တာချီလိတ် - မယ်ဆိုင် တံတား(၁)ထိပ် နှင့် တံတားပေါ်တို့တွင် ပြည်သူများ နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှုများနှင့် ကြုံတွေ့နေရ၍ မြန်မာဘက် တာဝန်ရှိသူများ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် အဓိက လိုအပ်နေ

တာချီလိတ် - မယ်ဆိုင် တံတား(၁)ထိပ် နှင့် တံတားပေါ်တို့တွင် ပြည်သူများ နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှုများနှင့် ကြုံတွေ့နေရ၍ မြန်မာဘက် တာဝန်ရှိသူများ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် အဓိက လိုအပ်နေ
အောကျတိုဘာ 7, 2018
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် အများပြည်သူ အားထား သွားလာနေရသည့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ် နှင့် တာချီလိတ် - မယ်ဆိုင်ဘက်တို့တွင် နေ့စဉ် ယာဉ်ကျော ပိတ်ဆို့နေမှုကြောင့် တာချီလိတ် - မယ်ဆိုင် သွားလာနေသည့် ပြည်သူများမှာ အချိန်ကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရသည့် အတွက် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများ အနေဖြင့် ဖြေရှင်းပေးနိုင်မည်ကို မျှော်လင့် နေကြကြောင်း သိရသည်။

"တံတား(၁)မှာ ယာဉ်ကြောပိတ်ဆို့နေတဲ့ ကိစ္စကို ဖြေရှင်းဖို့ဆိုပြီး TBC အစည်းအဝေးမှာ  တံတား(၂)ကို တံတား(၁)လိုမျိုး အသုံးပြုဖို့ မြန်မာဘက်က ခွင့်ပြုရင် ထိုင်းဘက်က အဆင့်သင့်ဖြစ်နေပြီ ဆိုတဲ့ သတင်းကို ဖတ်လိုက်ရတယ်၊ အခုထက်ထိလည်း ဘာမှမထူးသေးဘူး၊ ဒီကိစ္စက တခုခုတော့ ဖြစ်သင့်နေပါပြီ၊ ကျွန်တော်တို့ နေ့စဉ် မဟုတ်တောင် တစ်ပတ်ကို (၃)ခါလောက် ကားနဲ့ သွားရတာတောင် ယာဉ်ကြော ပိတ်ရင် တံတားနဲ့ ဟိုဖက်ဒီဖက်မှာ အလွန်ဆုံး (၁)နာရီကျော်လောက်ကြာတယ်၊"ဟု တာချီလိတ်ဒေသခံ တစ်ဦးဖြစ်သူ ဦးတိုးမြင့်က ပြောသည်။


အဆိုပါ ဆွေးနွေးမှုနှင့် ပတ်သက်၍  ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၇)ရက်နေ့ နံနက်က ကျင်းပသည့် (၉၃)ကြိမ်မြောက် TBC အစည်းအဝေးတွင်  "အမှတ်(၂)ချစ်ကြည်ရေးတံတား ဖွင့်လှစ်အသုံးပြုနိုင်ရေး ထိုင်းနိုင်ငံဘက်မှ ဆွေးနွေးတောင်းဆိုခဲ့ခြင်း နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဘက် အနေဖြင့် အချက် အလက်များ ပြည့်စုံစွာ ပြုစု၍ ထိုင်းဘက် နိုင်ငံခြားရေး ၀န်ကြီးဌာန၊ သံရုံးမှတဆင့် မြန်မာဘက် နိုင်ငံခြားရေး ၀န်ကြီးဌာနသို့သာ တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်သင့်ပါကြောင်း"ကို မြန်မာဘက် TBC က ဖြေကြားလိုက်ခြင်း ဖြစ်သည်။

