က်ဳိင္းတံုၿမိဳ႕တြင္ မိခင္ႏွင့္ ညီမျဖစ္သူတို႔အား ဓါးျဖင့္ထိုးၿပီးေနာက္ ကိုယ့္ကိုကိုယ္ တူမီးေသနတ္ျဖင့္ ပစ္သတ္ေသဆံုး

က်ဳိင္းတံုၿမိဳ႕တြင္ မိခင္ႏွင့္ ညီမျဖစ္သူတို႔အား ဓါးျဖင့္ထိုးၿပီးေနာက္ ကိုယ့္ကိုကိုယ္ တူမီးေသနတ္ျဖင့္ ပစ္သတ္ေသဆံုး
အောက်တိုဘာ 22, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္၊ ေနာင္ေတာင္းေက်းရြာအုပ္စုတြင္ အသက္(၂၅)ႏွစ္အရြယ္ လူငယ္တစ္ဦးက မိခင္ျဖစ္သူႏွင့္ ညီမျဖစ္သူကို ဓါးျဖင့္ထိုးၿပီး ကိုယ့္ကိုကိုယ္ တူမီးေသနတ္ျဖင့္ ပစ္သတ္ ျဖစ္ပြားရာမွ အဆိုပါ လူငယ္ႏွင့္ ညီမျဖစ္သူတို႔ေသဆံုးသြားၿပီး မိခင္ျဖစ္သူမွာ ဓါးဒဏ္ရာျဖင့္ ေဆးကုသမႈ ခံယူေနရေၾကာင္း သိရသည္။

ေနာင္ေတာင္းေက်းရြာအုပ္စု၊ ဘာေခြ(၂)ရြာရိွ ဦးက်ဝသည္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၁)ရက္ေန႔ ညေန(၅)နာရီ ဝန္းက်င္က လယ္ထဲမွ ေနအိမ္သို႔ ျပန္လာစဥ္ နားေကာ္ေက်းရြာေစ်းတန္း၌ ဇနီးျဖစ္သူ ေဒၚနာေမြးမွာ ဝမ္းဗိုက္တြင္ ဓါးဒဏ္ရာျဖင့္ ငိုေၾကြးေနသည္ကို ေတြ႔ရသျဖင့္ ေမးျမန္းရာ ေနအိမ္တြင္ သားျဖစ္သူ က်ေဖ့က ဓါးျဖင့္ထိုးေၾကာင္း ေျပာျပသည္ဟု သိရသည္။

ဦးက်ဝသည္ ေနအိမ္သို႔ ျပန္သြားၾကည့္ရာ ေနအိမ္ေလွကားရင္းတြင္ သမီးျဖစ္သူ အသက္(၂၄)ႏွစ္အရြယ္ မနာက်ိဳးရီမွာ ရင္ဘတ္တြင္ ဓါးဒဏ္ရာျဖင့္ ေသဆံုးေနသည္ကို ေတြ႔ရၿပီး  ေနအိမ္အတြင္းမွ သားျဖစ္သူ က်ာေဖ့၏ ၿငီးတြားသံကိုလည္း ၾကားရေၾကာင္းႏွင့္ က်ာေဖ့သည္ မီးဖိုေဆာင္အတြင္း ဝင္သြားသည္ကို ေတြ႔ရျခင္း ျဖစ္ေၾကာင္း သိရသည္။

ေနအိမ္အေပၚထပ္သို႔ တက္ၾကည့္ရာ ပစ္ထားသည့္ တူမီးေသနတ္(၁)လက္ႏွင့္ မပစ္ရေသးသည့္ တူမီးေသနတ္ (၁)လက္တုိ႔ကို ေတြ႔ရသျဖင့္ ဦးက်ဝလည္း သားျဖစ္သူကို ေၾကာက္ၿပီး ျပန္ဆင္းလာကာ ေနအိမ္အျပင္ဘက္မွေန၍ အုပ္ခ်ဳပ္ေရးမွဴး၊ ျပည္သူ႔စစ္မ်ား၊ ရြာသားမ်ားႏွင့္အတူ ေစာင့္ၾကည့္ ေနခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာ ေနအိမ္သို႔ က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွဴး ဦးစီးသည့္ ရဲတပ္ဖြဲ႕က ည(၉)နာရီခြဲအခ်ိန္တြင္ ေရာက္ရိွလာၿပီး ေနအိမ္အတြင္း စစ္ေဆးရာ က်ာေဖ့မွာ မီးဖိုေဆာင္အတြင္း လည္ပင္း၌ ေသနတ္ ဒဏ္ရာျဖင့္ လဲေနသျဖင့္ ဖမ္းဆီးေခၚေဆာင္ရန္ ျပင္ဆင္ေနစဥ္ ေသဆံုးသြားေၾကာင္း သိရသည္။

