လားရႈိးၿမိဳ႕နယ္ အီႏိုင္းေက်းရြာအတြင္း ထိေတြ႔ပစ္ခတ္မႈမ်ား ျဖစ္ပြားေန၍ ေဒသခံမ်ား မန္ဆူရွမ္းေက်ာင္းသို႔ လာေရာက္ တိမ္းေရွာင္ေနရ

လားရႈိးၿမိဳ႕နယ္ အီႏိုင္းေက်းရြာအတြင္း ထိေတြ႔ပစ္ခတ္မႈမ်ား ျဖစ္ပြားေန၍ ေဒသခံမ်ား မန္ဆူရွမ္းေက်ာင္းသို႔ လာေရာက္ တိမ္းေရွာင္ေနရ
အောက်တိုဘာ 29, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္ အီႏိုင္းေက်းရြာအတြင္း ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၂၉)ရက္ေန႔ နံနက္ပိုင္းက ထိေတြ႔ ပစ္ခတ္မႈမ်ား ျဖစ္ပြားေနသည့္အတြက္ ေဒသခံ (၄၀၀)ေက်ာ္ လားရႈိးၿမိဳ႕ မန္ဆူရွမ္းေက်ာင္းသို႔ တိမ္းေရွာင္လာၿပီး လူဦးေရ (၂၀၀)ခန္႔မွာ ေက်းရြာတြင္ ဆက္လက္ ေနထုိင္ေနေၾကာင္း သိရသည္။

“ကခ်င္ႏွစ္ျခင္း ေက်ာင္းမွာေန ေနတဲ့ (ကခ်င္)စစ္ေရွာင္ေတြက လားရိႈးကို မလိုက္လာဘူး။ အဲဒီမွာပဲ ေန ေနတယ္၊ မေန႔ညကလည္း ရြာအနီးနားမွာ ပစ္လိုက္ နားလိုက္နဲ႔ ျဖစ္ေနၾကတယ္။ ဒီမနက္က်ေတာ့ ရြာထဲအထိ တစ္ဖြဲ႔က ေနရာဝင္ယူေနတဲ့ အတြက္ လားရိႈးကို တိမ္းေရွာင္လာတာျဖစ္ပါတယ္” ဟု အီႏိုင္းေက်းရြာ ေဒသခံတစ္ဦး ျဖစ္သည့္ မနန္းေလာင္ဝ္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

လားရိႈးၿမိဳ႕ႏွင့္ (၁၂)မိုင္ခန္႔ေဝးသည့္ မန္ၿပိန္းေက်းရြာအနီးတြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ႏွစ္ဖြဲ႔၏ ပစ္ခတ္မႈမ်ား ေအာက္တိုဘာလ (၂၃)ရက္ေန႔မွစတင္၍ ျဖစ္ပြားေနသည့္အတြက္ မန္ၿပိန္းေက်းရြာေဒသခံ (၂၀၀) နီးပါးမွာ အီႏိုင္းေက်းရြာရွိ ကခ်င္ႏွစ္ျခင္းဘုရားေက်ာင္းသို႔ ေအာက္တိုဘာလ (၂၄) ရက္ေန႔က တိမ္းေရွာင္လာၾကၿပီး လက္ရိွတြင္ အီႏုိင္းေက်းရြာအနီး တုိက္ပြဲျဖစ္ရာတြင္ အဆိုပါဘုရားေက်ာင္း၌ ဆက္လက္ေနထိုင္ေနၾကေၾကာင္း သိရသည္။

ေအာက္တိုဘာလ (၂၈)ရက္ေန႔တြင္ အီႏိုင္းေက်းရြာအနီးရွိ (၁၀)မိုင္ေက်းရြာတြင္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕တစ္ဖြဲ႕ဝင္ေရာက္လာသည့္အတြက္ လူဦးေရ (၆၀)ေက်ာ္မွာ အီႏိုင္းေက်းရြာသို႔ တိမ္းေရွာင္လာေၾကာင္း သိရသည္။

စစ္ေဘးေရွာင္လာၾကသူမ်ားကို လားရိႈးၿမိဳ႕ရွိလူမႈကူညီေရးအသင္းမ်ားက အီႏိုင္းေက်းရြာအထိ သြားေရာက္ေခၚေဆာင္ခဲ့ၾကၿပီး မန္ဆူရွမ္းေက်ာင္းသို႔ ပို႔ေဆာင္ေပးထားကာ ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ဦးစီးဌာန(လားရိႈး) မွ ပစၥည္း(၉)မ်ိဳးႏွင့္ ဆန္တို႔ကို ေထာက္ပံ့ေပးထားၿပီး က်န္းမာေရးဦးစီးဌာနကလည္း ေဆးေပးခန္းဖြင့္လွစ္ကာ က်န္းမာေရးေစာင့္ေရွာက္မႈေပးေနေၾကာင္း သိရသည္။