"အဓိက ကတော့ တာချီိလိတ်ဒေသခံ တော်တော်များများက ကားနဲ့ မယ်ဆိုင်ဘက်ကို သွားကြတာ များသလို၊ ဒီတံတား(၁)ကနေဘဲ ကုန်ပစ္စည်းတင်တဲ့ သုံးဘီးဆိုင်ကယ်တွေ၊ ကုန်ပစ္စည်းတင် မှန်လုံကားတွေ အသွားများ ကြတာဆိုတော့ ယာဉ်ကြောပိတ်ဆို့မှုက ညနေအထိပဲဗျာ၊ တံတား(၂)ကို လူသွားဖို့ မသတ်မှတ်ပေးနိုင် ရင်တောင် ပစ္စည်းတွေ တင်နေတဲ့ သုံးဘီးဆိုင်ကယ်တို့၊ ပစ္စည်းတင်မှန်လုံးကားတို့ကို အဲ့ဘက်က နေသွားခိုင်းရင် ယာဉ်ကြောပိတ်ဆို့မှု သက်သာစေမယ်လို့ မျှော်လင့်ပါတယ်"ဟု တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်နေ ဦးထွန်းနိုင်က ပြောသည်။

လက်ရှိတွင်  မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားအား ခြေလျင်သွားရောက်သူများ၊ ဆိုင်ကယ်ဖြင့် သွားရောက်သူများ၊ အိမ်သုံးကားများဖြင့် သွားရောက်သူများ အပြင်၊ သုံးဘီးဆိုင်ကယ်များဖြင့် ပစ္စည်းသယ်ယူ သွားလာမှုများ၊ တစ်နိုင်တစ်ပိုင် ပစ္စည်းသယ် မှန်လုံယာဉ် သွားလာမှုများ စသည်တို့အတွက် အသုံးပြုနေပြီး  မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် နှစ်နိုင်ငံ ကုန်စည် ပို့ဆောင်ရေး အတွက်သာ အသုံးပြုနေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် အများပြည်သူ အားထား သွားလာနေရသည့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ် နှင့် တာချီလိတ် - မယ်ဆိုင်ဘက်တို့တွင် နေ့စဉ် ယာဉ်ကျော ပိတ်ဆို့နေမှုကြောင့် တာချီလိတ် - မယ်ဆိုင် သွားလာနေသည့် ပြည်သူများမှာ အချိန်ကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရသည့် အတွက် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများ အနဖြေင့် ဖြေရှင်းပေးနိုင်မည်ကို မျှော်လင့် နကြေကြောင်း သိရသည်။

"တံတား(၁)မှာ ယာဉ်ကြောပိတ်ဆို့နေတဲ့ ကိစ္စကို ဖြေရှင်းဖို့ဆိုပြီး TBC အစည်းအေဝးမှာ တံတား(၂)ကို တံတား(၁)လိုမျိုး အသုံးပြုဖို့ မြန်မာဘက်က ခွင့်ပြုရင် ထိုင်းဘက်က အဆင့်သင့်ဖြစ်နပြေီ ဆိုတဲ့ သတင်းကို ဖတ်လိုက်ရတယ်၊ အခုထက်ထိလည်း ဘာမှမထူးသေးဘူး၊ ဒီကိစ္စက တခုခုတော့ ဖြစ်သင့်နေပါပြီ၊ ကျွန်တော်တို့ နေ့စဉ် မဟုတ်တောင် တစ်ပတ်ကို (၃)ခါလောက် ကားနဲ့ သွားရတာတောင် ယာဉ်ကြော ပိတ်ရင် တံတားနဲ့ ဟိုဖက်ဒီဖက်မှာ အလွန်ဆုံး (၁)နာရီကျော်လောက်ကြာတယ်၊"ဟု တာချီလိတ်ဒေသခံ တစ်ဦးဖြစ်သူ ဦးတိုးမြင့်က ပြောသည်။