ဒဏ္ရာရသြားသည့္ မိခင္ျဖစ္သူ ေဒၚနာေမြး၊ ေသဆံုးသူ နာက်ိဳးရီႏွင့္ က်ာေဖ့တို႔အား က်ိဳင္းတံုျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ခဲ့ၿပီး ေသဆံုးသူ က်ာေဖ့အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၄၈၀/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၂၆ အရ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ နောင်တောင်းကျေးရွာအုပ်စုတွင် အသက်(၂၅)နှစ်အရွယ် လူငယ်တစ်ဦးက မိခင်ဖြစ်သူနှင့် ညီမဖြစ်သူကို ဓားဖြင့်ထိုးပြီး ကိုယ့်ကိုကိုယ် တူမီးသေနတ်ဖြင့် ပစ်သတ် ဖြစ်ပွားရာမှ အဆိုပါ လူငယ်နှင့် ညီမဖြစ်သူတို့သေဆုံးသွားပြီး မိခင်ဖြစ်သူမှာ ဓားဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

နောင်တောင်းကျေးရွာအုပ်စု၊ ဘာခွေ(၂)ရွာရှိ ဦးကျဝသည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့ ညနေ(၅)နာရီ ဝန်းကျင်က လယ်ထဲမှ နေအိမ်သို့ ပြန်လာစဉ် နားကော်ကျေးရွာဈေးတန်း၌ ဇနီးဖြစ်သူ ဒေါ်နာမွေးမှာ ဝမ်းဗိုက်တွင် ဓားဒဏ်ရာဖြင့် ငိုကြွေးနေသည်ကို တွေ့ရသဖြင့် မေးမြန်းရာ နေအိမ်တွင် သားဖြစ်သူ ကျဖေ့က ဓားဖြင့်ထိုးကြောင်း ပြောပြသည်ဟု သိရသည်။

ဦးကျဝသည် နေအိမ်သို့ ပြန်သွားကြည့်ရာ နေအိမ်လှေကားရင်းတွင် သမီးဖြစ်သူ အသက်(၂၄)နှစ်အရွယ် မနာကျိုးရီမှာ ရင်ဘတ်တွင် ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရပြီး နေအိမ်အတွင်းမှ သားဖြစ်သူ ကျာဖေ့၏ ငြီးတွားသံကိုလည်း ကြားရကြောင်းနှင့် ကျာဖေ့သည် မီးဖိုဆောင်အတွင်း ဝင်သွားသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

နေအိမ်အပေါ်ထပ်သို့ တက်ကြည့်ရာ ပစ်ထားသည့် တူမီးသေနတ်(၁)လက်နှင့် မပစ်ရသေးသည့် တူမီးသေနတ် (၁)လက်တို့ကို တွေ့ရသဖြင့် ဦးကျဝလည်း သားဖြစ်သူကို ကြောက်ပြီး ပြန်ဆင်းလာကာ နေအိမ်အပြင်ဘက်မှနေ၍ အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်များ၊ ရွာသားများနှင့်အတူ စောင့်ကြည့် နေခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ နေအိမ်သို့ ကျိုင်းတုံမြို့မရဲစခန်းမှူး ဦးစီးသည့် ရဲတပ်ဖွဲ့က ည(၉)နာရီခွဲအချိန်တွင် ရောက်ရှိလာပြီး နေအိမ်အတွင်း စစ်ဆေးရာ ကျာဖေ့မှာ မီးဖိုဆောင်အတွင်း လည်ပင်း၌ သေနတ် ဒဏ်ရာဖြင့် လဲနေသဖြင့် ဖမ်းဆီးခေါ်ဆောင်ရန် ပြင်ဆင်နေစဉ် သေဆုံးသွားကြောင်း သိရသည်။

ဒဏ်ရာရသွားသည့် မိခင်ဖြစ်သူ ဒေါ်နာမွေး၊ သေဆုံးသူ နာကျိုးရီနှင့် ကျာဖေ့တို့အား ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးသူ ကျာဖေ့အား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၄၈၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ အရ အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~