လိြဳင္ေကာ္ၿမိဳ႕တြင္ ခရီးသြားရုပ္ရွင္ျပပြဲ ေအာက္တိုဘာလ (၂၀)ရက္ေန႔တြင္ အခမဲ့ျပသမည္

လိြဳင္ေကာ္ၿမိဳ႕တြင္ ခရီးသြားရုပ္ရွင္ျပပြဲ ေအာက္တိုဘာလ (၂၀)ရက္ေန႔တြင္ အခမဲ့ျပသမည္
အောက်တိုဘာ 18, 2018
By Tachileik News Agency

ရန္ကုန္ရုပ္ရွင္ေက်ာင္းႏွင့္ Women for Women Foundation တို႔ ပူးေပါင္း၍  ခရီးသြားရုပ္ရွင္ျပပြဲအား ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၀)  ရက္ေန႔တြင္ လိြဳင္ေကာ္ၿမိဳ႕ ကရင္နီျပည္လူမ်ိဳးေပါင္းစုံ ျပည္သူ႔လြတ္ေျမာက္ေရး တပ္ဦးရုံး ေရာင္နီဦးခန္းမေဆာင္တြင္ အခမဲ့ ျပသေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ရုပ္ရွင္ျပပြဲတြင္  ၿငိမ္းခ်မ္းေရးႏွင့္ ပဋိပကၡေဒသမ်ားရွိ အမ်ိဳးသမီးမ်ား၏ ဘဝရပ္တည္မႈ၊ လိင္မႈဆိုင္ရာ အၾကမ္းဖက္မႈမ်ား အေၾကာင္း ျပသသြားမည္ျဖစ္ေၾကာင္း ကယားျပည္နယ္အေျခစိုက္ အရပ္ဖက္ အဖြဲ႕အစည္း တစ္ခုျဖစ္သည့္ Women for Women Foundation အဖြဲ႕မွ တာဝန္ခံ မရုိစီေက်ာ္ထံမွ သိရသည္။

"ကြ်န္မတို႔ အဓိက ရုပ္ရွင္(၈) ကားေလာက္ ျပသြားဖို႕ စီစဥ္ထားတယ္။ ကရင္တို႔ ကခ်င္တို႔ ကယားတို႔ေပါ့။ အဲဒီေဒသအစုံက အမ်ိဳးသမီးနဲ႔ ႏိုင္ငံေရး ၿငိမ္းခ်မ္းေရးမွာ အမ်ိဳးသမီးေတြ ဘယ္လိုပါဝင္ေနသလဲ ဆိုတာ ပါတယ္။ အဲဒီေဒသေတြမွာက ပဋိပကၡေတြျဖစ္ခဲ့ေတာ့ အဲဒီေဒသေတြမွာ အမ်ိဳးသမီးေတြ ဘယ္လို မ်ိဳးေတြ႕ႀကဳံခံစား ေနရလဲဆိုတာ တစ္ခ်ိဳ႕ဆို လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ခံရမႈေတြ ေတြ႕ႀကဳံ ခံစားခဲ့ရတယ္ ဆိုတာကို မွတ္တမ္း ရုိက္ထားတာေတြလည္း ျပမယ္ေပါ့။ ရုပ္ရွင္ျပေနရင္းနဲ႕ အေမးအေျဖ က႑ေလးေတြလည္း ထည့္ထားတယ္။ တစ္ကားျပၿပီးတာနဲ႕ ရုိက္ကူးထားတဲ့သူေတြက ရွင္းျပမယ္။ လာၾကည့္တဲ့ သူေတြက ေမးခြန္းေတြေမးလည္း ေျဖေပးမယ္ေပါ့။ ဘယ္သူမဆို လာလို႔ရပါတယ္။ လာခဲ့ၾကဖို႕ ဖိတ္ေခၚပါတယ္"ဟု Women for Women Foundation အဖြဲ႕မွ တာဝန္ခံ မရုိစီေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ရုပ္ရွင္ျပပြဲအား ေအာက္တိုဘာလ (၂၀) ရက္ေန႔ ညေန (၆) နာရီမွ (၉) နာရီထိ အခမဲ့ ျပသသြားမည္ ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရန်ကုန်ရုပ်ရှင်ကျောင်းနှင့် Women for Women Foundation တို့ ပူးပေါင်း၍ ခရီးသွားရုပ်ရှင်ပြပွဲအား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့တွင် လွိုင်ကော်မြို့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦးရုံး ရောင်နီဦးခန်းမဆောင်တွင် အခမဲ့ ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်ပြပွဲတွင် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဒေသများရှိ အမျိုးသမီးများ၏ ဘဝရပ်တည်မှု၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုများ အကြောင်း ပြသသွားမည်ဖြစ်ကြောင်း ကယားပြည်နယ်အခြေစိုက် အရပ်ဖက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် Women for Women Foundation အဖွဲ့မှ တာဝန်ခံ မရိုစီကျော်ထံမှ သိရသည်။

"ကျွန်မတို့ အဓိက ရုပ်ရှင်(၈) ကားလောက် ပြသွားဖို့ စီစဉ်ထားတယ်။ ကရင်တို့ ကချင်တို့ ကယားတို့ပေါ့။ အဲဒီဒေသအစုံက အမျိုးသမီးနဲ့ နိုင်ငံရေး ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေ ဘယ်လိုပါဝင်နေသလဲ ဆိုတာ ပါတယ်။ အဲဒီဒေသတွေမှာက ပဋိပက္ခတွဖြေစ်ခဲ့တော့ အဲဒီဒေသတွေမှာ အမျိုးသမီးတွေ ဘယ်လို မျိုးတွေ့ကြုံခံစား နေရလဲဆိုတာ တစ်ချို့ဆို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ တွေ့ကြုံ ခံစားခဲ့ရတယ် ဆိုတာကို မှတ်တမ်း ရိုက်ထားတာတွေလည်း ပြမယ်ပေါ့။ ရုပ်ရှင်ပြနေရင်းနဲ့ အမေးအဖြေ ကဏ္ဍလေးတွေလည်း ထည့်ထားတယ်။ တစ်ကားပြပြီးတာနဲ့ ရိုက်ကူးထားတဲ့သူတွေက ရှင်းပြမယ်။ လာကြည့်တဲ့ သူတွေက မေးခွန်းတွေမေးလည်း ဖြေပေးမယ်ပေါ့။ ဘယ်သူမဆို လာလို့ရပါတယ်။ လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်"ဟု Women for Women Foundation အဖွဲ့မှ တာဝန်ခံ မရိုစီကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ရုပ်ရှင်ပြပွဲအား အောက်တိုဘာလ (၂၀) ရက်နေ့ ညနေ (၆) နာရီမှ (၉) နာရီထိ အခမဲ့ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~