လားရိႈးၿမိဳ႕နယ္အတြင္း တုိက္ပြဲမ်ားေၾကာင့္ လားရိႈးမန္ဆူရွမ္းေက်ာင္းသုိ႔ တိမ္းေရွာင္လာသူ (၁၀၀၀)ေက်ာ္ အထိ တိုးလာ

လားရိႈးၿမိဳ႕နယ္အတြင္း တုိက္ပြဲမ်ားေၾကာင့္ လားရိႈးမန္ဆူရွမ္းေက်ာင္းသုိ႔ တိမ္းေရွာင္လာသူ (၁၀၀၀)ေက်ာ္ အထိ တိုးလာ
အောက်တိုဘာ 30, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္ အီႏိုင္းေက်းရြာတြင္ တုိက္ပြဲမ်ားျဖစ္ေနသျဖင့္ အနီးဝန္းက်င္ရိွ ေက်းရြာမ်ားမွ ေဒသခံ (၉၀၀)ေက်ာ္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၃၀)ရက္ေန႔တြင္ လားရိႈးၿမိဳ႕ မန္ဆူရွမ္းေက်ာင္းသို႔ တိမ္းေရွာင္လာရာ တိုက္ပြဲေရွာင္ဦးေရ (၁,၀၀၀)ေက်ာ္အထိ တိုးလာေၾကာင္း လားရႈိးၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ စာရင္းအရ သိရသည္။

“အဖြဲ႔ႏွစ္ဖြဲ႔က ရြာရဲ႕တစ္ဖက္စီမွာ ေနရာယူထားတယ္။ ပစ္လုိက္၊ နားလိုက္နဲ႔ပဲ ျဖစ္ေနတယ္။ အသက္ အႏၱရာယ္ စိုးရိမ္ရတဲ့အတြက္ လားရိႈးကိုထြက္ေျပးလာတာပါ။ စိုက္ပ်ိဳးထားတဲ့သီးႏွံေတြနဲ႔ အိမ္ေမြးတိရိစၦာန္ ၾကက္ေတြ၊ ဝက္ေတြ၊ ႏြားေတြ ဒီတိုင္းပဲထားခဲ့ရတယ္” ဟု အီႏိုင္းေက်းရြာမွ တုိက္ပြဲေရွာင္လာသူတစ္ဦးက ေျပာသည္။

အီႏိုင္းေက်းရြာတြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၉) ရက္ေန႔ကတည္းက တုိက္ပြဲမ်ားျဖစ္ေနသျဖင့္ အီႏုိင္းေက်းရြာမွ ေဒသခံ (၄၀၀) ေက်ာ္သည္ လားရိႈးၿမိဳ႕ မန္ဆူရွမ္းေက်ာင္းသို႔ တိမ္းေရွာင္လာၿပီး ေအာက္တိုဘာလ (၃၀) ရက္ နံနက္ပိုင္းတြင္ အီႏိုင္းနွင့္ အနီးဝန္းက်င္ေက်းရြာမွားမွ ေဒသခံ (၉၂၄)ဦး ထပ္မံ ေရာက္ရိွလာျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ မန္ဆူရွမ္းေက်ာင္း၌  အီႏိုင္းေက်းရြာ၊ နားဟေက်းရြာ၊ ပန္ဟုန္ေက်းရြာ၊ ေနာင္ေကာ္ ေက်းရြာတို႔မွ တိုက္ပြဲေရွာင္ေနသူဦးေရ စုစုေပါင္း (၁,၃၂၄)ဦးေရာက္ရိွေနၿပီး လားရိႈးေဒသခံမ်ား၊ ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ဦးစီးဌာန (လားရိႈး)၊  အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္၊ က်န္းမာေရးဦးစီးဌာနတို႔မွ ကူညီပံ့ပိုးမႈမ်ား လုပ္ေဆာင္ထားေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမၼတူၿမိဳ႕နယ္ႏွင့္ လားရိႈးၿမိဳ႕နယ္တို႔တြင ေအာက္တိုဘာလ (၂၃)ရက္ေန႔မွစတင္၍ TNLA ႏွင့္ SSPP/SSA ပူးေပါင္းအဖြဲ႕ႏွင့္ RCSS/SSA တို႔ၾကား တုိက္ပြဲမ်ား ျဖစ္ေနသည္ဟု ေဒသခံမ်ားထံမွ သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် အီနိုင်းကျေးရွာတွင် တိုက်ပွဲများဖြစ်နေသဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံ (၉၀၀)ကျော် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့တွင် လားရှိုးမြို့ မန်ဆူရှမ်းကျောင်းသို့ တိမ်းရှောင်လာရာ တိုက်ပွဲရှောင်ဦးရေ (၁,ဝဝဝ)ကျော်အထိ တိုးလာကြောင်း လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။

“အဖွဲ့နှစ်ဖွဲ့က ရွာရဲ့တစ်ဖက်စီမှာ နေရာယူထားတယ်။ ပစ်လိုက်၊ နားလိုက်နဲ့ပဲ ဖြစ်နေတယ်။ အသက် အန္တရာယ် စိုးရိမ်ရတဲ့အတွက် လားရှိုးကိုထွက်ပြေးလာတာပါ။ စိုက်ပျိုးထားတဲ့သီးနှံတွေနဲ့ အိမ်မွေးတိရိစ္ဆာန် ကြက်တွေ၊ ဝက်တွေ၊ နွားတွေ ဒီတိုင်းပဲထားခဲ့ရတယ်” ဟု အီနိုင်းကျေးရွာမှ တိုက်ပွဲရှောင်လာသူတစ်ဦးက ပြောသည်။

အီနိုင်းကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့ကတည်းက တိုက်ပွဲများဖြစ်နေသဖြင့် အီနိုင်းကျေးရွာမှ ဒေသခံ (၄၀၀) ကျော်သည် လားရှိုးမြို့ မန်ဆူရှမ်းကျောင်းသို့ တိမ်းရှောင်လာပြီး အောက်တိုဘာလ (၃၀) ရက် နံနက်ပိုင်းတွင် အီနိုင်းနှင့် အနီးဝန်းကျင်ကျေးရွာမှားမှ ဒေသခံ (၉၂၄)ဦး ထပ်မံ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မန်ဆူရှမ်းကျောင်း၌ အီနိုင်းကျေးရွာ၊ နားဟကျေးရွာ၊ ပန်ဟုန်ကျေးရွာ၊ နောင်ကော် ကျေးရွာတို့မှ တိုက်ပွဲရှောင်နေသူဦးရေ စုစုပေါင်း (၁,၃၂၄)ဦးရောက်ရှိနပြေီး လားရှိုးဒေသခံများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန (လားရှိုး)၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ကျန်းမာရေးဦးစီးဌာနတို့မှ ကူညီပံ့ပိုးမှုများ လုပ်ဆောင်ထားကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်နှင့် လားရှိုးမြို့နယ်တို့တွင အောက်တိုဘာလ (၂၃)ရက်နေ့မှစတင်၍ TNLA နှင့် SSPP/SSA ပူးပေါင်းအဖွဲ့နှင့် RCSS/SSA တို့ကြား တိုက်ပွဲများ ဖြစ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~