တာချီလိတ်မြို့ မယ်ယန်းပူးပေါင်း စစ်ဆေးရေးဂိတ်တွင် အမျိုးသားတစ်ဦးထံက မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

တာချီလိတ်မြို့ မယ်ယန်းပူးပေါင်း စစ်ဆေးရေးဂိတ်တွင် အမျိုးသားတစ်ဦးထံက မူးယစ်ဆေးဝါး ဖမ်းဆီးရမိ
အောကျတိုဘာ 5, 2018
By Tachileik News Agency




Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့ နံနက်(၉)နာရီ (၂၅)မိနစ်အချိန်က ကတ်တမင်း အလေးချိန်(၆၅၀)ဂရမ် သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းကိုးကျေးရွာအုပ်စုဘက်မှ တာချီလိတ်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် စိုင်းဆန်နွန်းကို ပူးပေါင်း စစ်ဆေးရေးအဖွဲ့က ရှာဖွေရာ၎င်း၏ လွယ်အိတ်အတွင်းမှ ကတ်တမင်းအလေးချိန် (၆၅၀)ဂရမ်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးသယ်ဆောင်လာသည့် စိုင်းဆန်နွန်းကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၈၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~