တရုတ်နိုင်ငံမှ အကောက်ခွန်မဲ့သွင်းလာသည့် ပစ္စည်း (၁၀)မျိုးအား သယ်လာသည့် မော်တော်ယာဉ် (၅)စီး ရေပူအမြဲတမ်းစစ်ဆေးရေးအဖွဲ့မှ ဖမ်းဆီးရမိ

တရုတ်နိုင်ငံမှ အကောက်ခွန်မဲ့သွင်းလာသည့် ပစ္စည်း (၁၀)မျိုးအား သယ်လာသည့် မော်တော်ယာဉ် (၅)စီး ရေပူအမြဲတမ်းစစ်ဆေးရေးအဖွဲ့မှ ဖမ်းဆီးရမိ
အောကျတိုဘာ 27, 2018
By Tachileik News Agency



မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီး တလျှောက်တွင် ပုံမှန်စစ်ဆေးရေးစခန်းများ ရှိသော်လည်း သိန်းနီမြို့နယ်အတွင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် သက်ဆိုင်ရာ ဌာနပေါင်းစုံ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုများလုပ်ဆောင်ရာတွင် တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့်ပစ္စည်းများ၊ တရုတ်နိုင်ငံမှ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကို နေ့စဉ်နီးပါး ဖမ်းဆီးရမိမှုများ ရှိနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

တရုတ်နိုင်ငံမှ အကောက်ခွန်မဲ့ တင်သွင်းလာသည့် ပစ္စည်းများအား မော်တော်ယာဉ် (၅)စီးဖြင့် သယ်ယူလာစဉ် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့ ည(၈)နာရီဝန်းကျင်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မူဆယ်ဘက်မှ မောင်းနှင်လာသည့် မော်တော် ယာဉ်များကို စစ်ဆေးရာ ခရီးသည်တင်ယာဉ်လိုင်း (၃)ခုမှ မော်တော်ယာဉ်များ အပါအဝင် မော်တော်ယာဉ် (၅)စီးတွင် တင်ဆောင်လာသည့် အကောက်ခွန်မဲ့ပစ္စည်း (၁၀)မျိုးအား တင်ဆောင် လာကြောင်း စစ်ဆေး တွေ့ရှိရခြင်းဖြစ်ကြောင်းကို အကောက်ခွန် စစ်ဆေးရေးအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီး တလျှောက်တွင် ပုံမှန်စစ်ဆေးရေးစခန်းများ ရှိသော်လည်း သိန်းနီမြို့နယ်အတွင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် သက်ဆိုင်ရာ ဌာနပေါင်းစုံ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုများလုပ်ဆောင်ရာတွင် တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့်ပစ္စည်းများ၊ တရုတ်နိုင်ငံမှ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကို နေ့စဉ်နီးပါး ဖမ်းဆီးရမိမှုများ ရှိနခြေင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - အကောက်ခွန်ဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~