ေက်ာက္မဲၿမိဳ႕တြင္ ႏုိင္ငံတကာအဆင့္မီ ရုပ္ရွင္ရံု ဖြင့္လွစ္ႏုိင္ေရး ျပင္ဆင္ေန

ေက်ာက္မဲၿမိဳ႕တြင္ ႏုိင္ငံတကာအဆင့္မီ ရုပ္ရွင္ရံု ဖြင့္လွစ္ႏုိင္ေရး ျပင္ဆင္ေန
အောက်တိုဘာ 6, 2018
By Tachileik News Agency

ႏိုင္ငံတကာအဆင့္မီ ရုပ္ရွင္ရံုအျဖစ္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ရိွ စိန္ေအာင္ဝင္းရုုပ္ရွင္ရံုကို ျပဳျပင္ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ေက်ာက္မဲမွာျပန္ၿပီး ဖြင့္လွစ္မယ့္ စိန္ေအာင္ဝင္းရုပ္ရွင္ရံုအတြက္ အခုအသံုးျပဳမယ့္စနစ္ေတြအားလံုးက ႏိုင္ငံတကာအဆင့္မီစနစ္ေတြကို အသံုးျပဳမွာျဖစ္ပါတယ္။ ပိတ္ကားက 4k ပိတ္ကား ေထာင့္ျဖတ္ေပ (၆၀) ရွိမယ္။ ပရိုဂ်က္တာကလည္း Barco Brand 4K Resolution Projector ကို အသံုးျပဳမယ္။ အသံစနစ္ ကေတာ့ 360 DTSX 3D Sound System ကို အသံုးျပဳမွာ ျဖစ္ပါတယ္။ ျပန္ၿပီး ဖြင့္လွစ္ႏိုင္မယ့္ အခ်ိန္ကိုေတာ့ ပေရာဂ်က္စတင္တဲ့ အခ်ိန္က်မွ အတိအက် ထုတ္ျပန္ေပးပါ့မယ္”ဟု အဆိုပါရုပ္ရွင္ရံု၏ နည္းပညာပိုင္း တာဝန္ယူေဆာင္ရြက္မည့္ ကုမၸဏီ၏ စီမံကိန္းမန္ေနဂ်ာ ဦးေနမ်ိဳးဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၅)ရက္ေန႔က ေျပာသည္။

ေက်ာက္မဲၿမိဳ႕၏ ပထမဦးဆံုး ရုပ္ရွင္ရံုျဖစ္သည့္ စိန္ေအာင္ဝင္းရုပ္ရွင္ရံုမွာ ၂၀၁၁ ခုႏွစ္ ကတည္းက ရုပ္ရွင္ျပသမႈ ရပ္နားထားျခင္းျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလမွ စတင္၍ အတြင္းပိုင္း ျပန္လည္ ျပင္ဆင္မႈမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“အဓိက ကေတာ့ ေက်ာက္မဲလို ခရိုင္ၿမိဳ႕ႀကီးမွာ အဆင့္အတန္းမီ ရုပ္ရွင္ရံုတစ္ရံုရွိဖို႔ လိုတယ္လို႔ ေတြးမိတာရယ္၊ ၿမိဳ႕သူၿမိဳ႕သားေတြလည္း ရုပ္ရွင္ၾကည့္ရတဲ့ အရသာကို ျပန္ခံစားရေစခ်င္တာရယ္ေၾကာင့္ ျပန္ဖြင့္ဖို႔ရာအတြက္ လုပ္ေဆာင္တာျဖစ္ပါတယ္။ တစ္ရံုတည္းမွာပဲ ျပသခန္းႏွစ္ခုခြဲထားၿပီး ဇာတ္ကား ႏွစ္ကားကို တစ္ၿပိဳင္တည္း ျပသႏိုင္ေအာင္ စီစဥ္ထားပါတယ္”ဟု စိန္ေအာင္ဝင္းရုပ္ရွင္ရံု၏ မိသားစုဝင္တစ္ဦးက ေျပာသည္။

ရုပ္ရွင္ရံုအား လိုအပ္သည့္ ျပင္ဆင္မႈမ်ားအတြက္ ဌာနဆိုင္ရာမ်ားထံမွ ခြင့္ျပဳခ်က္ေတာင္းခံျခင္းကို စတင္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံတကာအဆင့်မီ ရုပ်ရှင်ရုံအဖြစ် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ စိန်အောင်ဝင်းရုပ်ရှင်ရုံကို ပြုပြင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျောက်မဲမှာပြန်ပြီး ဖွင့်လှစ်မယ့် စိန်အောင်ဝင်းရုပ်ရှင်ရုံအတွက် အခုအသုံးပြုမယ့်စနစ်တွေအားလုံးက နိုင်ငံတကာအဆင့်မီစနစ်တွေကို အသုံးပြုမှာဖြစ်ပါတယ်။ ပိတ်ကားက 4k ပိတ်ကား ထောင့်ဖြတ်ပေ (၆၀) ရှိမယ်။ ပရိုဂျက်တာကလည်း Barco Brand 4K Resolution Projector ကို အသုံးပြုမယ်။ အသံစနစ် ကတော့ 360 DTSX 3D Sound System ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ပြန်ပြီး ဖွင့်လှစ်နိုင်မယ့် အချိန်ကိုတော့ ပရောဂျက်စတင်တဲ့ အချိန်ကျမှ အတိအကျ ထုတ်ပြန်ပေးပါ့မယ်”ဟု အဆိုပါရုပ်ရှင်ရုံ၏ နည်းပညာပိုင်း တာဝန်ယူဆောင်ရွက်မည့် ကုမ္ပဏီ၏ စီမံကိန်းမန်နေဂျာ ဦးနေမျိုးဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့က ပြောသည်။

ကျောက်မဲမြို့၏ ပထမဦးဆုံး ရုပ်ရှင်ရုံဖြစ်သည့် စိန်အောင်ဝင်းရုပ်ရှင်ရုံမှာ ၂၀၁၁ ခုနှစ် ကတည်းက ရုပ်ရှင်ပြသမှု ရပ်နားထားခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ စတင်၍ အတွင်းပိုင်း ပြန်လည် ပြင်ဆင်မှုများ လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

“အဓိက ကတော့ ကျောက်မဲလို ခရိုင်မြို့ကြီးမှာ အဆင့်အတန်းမီ ရုပ်ရှင်ရုံတစ်ရုံရှိဖို့ လိုတယ်လို့ တွေးမိတာရယ်၊ မြို့သူမြို့သားတွေလည်း ရုပ်ရှင်ကြည့်ရတဲ့ အရသာကို ပြန်ခံစားရစေချင်တာရယ်ကြောင့် ပြန်ဖွင့်ဖို့ရာအတွက် လုပ်ဆောင်တာဖြစ်ပါတယ်။ တစ်ရုံတည်းမှာပဲ ပြသခန်းနှစ်ခုခွဲထားပြီး ဇာတ်ကား နှစ်ကားကို တစ်ပြိုင်တည်း ပြသနိုင်အောင် စီစဉ်ထားပါတယ်”ဟု စိန်အောင်ဝင်းရုပ်ရှင်ရုံ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ရုပ်ရှင်ရုံအား လိုအပ်သည့် ပြင်ဆင်မှုများအတွက် ဌာနဆိုင်ရာများထံမှ ခွင့်ပြုချက်တောင်းခံခြင်းကို စတင် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~