တာခ်ီလိတ္ခရိုင္ မိုင္းျဖတ္ၿမိဳ႕တြင္ တစ္ေန႔တည္း လူ(၃)ဦးထံမွ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ခရိုင္ မိုင္းျဖတ္ၿမိဳ႕တြင္ တစ္ေန႔တည္း လူ(၃)ဦးထံမွ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ
အောက်တိုဘာ 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္၊ မုိင္းျဖတ္ၿမိဳ႕နယ္၊ မုိင္းျဖတ္ေက်းရြာအုပ္စု၊ ဟိုနား(လားဟူ)ေက်းရြာႏွင့္ ဟိုနား(အာခါ)ေက်းရြာတုိ႔တြင္ မူးယစ္ေဆးေရာင္းခ်ေနေၾကာင္း သတင္းအရ ေနအိမ္(၃)လံုးကို ဝင္ေရာက္ရွာေဖြရာ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးႏွစ္ဦးတုိ႔ကို စိတ္ၾကြေဆးျပား အနည္းငယ္စီျဖင့္ ဖမ္းမိေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕ႏွင့္သက္ေသမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၄)ရက္ေန႔ ေန႔လယ္ (၂)နာရီခြဲ ဝန္းက်င္က ဟိုနား(အာခါ)ေက်းရြာရိွ ေရွလတ္၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ေရွလတ္အား စိတ္ၾကြေဆးျပား (၁၉၀)ျပားႏွင့္အတူ ေတြ႔ရၿပီး ဟိုနား(လားဟူ)ေက်းရြာရိွ နာဂ(ခ)မာရိယာ၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ နာဂ(ခ)မာရိယာအား စိတ္ၾကြေဆးျပား (၇၆၀)ျပားႏွင့္အတူ ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ဟိုနား(လားဟူ)ရြာရိွ နာေလာ့(ခ) ေယာလွေအ၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ မနာေလာ့(ခ) ေယာလွေအအား စိတ္ၾကြေဆးျပား (၁၉၀)ႏွင့္အတူ ဖမ္းမိေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းမိသည့္ ေရွလတ္၊ နာဂ(ခ) မာရိယာႏွင့္ နာေလာ(ခ) ေယာလွေအတုိ႔အား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၈/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)၊ မယ(ပ) ၉/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)၊ မယ(ပ) ၁၀/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အသီးသီးအမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဟိုနား(လားဟူ)ကျေးရွာနှင့် ဟိုနား(အာခါ)ကျေးရွာတို့တွင် မူးယစ်ဆေးရောင်းချနေကြောင်း သတင်းအရ နေအိမ်(၃)လုံးကို ဝင်ရောက်ရှာဖွေရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို စိတ်ကြွဆေးပြား အနည်းငယ်စီဖြင့် ဖမ်းမိကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့်သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့ နေ့လယ် (၂)နာရီခွဲ ဝန်းကျင်က ဟိုနား(အာခါ)ကျေးရွာရှိ ရှေလတ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ရှေလတ်အား စိတ်ကြွဆေးပြား (၁၉၀)ပြားနှင့်အတူ တွေ့ရပြီး ဟိုနား(လားဟူ)ကျေးရွာရှိ နာဂ(ခ)မာရိယာ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နာဂ(ခ)မာရိယာအား စိတ်ကြွဆေးပြား (၇၆၀)ပြားနှင့်အတူ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဟိုနား(လားဟူ)ရွာရှိ နာလော့(ခ) ယောလှအေ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ မနာလော့(ခ) ယောလှအေအား စိတ်ကြွဆေးပြား (၁၉၀)နှင့်အတူ ဖမ်းမိကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိသည့် ရှေလတ်၊ နာဂ(ခ) မာရိယာနှင့် နာလော(ခ) ယောလှအေတို့အား မိုင်းဖြတ်မြို့မရဲစခန်းတွင် မယ(ပ)၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)၊ မယ(ပ) ၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)၊ မယ(ပ) ၁၀/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အသီးသီးအမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~