တရုတ္ရဲအင္အား (၃၀) ျဖတ္ေက်ာ္ဝင္ေရာက္လာသည့္ မူဆယ္နယ္စပ္ခိုးဝင္ေပါက္ကို ျမန္မာဘက္က ပိတ္ထားလိုက္ၿပီး လက္နက္ကိုင္ဝင္ေရာက္မႈ အတြက္ ကန္႔ကြက္ထား

တရုတ္ရဲအင္အား (၃၀) ျဖတ္ေက်ာ္ဝင္ေရာက္လာသည့္ မူဆယ္နယ္စပ္ခိုးဝင္ေပါက္ကို ျမန္မာဘက္က ပိတ္ထားလိုက္ၿပီး လက္နက္ကိုင္ဝင္ေရာက္မႈ အတြက္ ကန္႔ကြက္ထား
အောက်တိုဘာ 17, 2018
By Tachileik News Agency

တရုတ္ႏုိင္ငံႏွင့္ျမန္မာနယ္စပ္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕တြင္ အေဆာက္အဦ ေဆာက္လုပ္ ေနမႈကို တရုတ္ႏုိင္ငံ ရဲအင္အား (၃၀) ဦးက နယ္စပ္တရားမဝင္ ဝင္ေပါက္မွ ျဖတ္ေက်ာ္ ဝင္ေရာက္ ကန္႔ကြက္သျဖင့္ ျမန္မာဘက္က တရားဝင္ကန္႔ကြက္စာ ေပးပို႔ထားၿပီး ခိုးဝင္ေပါက္ကိုလည္း ျမန္မာဘက္မွ ပိတ္ထားလိုက္ေၾကာင္း သိရသည္။

“မနက္ ကတည္းက တရားဝင္ကန္႔ကြက္စာပို႔ထားၿပီးပါၿပီ။ သူတို႔ခိုးဝင္တဲ့ အေပါက္ကိုလည္း တရားမဝင္ ဝင္ေပါက္ျဖစ္ေနတဲ့ အတြက္ သက္ဆိုင္ရာဌာနေတြက အတားအဆီးေတြ လုပ္ထားၿပီးပါၿပီ။ ကၽြန္ေတာ္တို႔ဘက္က တရားဝင္ ကန္႔ကြက္ထားတာကလည္း သက္ဆုိင္ရာ ေကာင္စစ္ဝန္ကတစ္ဆင့္ ႏုိင္ငံျခားေရးဝန္ႀကီးဌာနကို ဆက္လက္တင္ျပပါလိမ့္မယ္”ဟု မူဆယ္ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးဥကၠာက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

တရုတ္ႏုိင္ငံ က်ယ္ေဂါင္နယ္ျခားေစာင့္ ေျပာက္က်ားရဲတပ္ဖြဲ႕သည္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁၇)ရက္ေန႔ နံနက္ (၈)နာရီ (၁၀)မိနစ္တြင္ တင့္ကား(၃)စီး၊ စစ္သံုးကား (၁)စီး၊ ဘာတီအရပ္ကား အေသး(၁၁)စီးျဖင့္ ေရာက္လာၿပီး ကားမ်ားအား တရုတ္ႏုိင္ငံဘက္အျခမ္းတြင္ ရပ္တန္႔၍ ဆင္ျဖဴေစ်းပတ္လမ္း၊ မူဆယ္ၿမိဳ႕မရဲစခန္း၏ အေနာက္ဘက္ (၅)ဖာလံုခန္႔ နယ္ျခားမွတ္တုိင္အမွတ္ BP 81 ႏွင့္ BP 82 ၾကား တရားမဝင္ ဝင္ေပါက္မွေန၍ ရဲစခန္းမွဴး လီက်န္းခ်န္းဦးစီးသည့္ တရုတ္လက္နက္ကိုင္ ေျပာက္က်ားရဲ (၁၃)ဦး၊ လက္နက္မဲ့ (၁၇)ဦး ေပါင္း (၃၀)ဦးတို႔ ဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

