တာခ်ီလိတ္ၿမိဳ႕ အာခါေစ်းအနီးတြင္ ဓါတ္တိုင္အား ကား၀င္တိုက္မႈေၾကာင့္ တံတား(၂)မွ စ၍ ၿမိဳ႕ျပင္ေက်းရြာမ်ားအထိ လွ်ပ္စစ္မီး ျပတ္ေတာက္သြား

တာခ်ီလိတ္ၿမိဳ႕ အာခါေစ်းအနီးတြင္ ဓါတ္တိုင္အား ကား၀င္တိုက္မႈေၾကာင့္ တံတား(၂)မွ စ၍ ၿမိဳ႕ျပင္ေက်းရြာမ်ားအထိ လွ်ပ္စစ္မီး ျပတ္ေတာက္သြား
အောက်တိုဘာ 12, 2018
By Tachileik News Agency
တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္၊ အာခါေစ်းအနီးရွိ ဝိန္းေက်ာက္ဘုန္းႀကီးေက်ာင္းေထာင့္တြင္ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလ(၁၂)ရက္ေန႔ နံနက္(၅)နာရီ မထိုးမီက ေမာ္ေတာ္ယာဥ္တစ္စီးသည္ ဓါတ္တိုင္အား ၀င္တိုက္မိရာမွ မယ္ေခါင္ရပ္ကြက္ရွိ အမွတ္(၂)တံတားမွ စ၍ ၿမိဳ႕ျပင္ေက်းရြာမ်ားအထိ လွ်ပ္စစ္မီး ျပတ္ေတာက္သြားေၾကာင္း သိရသည္။

22KV လိုင္း ဓါတ္မီးတိုင္အား ကား၀င္တိုက္မႈေၾကာင့္ ဓါတ္တိုင္မွာ က်ဳိးက်ပ်က္စီးသြားသည့္အတြက္ တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတား မွစ၍ ၿမိဳ႕ျပင္ မိုင္းဖုန္း ေက်းရြာအုပ္စု ႏွင့္ မိုင္းကိုးေက်းရြာအုပ္စုမ်ားအထိ လွ်ပ္စစ္မီး ျပတ္ေတာက္သြားၿပီး နံနက္(၁၁)နာရီမွ (၁၂)နာရီအထိ လွ်ပ္စစ္မီး ဆက္လက္ျပတ္ေတာက္ႏိုင္ေၾကာင္း သိရသည္။

လက္ရွိတြင္ မီးလင္းေရးမွ တာ၀န္ရွိသူမ်ားက ျပဳျပင္မႈမ်ား ျပဳလုပ္ေနၿပီး လုပ္ငန္းေဆာင္ရြက္ခ်ိန္ကို နံနက္ (၁၁)နာရီ ၀န္းက်င္အထိ ခန္႔မွန္းထားေသာ္လည္း လုပ္ငန္း အေစာဆံုး ၿပီးေျမာက္ပါက အျမန္ဆံုး ျပန္လည္လႊတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိုက္မႈျဖစ္ပြားရာ ေနရာသို႔ မီးလင္းေရးအဖြဲ႔မွ ေရာက္သြားခ်ိန္တြင္ ယာဥ္ေပၚတြင္ လူမ်ားကို မေတြ႔ရ၍ ထိခိုက္ဒဏ္ရာ ရရွိမႈ အေျခအေနကို မသိရေသာ္လည္း သက္ဆိုင္ရာမွ စစ္ေဆးေနလွ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - မီးလင္းေရး



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးအနီးရှိ ဝိန်းကျောက်ဘုန်းကြီးကျောင်းထောင့်တွင် ၂၀၁၈ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့ နံနက်(၅)နာရီ မထိုးမီက မော်တော်ယာဉ်တစ်စီးသည် ဓာတ်တိုင်အား ဝင်တိုက်မိရာမှ မယ်ခေါင်ရပ်ကွက်ရှိ အမှတ်(၂)တံတားမှ စ၍ မြို့ပြင်ကျေးရွာများအထိ လျှပ်စစ်မီး ပြတ်တောက်သွားကြောင်း သိရသည်။

22KV လိုင်း ဓာတ်မီးတိုင်အား ကားဝင်တိုက်မှုကြောင့် ဓာတ်တိုင်မှာ ကျိုးကျပျက်စီးသွားသည့်အတွက် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား မှစ၍ မြို့ပြင် မိုင်းဖုန်း ကျေးရွာအုပ်စု နှင့် မိုင်းကိုးကျေးရွာအုပ်စုများအထိ လျှပ်စစ်မီး ပြတ်တောက်သွားပြီး နံနက်(၁၁)နာရီမှ (၁၂)နာရီအထိ လျှပ်စစ်မီး ဆက်လက်ပြတ်တောက်နိုင်ကြောင်း သိရသည်။

လက်ရှိတွင် မီးလင်းရေးမှ တာဝန်ရှိသူများက ပြုပြင်မှုများ ပြုလုပ်နပြေီး လုပ်ငန်းဆောင်ရွက်ချိန်ကို နံနက် (၁၁)နာရီ ဝန်းကျင်အထိ ခန့်မှန်းထားသော်လည်း လုပ်ငန်း အစောဆုံး ပြီးမြောက်ပါက အမြန်ဆုံး ပြန်လည်လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာ နေရာသို့ မီးလင်းရေးအဖွဲ့မှ ရောက်သွားချိန်တွင် ယာဉ်ပေါ်တွင် လူများကို မတွေ့ရ၍ ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေကို မသိရသော်လည်း သက်ဆိုင်ရာမှ စစ်ဆေးနေလျှက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - မီးလင်းရေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~