လားရႈိးၿမိဳ႕တြင္ ပထမဆံုးအျဖစ္ ႏိုင္ငံတကာ မ်က္မျမင္လမ္းေလွ်ာက္တုတ္ေန႔ အထိမ္းအမွတ္အျဖစ္ လမ္းေလွ်ာက္ပြဲ က်င္းပ

လားရႈိးၿမိဳ႕တြင္ ပထမဆံုးအျဖစ္ ႏိုင္ငံတကာ မ်က္မျမင္လမ္းေလွ်ာက္တုတ္ေန႔ အထိမ္းအမွတ္အျဖစ္ လမ္းေလွ်ာက္ပြဲ က်င္းပ
အောက်တိုဘာ 15, 2018
By Tachileik News Agency

ႏိုင္ငံတကာ မ်က္မျမင္လမ္းေလွ်ာက္တုတ္ေန႔ အထိမ္းအမွတ္အျဖစ္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ(၁၅) ရက္ေန႔ နံနက္ပိုင္းက ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ပထမဦးဆံုးအႀကိမ္ စုေပါင္း လမ္းေလွ်ာက္ပြဲ က်င္းပရာ ၿမိဳ႕နယ္အတြင္းရိွ အျမင္အာရံုခ်ိဳ႕တဲ့သူ (၂၀)ဦး ပါဝင္ဆင္ႏႊဲေၾကာင္းသိရသည္။

“အျမင္အာရံုခ်ိဳ႕တဲ့ သူေတြအတြက္ ႏိုင္တံတကာ မ်က္မျမင္လမ္းေလွ်ာက္တုတ္ေန႔ အထိမ္းအမွတ္အျဖစ္ ပထမဦးဆံုးအႀကိမ္ က်င္းပျပဳလုပ္ေပးတာျဖစ္ပါတယ္။ အျမင္အာရံုခ်ိဳ႕တဲ့သူဦးေရ (၂၀) ပါဝင္ပါတယ္။ လမ္းေလွ်ာက္တုတ္ကို အသံုးျပဳၿပီးေတာ့ စုေပါင္းလမ္းေလွ်ာက္မႈ ျပဳလုပ္ေပးျခင္းအားျဖင့္ အျမင္အာရံုခ်ိဳ႕တဲ့ သူေတြဟာလည္း အမ်ားသူငါလို သြားလာလႈပ္ရွားႏိုင္တယ္ဆိုတဲ့အေၾကာင္း စိတ္ဓါတ္ျမင့္တင္ေပးတာ ျဖစ္ပါတယ္”ဟု မသန္စြမ္းမ်ားအေရး စြမ္းေဆာင္ေပးေနသည့္ ေရႊပုလဲအဖြဲ႔ မွ မမိုးသူဇာက တာခ်ီလိတ္ သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ေအာက္တိုဘာလ (၁၅) ရက္ေန႔တြင္ က်ေရာက္သည့္ ႏိုင္ငံတကာ မ်က္မျမင္လမ္းေလွ်ာက္တုတ္ေန႔ အထိမ္းအမွတ္အျဖစ္ လားရိႈးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမမွ ဗ်ဴဟာလမ္းထိပ္ထိ ( ၅ ဖာလံုခန္႔) လမ္းေလွ်ာက္တုတ္ အသံုးျပဳကာ စုေပါင္း လမ္းေလွ်ာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံတကာ မ်က္မျမင္ လမ္းေလွ်ာက္တုတ္ေန႔ အျဖစ္ ေအာက္တိုဘာလ ၁၅ ရက္ေန႔ကို ၁၉၆၉ ခုႏွစ္မွ စတင္၍  အေမရိကန္ျပည္ေထာင္စုသမၼတ Lyndon Johnsom က သတ္မွတ္ခဲ့ျခင္းျဖစ္ၿပီး လမ္းေလွ်ာက္တုတ္သည္ မ်က္မျမင္မ်ား၊ အျမင္အာရံုခ်ိဳ႕တဲ့သူမ်ားအား လိုရာခရီးကို ပို႔ေဆာင္ေပးေသာ အေထာက္အကူျပဳ ကိရိယာ အျဖစ္ သတ္မွတ္ေပးထားျခင္း ျဖစ္ေၾကာင္း သိရသည္။