“ႏွစ္ႏိုင္ငံ နယ္နိမိတ္ရဲ႕ ဟိုဘက္ ဒီဘက္ (၁၀) မီတာ (၃၂ ေပေက်ာ္)အတြင္းမွာ အေဆာက္အဦး အခိုင္အမာ မေဆာက္ရဘူး ဆိုတာရွိတယ္။ အဲဒါက ျပည္ေထာင္စုအဆင့္က စစ္ေဆးသတ္မွတ္ေပးရတာ ျဖစ္တယ္။ အခု ကၽြန္ေတာ္တုိ႔ ကန္႔ကြက္တာက ႏွစ္ႏိုင္ငံနယ္စပ္ကို တရားမဝင္အေပါက္ကေန လက္နက္ကိုင္ၿပီးဝင္လာတာကို ကန္႔ကြက္ထားတယ္” ဟု မူဆယ္ခရိုင္ အေထြေထြ အုပ္ခ်ဳပ္ေရးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေမာင္ေမာင္သန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မူဆယ္ၿမိဳ႕ ဆင္ျဖဴေစ်း၊ ေစ်းပတ္လမ္း အမိႈက္ကန္ေဘးတြင္ ျပည္နယ္အစိုးရအဖြဲ႕၏ ခြင့္ျပဳခ်က္ျဖင့္ ဆင္ျဖဴေစ်းေကာ္မတီဥကၠဌ ဦးထြန္း ဦးေဆာင္ ေဆာက္လုပ္ေနေသာ ေစ်းေကာ္မတီရံုး ေဆာက္လုပ္ေနမႈမွာ တရုတ္နုိင္ငံအတြင္း ေရာက္ရိွေနသျဖင့္ လာေရာက္ကန္႔ကြက္ျခင္းျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္ဟု သိရသည္။

ဦးထြန္းက ယခုလို လာေရာက္ကန္႔ကြက္ျခင္းမွာ မသင့္ေတာ္ေၾကာင္း သက္ဆုိင္ရာအား အေၾကာင္းၾကား ကန္႔ကြက္ရန္ ေျပာဆိုသျဖင့္ စခန္းမွဴး လီက်န္းခ်န္း ဦးစီးသည့္ တရုတ္ရဲတပ္ဖြဲ႔သည္  နံနက္(၈)နာရီ (၄၀)မိနစ္တြင္ တရားမဝင္ အေပါက္မွ ျပန္လည္ထြက္ခြာသြားေၾကာင္း သိရသည္။

ေစ်းေကာ္မတီရံုးေဆာက္ေနသည့္ေနရာမွာ တရုတ္ႏုိင္ငံဘက္မွ ကာရံထားေသာၿခံစည္းရိုးႏွင့္ (၂၂)ေပအကြာတြင္ရိွေနၿပီး ေရေျမာင္းျခားလ်က္ရိွေၾကာင္း သိရသည္။

