အဆောင်နှင့် ပညာသင်ထောက်ပံ့ကြေးပံ့ပိုးမည့် အထက်တန်းယွန်းပညာ (၂)နှစ်သင်တန်းကို အလယ်တန်းအဆင့်အောင်မြင်ပြီးသူများ လျှောက်ထားနိုင်

အဆောင်နှင့် ပညာသင်ထောက်ပံ့ကြေးပံ့ပိုးမည့် အထက်တန်းယွန်းပညာ (၂)နှစ်သင်တန်းကို အလယ်တန်းအဆင့်အောင်မြင်ပြီးသူများ လျှောက်ထားနိုင်
အောကျတိုဘာ 20, 2018
By Tachileik News Agency

နေထိုင်ရန် အဆောင်နှင့် ပညာသင်ထောက်ပံ့ကြေးပံ့ပိုးမည့် အထက်တန်းယွန်းပညာ (၂)နှစ်သင်တန်းကို အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးသူများ အနေဖြင့် ၂၀၁၈ ဒီဇင်ဘာလ (၂၆)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။


လျှောက်ထားလိုသူများ အနေဖြင့် အသက် (၂၅)နှစ်ထက် မကျော်လွန်သူ၊ ကိုယ်လက် အင်္ဂါကျန်းမာသန်စွမ်းပြီး အိမ်ထောင်မရှိသူ၊ ယွန်းပညာရပ်များအား စိတ်ပါဝင်စားရန်လိုအပ်ပြီး သင်တန်း လျှောက်ထားရာတွင် ပညာအရည်အချင်း၊ ထောက်ခံစာမူရင်း၊ ရဲထောက်ခံစာ၊ ကျန်းမာရေး ထောက်ခံစာများ ပူးတွဲပေးပို့ရန် လိုအပ်ကြောင်း သိရသည်။

လျှောက်လွှာများကို နေပြည်တော်ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးချုပ် ၊ ယွန်းအတတ်ပညာ ကောလိပ် (ပုဂံ) နှင့် ပြည်နယ်၊တိုင်းဒေသကြီးများရှိ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနများတွင် ရယူလျှောက်ထားနိုင်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း


~~~~~~~~⊰❂ unicode ~~~~~~~~

နေထိုင်ရန် အဆောင်နှင့် ပညာသင်ထောက်ပံ့ကြေးပံ့ပိုးမည့် အထက်တန်းယွန်းပညာ (၂)နှစ်သင်တန်းကို အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးသူများ အနဖြေင့် ၂၀၁၈ ဒီဇင်ဘာလ (၂၆)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။

ပုဂံမြို့ရှိ ပုဂံယွန်းအတတ်ပညာကောလိပ်တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့၌စတင်ဖွင့်လှစ် သင်ကြားပေးမည့် အဆိုပါ သင်တန်း တတ်ရောက်ရန် ရွေးချယ်ခံရပါက နေထိုင်ရန် အဆောင်ခ အခမဲ့နှင့် လစဉ်ပညာသင် ထောက်ပံ့ကြေး ကျပ်သုံးသောင်းရရှိမည်ဖြစ်ပြီး ယွန်းအတတ်ပညာ သင်တန်းဆင်း လက်မှတ်ကိုလည်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများ အနဖြေင့် အသက် (၂၅)နှစ်ထက် မကျော်လွန်သူ၊ ကိုယ်လက် အင်္ဂါကျန်းမာသန်စွမ်းပြီး အိမ်ထောင်မရှိသူ၊ ယွန်းပညာရပ်များအား စိတ်ပါဝင်စားရန်လိုအပ်ပြီး သင်တန်း လျှောက်ထားရာတွင် ပညာအရည်အချင်း၊ ထောက်ခံစာမူရင်း၊ ရဲထောက်ခံစာ၊ ကျန်းမာရေး ထောက်ခံစာများ ပူးတွဲပေးပို့ရန် လိုအပ်ကြောင်း သိရသည်။

လျှောက်လွှာများကို နပြေည်တော်ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးချုပ်၊ ယွန်းအတတ်ပညာ ကောလိပ် (ပုဂံ) နှင့် ပြည်နယ်၊တိုင်းဒေသကြီးများရှိ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနများတွင် ရယူလျှောက်ထားနိုင်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - bagandaytours.com

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~