တာခ်ီလိတ္တြင္ ပိတ္ဆို႔စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ ေမာင္းေျပးသည့္ ကားေပၚက စိတ္ၾကြေဆးျပား (၂)သိန္းခြဲနီးပါ သိမ္းဆည္းရမိၿပီး ယာဥ္ေပၚပါလာသူမ်ား ထြက္ေျပး လြတ္ေျမာက္သြား

တာခ်ီလိတ္တြင္ ပိတ္ဆို႔စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ ေမာင္းေျပးသည့္ ကားေပၚက စိတ္ၾကြေဆးျပား (၂)သိန္းခြဲနီးပါ သိမ္းဆည္းရမိၿပီး ယာဥ္ေပၚပါလာသူမ်ား ထြက္ေျပး လြတ္ေျမာက္သြား
အောက်တိုဘာ 10, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕၊ ၀မ္ေကာင္းရပ္ကြက္၊ ေဂါက္ကြင္းလမ္းဆံုတြင္ ရဲတပ္ဖြဲ႔ႏွင့္ ပူးေပါင္း အဖြဲ႔မွ  ေအာက္တိုဘာလ (၉)ရက္ေန႔ ည(၉)နာရီခြဲ ၀န္းက်င္အခ်ိန္က  ေရွာင္တခင္ ပိတ္ဆို႔ ရွာေဖြမႈမ်ား ျပဳလုပ္ေနစဥ္ တားျမစ္သည္ကို ရပ္တန္႔ျခင္း မျပဳဘဲ ထြက္ေျပးသြားသည့္ ေမာ္ေတာ္ ယာဥ္ေပၚက စိတ္ၾကြေဆးျပား ႏွစ္သိန္းခြဲနီးပါးကို ပိုင္ရွင္မဲ့ အျဖစ္ သိမ္းဆည္းရမိေၾကာင္း သိရသည္။

သက္ဆိုင္ရာ ရဲတပ္ဖြဲ႔ ႏွင့္ ၀မ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ တာ၀န္ရွိသူမ်ား ပါ၀င္သည့္ ပူးေပါင္း အဖြဲ႔က ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလ(၉)ရက္ေန႔ ည(၉)နာရီခြဲ၀န္းက်င္အခ်ိန္က အဆိုပါ ေနရာတြင္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ ေဂါက္ကြင္းဘက္သို႔ တက္လာသည့္ ေမာ္ေတာ္ယာဥ္အား စစ္ေဆးရန္ တားဆီးရာ ရပ္တန္႔ျခင္း မျပဳဘဲ မိုးကုတ္ရိပ္သာသြားရာလမ္းဘက္သို႔ ေမာင္းႏွင္ ထြက္ေျပးသြားသည့္ အတြက္ ပူးေပါင္းအဖြဲ႔မွ လိုက္လံဖမ္းဆီးရေၾကာင္း သိရသည္။

လိုက္လံဖမ္းဆီးရာ ည(၁၀)နာရီ၀န္းက်င္တြင္ မိုးကုတ္ရိပ္သာဘက္သို႔ မေရာက္မီ ဟိုတယ္တာခ်ီလိတ္၏ အေနာက္ဘက္ လမ္းပိတ္ေနသည့္ ေတာင္ေစာင္းေနရာတြင္ ေမာ္ေတာ္ယာဥ္အား ရပ္တန္႔ထားသည္ကို ေတြ႔ရွိရေၾကာင္းႏွင့္ ယာဥ္ေပၚမွ အမ်ဳိးသား(၂)ဦး ႏွင့္ အမ်ဳိးသမီး(၂)ဦး စုစုေပါင္း (၄)ဦးတို႔မွာ ကားထားခဲ့ကာ ထြက္ေျပးသြားေၾကာင္းကို ထပ္မံစံုစမ္း သိရွိရေၾကာင္း သိရသည္။

က်န္ရစ္ခဲ့သည့္ ေမာ္ေတာ္ယာဥ္အတြင္း ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ရာ က်န္ခဲ့သည့္ ယာဥ္၏ ေနာက္ခန္းတြင္ စစ္ေက်ာပိုးအိတ္ (၂)လံုးႏွင့္ ဆာလာအိတ္အတြင္း ထည့္ထားသည့္ WY  စာတန္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၂၄၂,၀၀၀)ကို ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းအတြင္ အမႈဖြင့္ရန္ေဆာင္ရြက္ထားရွိၿပီး ထြက္ေျပးလြတ္ေျမာက္သြားသူအား ဖမ္းဆီးရမိေရးအတြက္ ႀကိဳးပမ္းေနေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းလမ်းဆုံတွင် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း အဖွဲ့မှ အောက်တိုဘာလ (၉)ရက်နေ့ ည(၉)နာရီခွဲ ဝန်းကျင်အချိန်က ရှောင်တခင် ပိတ်ဆို့ ရှာဖွေမှုများ ပြုလုပ်နေစဉ် တားမြစ်သည်ကို ရပ်တန့်ခြင်း မပြုဘဲ ထွက်ပြေးသွားသည့် မော်တော် ယာဉ်ပေါ်က စိတ်ကြွဆေးပြား နှစ်သိန်းခွဲနီးပါးကို ပိုင်ရှင်မဲ့ အဖြစ် သိမ်းဆည်းရမိကြောင်း သိရသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့ နှင့် ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်း အဖွဲ့က ၂၀၁၈ခုနှစ် အောက်တိုဘာလ(၉)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်အချိန်က အဆိုပါ နေရာတွင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဂေါက်ကွင်းဘက်သို့ တက်လာသည့် မော်တော်ယာဉ်အား စစ်ဆေးရန် တားဆီးရာ ရပ်တန့်ခြင်း မပြုဘဲ မိုးကုတ်ရိပ်သာသွားရာလမ်းဘက်သို့ မောင်းနှင် ထွက်ပြေးသွားသည့် အတွက် ပူးပေါင်းအဖွဲ့မှ လိုက်လံဖမ်းဆီးရကြောင်း သိရသည်။

လိုက်လံဖမ်းဆီးရာ ည(၁၀)နာရီဝန်းကျင်တွင် မိုးကုတ်ရိပ်သာဘက်သို့ မရောက်မီ ဟိုတယ်တာချီလိတ်၏ အနောက်ဘက် လမ်းပိတ်နေသည့် တောင်စောင်းနေရာတွင် မော်တော်ယာဉ်အား ရပ်တန့်ထားသည်ကို တွေ့ရှိရကြောင်းနှင့် ယာဉ်ပေါ်မှ အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း (၄)ဦးတို့မှာ ကားထားခဲ့ကာ ထွက်ပြေးသွားကြောင်းကို ထပ်မံစုံစမ်း သိရှိရကြောင်း သိရသည်။

ကျန်ရစ်ခဲ့သည့် မော်တော်ယာဉ်အတွင်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာ ကျန်ခဲ့သည့် ယာဉ်၏ နောက်ခန်းတွင် စစ်ကျောပိုးအိတ် (၂)လုံးနှင့် ဆာလာအိတ်အတွင်း ထည့်ထားသည့် WY စာတန်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၂၄၂,ဝဝဝ)ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းအတွင် အမှုဖွင့်ရန်ဆောင်ရွက်ထားရှိပြီး ထွက်ပြေးလွတ်မြောက်သွားသူအား ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းနေကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~