"တာချီလိတ်နှင့် မယ်ဆိုင်ကြား အမှတ်(၁)ချစ်ကြည်ရေးတံတားတွင် ကူးသန်း သွားလာမှုများလာပြီး ယာဉ်ကြောပိတ်ဆို့မှုလည်း မကြာခဏ ဖြစ်နေသဖြင့် အမှတ်(၂)ချစ်ကြည်ရေး တံတားအား လူအဝင် အထွက် ပြုလုပ်သည့် တံတားအဖြစ် အသုံးပြုသွားမည်ဆိုပါက ထိုင်းဘက်မှ အသင့် ရှိပါကြောင်း နှင့် မြန်မာဘက်မှ အနေအထားကို သိလိုပါကြောင်း:ကို (၉၂)ကြိမ်မြောက် နှစ်နိုင်ငံ TBC ပုံမှန် အစည်းအဝေးတွင် မယ်ဆိုင် TBC က ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးမှုနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၇)ရက်နေ့ နံနက်က ကျင်းပသည့် (၉၃)ကြိမ်မြောက် TBC အစည်းအေဝးတွင် "အမှတ်(၂)ချစ်ကြည်ရေးတံတား ဖွင့်လှစ်အသုံးပြုနိုင်ရေး ထိုင်းနိုင်ငံဘက်မှ ဆွေးနွေးတောင်းဆိုခဲ့ခြင်း နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဘက် အနဖြေင့် အချက် အလက်များ ပြည့်စုံစွာ ပြုစု၍ ထိုင်းဘက် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သံရုံးမှတဆင့် မြန်မာဘက် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့သာ တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်သင့်ပါကြောင်း"ကို မြန်မာဘက် TBC က ဖြကြေားလိုက်ခြင်း ဖြစ်သည်။

"အဓိက ကတော့ တာချိီလိတ်ဒေသခံ တော်တော်များများက ကားနဲ့ မယ်ဆိုင်ဘက်ကို သွားကြတာ များသလို၊ ဒီတံတား(၁)ကနေဘဲ ကုန်ပစ္စည်းတင်တဲ့ သုံးဘီးဆိုင်ကယ်တွေ၊ ကုန်ပစ္စည်းတင် မှန်လုံကားတွေ အသွားများ ကြတာဆိုတော့ ယာဉ်ကြောပိတ်ဆို့မှုက ညနေအထိပဲဗျာ၊ တံတား(၂)ကို လူသွားဖို့ မသတ်မှတ်ပေးနိုင် ရင်တောင် ပစ္စည်းတွေ တင်နေတဲ့ သုံးဘီးဆိုင်ကယ်တို့၊ ပစ္စည်းတင်မှန်လုံးကားတို့ကို အဲ့ဘက်က နေသွားခိုင်းရင် ယာဉ်ကြောပိတ်ဆို့မှု သက်သာစေမယ်လို့ မျှော်လင့်ပါတယ်"ဟု တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်နေ ဦးထွန်းနိုင်က ပြောသည်။

လက်ရှိတွင် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားအား ခြေလျင်သွားရောက်သူများ၊ ဆိုင်ကယ်ဖြင့် သွားရောက်သူများ၊ အိမ်သုံးကားများဖြင့် သွားရောက်သူများ အပြင်၊ သုံးဘီးဆိုင်ကယ်များဖြင့် ပစ္စည်းသယ်ယူ သွားလာမှုများ၊ တစ်နိုင်တစ်ပိုင် ပစ္စည်းသယ် မှန်လုံယာဉ် သွားလာမှုများ စသည်တို့အတွက် အသုံးပြုနပြေီး မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် နှစ်နိုင်ငံ ကုန်စည် ပို့ဆောင်ရေး အတွက်သာ အသုံးပြုနေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ပုံအညွှန်း - တာချီလိတ်သို့ ပြန်ရန် ယာဉ်ကြောပိတ်ဆို့နေသည့် မယ်ဆိုင်ဘက် တံတားထိပ် မြင်ကွင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~