တရုတ္ႏုိင္ငံႏွင့္ နယ္နမိတ္ထိစပ္ေနသည့္ မူဆယ္ခရိုင္အတြင္း ပန္ဆိုင္း (ၾကဴကုတ္)ၿမိဳ႕နယ္၊ ဖိုင္းေကာင္းရြာ အနီးတြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၉) ရက္ေန႔က တရုတ္ႏိုင္ငံဘက္မွ ဘက္ဟိုးျဖင့္ ေျမဝင္တူးသျဖင့္ မူဆယ္ခရိုင္တာဝန္ရိွသူမ်ားက တရုုတ္ႏုိင္ငံဘက္သို႔ ေျဖရွင္းခ်က္ေပးရန္ ေတာင္းဆိုစာကို ေပးပို႔ခဲ့ရၿပီး အဆိုပါကိစၥကို သက္ဆုိင္ရာ ေကာင္စစ္ဝန္မ်ားမွတစ္ဆင့္ နုိင္ငံျခားေရးဝန္ႀကီးဌာနမွ ဆက္လက္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - ကိုေဌး



~~~~~~~~⊰❂ unicode ~~~~~~~~

တရုတ်နိုင်ငံနှင့်မြန်မာနယ်စပ် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် အဆောက်အဦ ဆောက်လုပ် နေမှုကို တရုတ်နိုင်ငံ ရဲအင်အား (၃၀) ဦးက နယ်စပ်တရားမဝင် ဝင်ပေါက်မှ ဖြတ်ကျော် ဝင်ရောက် ကန့်ကွက်သဖြင့် မြန်မာဘက်က တရားဝင်ကန့်ကွက်စာ ပေးပို့ထားပြီး ခိုးဝင်ပေါက်ကိုလည်း မြန်မာဘက်မှ ပိတ်ထားလိုက်ကြောင်း သိရသည်။

“မနက် ကတည်းက တရားဝင်ကန့်ကွက်စာပို့ထားပြီးပါပြီ။ သူတို့ခိုးဝင်တဲ့ အပေါက်ကိုလည်း တရားမဝင် ဝင်ပေါက်ဖြစ်နေတဲ့ အတွက် သက်ဆိုင်ရာဌာနတွေက အတားအဆီးတွေ လုပ်ထားပြီးပါပြီ။ ကျွန်တော်တို့ဘက်က တရားဝင် ကန့်ကွက်ထားတာကလည်း သက်ဆိုင်ရာ ကောင်စစ်ဝန်ကတစ်ဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်လက်တင်ပြပါလိမ့်မယ်”ဟု မူဆယ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

တရုတ်နိုင်ငံ ကျယ်ဂေါင်နယ်ခြားစောင့် ပြောက်ကျားရဲတပ်ဖွဲ့သည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့ နံနက် (၈)နာရီ (၁၀)မိနစ်တွင် တင့်ကား(၃)စီး၊ စစ်သုံးကား (၁)စီး၊ ဘာတီအရပ်ကား အသေး(၁၁)စီးဖြင့် ရောက်လာပြီး ကားများအား တရုတ်နိုင်ငံဘက်အခြမ်းတွင် ရပ်တန့်၍ ဆင်ဖြူဈေးပတ်လမ်း၊ မူဆယ်မြို့မရဲစခန်း၏ အနောက်ဘက် (၅)ဖာလုံခန့် နယ်ခြားမှတ်တိုင်အမှတ် BP 81 နှင့် BP 82 ကြား တရားမဝင် ဝင်ပေါက်မှနေ၍ ရဲစခန်းမှူး လီကျန်းချန်းဦးစီးသည့် တရုတ်လက်နက်ကိုင် ပြောက်ကျားရဲ (၁၃)ဦး၊ လက်နက်မဲ့ (၁၇)ဦး ပေါင်း (၃၀)ဦးတို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

“နှစ်နိုင်ငံ နယ်နိမိတ်ရဲ့ ဟိုဘက် ဒီဘက် (၁၀) မီတာ (၃၂ ပေကျော်)အတွင်းမှာ အဆောက်အဦး အခိုင်အမာ မဆောက်ရဘူး ဆိုတာရှိတယ်။ အဲဒါက ပြည်ထောင်စုအဆင့်က စစ်ဆေးသတ်မှတ်ပေးရတာ ဖြစ်တယ်။ အခု ကျွန်တော်တို့ ကန့်ကွက်တာက နှစ်နိုင်ငံနယ်စပ်ကို တရားမဝင်အပေါက်ကနေ လက်နက်ကိုင်ပြီးဝင်လာတာကို ကန့်ကွက်ထားတယ်” ဟု မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူဆယ်မြို့ ဆင်ဖြူဈေး၊ ဈေးပတ်လမ်း အမှိုက်ကန်ဘေးတွင် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆင်ဖြူဈေးကော်မတီဥက္ကဌ ဦးထွန်း ဦးဆောင် ဆောက်လုပ်နေသော ဈေးကော်မတီရုံး ဆောက်လုပ်နေမှုမှာ တရုတ်နိုင်ငံအတွင်း ရောက်ရှိနေသဖြင့် လာရောက်ကန့်ကွက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ဦးထွန်းက ယခုလို လာရောက်ကန့်ကွက်ခြင်းမှာ မသင့်တော်ကြောင်း သက်ဆိုင်ရာအား အကြောင်းကြား ကန့်ကွက်ရန် ပြောဆိုသဖြင့် စခန်းမှူး လီကျန်းချန်း ဦးစီးသည့် တရုတ်ရဲတပ်ဖွဲ့သည် နံနက်(၈)နာရီ (၄၀)မိနစ်တွင် တရားမဝင် အပေါက်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ဈေးကော်မတီရုံးဆောက်နေသည့်နေရာမှာ တရုတ်နိုင်ငံဘက်မှ ကာရံထားသောခြံစည်းရိုးနှင့် (၂၂)ပေအကွာတွင်ရှိနပြေီး ရေမြောင်းခြားလျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသည့် မူဆယ်ခရိုင်အတွင်း ပန်ဆိုင်း (ကြူကုတ်)မြို့နယ်၊ ဖိုင်းကောင်းရွာ အနီးတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့က တရုတ်နိုင်ငံဘက်မှ ဘက်ဟိုးဖြင့် မြေဝင်တူးသဖြင့် မူဆယ်ခရိုင်တာဝန်ရှိသူများက တရုတ်နိုင်ငံဘက်သို့ ဖြေရှင်းချက်ပေးရန် တောင်းဆိုစာကို ပေးပို့ခဲ့ရပြီး အဆိုပါကိစ္စကို သက်ဆိုင်ရာ ကောင်စစ်ဝန်များမှတစ်ဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆက်လက်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကိုဌေး 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~