှန်မှာကြားသွားခြင်းဖြစ်သည်။

ပြစ်ဒဏ်ချသည့် အခါတွင်လည်း အကျင့်စာရိတ္တ ပြုပြင်မှုကို ဦးတည်ရမည် ဖြစ်သကဲ့သို့ ပြစ်မှုနှင့် ပြစ်ဒဏ်မျှတရန်လည်း လိုအပ်ပြီး ယိမ်းယိုင်နေသော တရားစီရင်ရေးအား တည့်မတ်နိုင်ရန်အတွက် CSO များ၊ NGO များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရှေ့နေများနှင့် မီဒီယာများစသည့် ပြည်သူ့အားကို လိုအပ်ကြောင်း သမ္မတက တိုက်တွန်းပြောကြားသွားသည်။

မကွေးမြို့ရှိ မြို့တော်ခန်းမ၌ ပြုလုပ်သည့် အဆိုပါ တွေ့ဆုံပွဲသို့ တိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ စုစုပေါင်း(၆၂၆)ဦး တက်ရောက်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~