မန္ဆူရွမ္းေက်ာင္းသို႔ တိမ္းေရွာင္လာသည့္ တိုက္ပြဲေရွာင္မ်ားအတြက္ ေနရာထိုင္ခင္းႏွင့္ စားနပ္ရိကၡာတုိ႔ကို မန္ဆူရွမ္းေက်ာင္းဆရာေတာ္က ေထာက္ပံ့ေပးထားၿပီး လားရႈိးၿမိဳ႕ ေဒသခံအခ်ိဳ႕က စားနပ္ရိကၡာ၊ အဝတ္အထည္မ်ား လာေရာက္လွဴဒါန္းေပးေနေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် အီနိုင်းကျေးရွာအတွင်း ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့ နံနက်ပိုင်းက ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပွားနေသည့်အတွက် ဒေသခံ (၄၀၀)ကျော် လားရှိုးမြို့ မန်ဆူရှမ်းကျောင်းသို့ တိမ်းရှောင်လာပြီး လူဦးရေ (၂၀၀)ခန့်မှာ ကျေးရွာတွင် ဆက်လက် နေထိုင်နေကြောင်း သိရသည်။

“ကချင်နှစ်ခြင်း ကျောင်းမှာနေ နေတဲ့ (ကချင်)စစ်ရှောင်တွေက လားရှိုးကို မလိုက်လာဘူး။ အဲဒီမှာပဲ နေ နေတယ်၊ မနေ့ညကလည်း ရွာအနီးနားမှာ ပစ်လိုက် နားလိုက်နဲ့ ဖြစ်နကြေတယ်။ ဒီမနက်ကျတော့ ရွာထဲအထိ တစ်ဖွဲ့က နေရာဝင်ယူနေတဲ့ အတွက် လားရှိုးကို တိမ်းရှောင်လာတာဖြစ်ပါတယ်” ဟု အီနိုင်းကျေးရွာ ဒေသခံတစ်ဦး ဖြစ်သည့် မနန်းလောင်ဝ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့နှင့် (၁၂)မိုင်ခန့်ဝေးသည့် မန်ပြိန်းကျေးရွာအနီးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့၏ ပစ်ခတ်မှုများ အောက်တိုဘာလ (၂၃)ရက်နေ့မှစတင်၍ ဖြစ်ပွားနေသည့်အတွက် မန်ပြိန်းကျေးရွာဒေသခံ (၂၀၀) နီးပါးမှာ အီနိုင်းကျေးရွာရှိ ကချင်နှစ်ခြင်းဘုရားကျောင်းသို့ အောက်တိုဘာလ (၂၄) ရက်နေ့က တိမ်းရှောင်လာကြပြီး လက်ရှိတွင် အီနိုင်းကျေးရွာအနီး တိုက်ပွဲဖြစ်ရာတွင် အဆိုပါဘုရားကျောင်း၌ ဆက်လက်နေထိုင်နကြေကြောင်း သိရသည်။

အောက်တိုဘာလ (၂၈)ရက်နေ့တွင် အီနိုင်းကျေးရွာအနီးရှိ (၁၀)မိုင်ကျေးရွာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဝင်ရောက်လာသည့်အတွက် လူဦးရေ (၆၀)ကျော်မှာ အီနိုင်းကျေးရွာသို့ တိမ်းရှောင်လာကြောင်း သိရသည်။

စစ်ဘေးရှောင်လာကြသူများကို လားရှိုးမြို့ရှိလူမှုကူညီရေးအသင်းများက အီနိုင်းကျေးရွာအထိ သွားရောက်ခေါ်ဆောင်ခဲ့ကြပြီး မန်ဆူရှမ်းကျောင်းသို့ ပို့ဆောင်ပေးထားကာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန(လားရှိုး) မှ ပစ္စည်း(၉)မျိုးနှင့် ဆန်တို့ကို ထောက်ပံ့ပေးထားပြီး ကျန်းမာရေးဦးစီးဌာနကလည်း ဆေးပေးခန်းဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း သိရသည်။

မန်ဆူရှမ်းကျောင်းသို့ တိမ်းရှောင်လာသည့် တိုက်ပွဲရှောင်များအတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခါတို့ကို မန်ဆူရှမ်းကျောင်းဆရာတော်က ထောက်ပံ့ပေးထားပြီး လားရှိုးမြို့ ဒေသခံအချို့က စားနပ်ရိက္ခါ၊ အဝတ်အထည်များ လာရောက်လှူဒါန်းပေးနေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~