လားရိႈးတြင္ ပထမဦးဆံုးအႀကိမ္ အျဖစ္ က်င္းပျပဳလုပ္သည့္ ႏိုင္ငံတကာမ်က္မျမင္လမ္းေလွ်ာက္တုတ္ေန႔ အခမ္းအနားတြင္ လားရိႈးခရိုင္ရဲတပ္ဖြဲ႔က လံုၿခံဳေရးတာဝန္ယူေပးခဲ့ၿပီး လားရိႈးလူငယ္မ်ား လူမႈကူညီေရး အဖြဲ႔က အျမင္အာရံုခ်ိဳ႕တဲ့သူမ်ားအား ႀကိဳ/ပို႔ လုပ္ေဆာင္ေပးခဲ့ၿပီး လမ္းေလွ်ာက္ပြဲသုိ႔ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန မွ တာဝန္ရွိသူမ်ား၊ လားရိႈးစက္ဘီးစီးအဖြဲ႔အပါအဝင္ စုစုေပါင္းလူဦးေရ (၂၀၀) ခန္႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

နိုင္ငံတကာ မ်က္မျမင္ လမ္းေလွ်ာက္တုတ္ေန႔ အထိမ္းအမွတ္အျဖစ္ ရန္ကုန္၊ မႏၱေလးႏွင့္ အျခား ၿမိဳ႕ႀကီးမ်ားတြင္လည္း က်င္းပေနျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ၂၀၁၄ ခုနွစ္၊သန္းေခါင္စာရင္းအရ မသန္စြမ္း (၂.၃) သန္းေက်ာ္ရွိသည့္အနက္ အျမင္အာရုံ မသန္စြမ္းသူ (၅၄.၁) ရာခိုင္ႏႈန္းပါဝင္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံတကာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ်အဖြစ် ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၁၅) ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ပထမဦးဆုံးအကြိမ် စုပေါင်း လမ်းလျှောက်ပွဲ ကျင်းပရာ မြို့နယ်အတွင်းရှိ အမြင်အာရုံချို့တဲ့သူ (၂၀)ဦး ပါဝင်ဆင်နွှဲကြောင်းသိရသည်။

“အမြင်အာရုံချို့တဲ့ သူတွေအတွက် နိုင်တံတကာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ်အဖြစ် ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်ပေးတာဖြစ်ပါတယ်။ အမြင်အာရုံချို့တဲ့သူဦးရေ (၂၀) ပါဝင်ပါတယ်။ လမ်းလျှောက်တုတ်ကို အသုံးပြုပြီးတော့ စုပေါင်းလမ်းလျှောက်မှု ပြုလုပ်ပေးခြင်းအားဖြင့် အမြင်အာရုံချို့တဲ့ သူတွေဟာလည်း အများသူငါလို သွားလာလှုပ်ရှားနိုင်တယ်ဆိုတဲ့အကြောင်း စိတ်ဓာတ်မြင့်တင်ပေးတာ ဖြစ်ပါတယ်”ဟု မသန်စွမ်းများအရေး စွမ်းဆောင်ပေးနေသည့် ရွှေပုလဲအဖွဲ့ မှ မမိုးသူဇာက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

အောက်တိုဘာလ (၁၅) ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ်အဖြစ် လားရှိုးမြို့ မြို့တော်ခန်းမမှ ဗျူဟာလမ်းထိပ်ထိ ( ၅ ဖာလုံခန့်) လမ်းလျှောက်တုတ် အသုံးပြုကာ စုပေါင်း လမ်းလျှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်တုတ်နေ့ အဖြစ် အောက်တိုဘာလ ၁၅ ရက်နေ့ကို ၁၉၆၉ ခုနှစ်မှ စတင်၍ အမေရိကန်ပြည်ထောင်စုသမ္မတ Lyndon Johnsom က သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး လမ်းလျှောက်တုတ်သည် မျက်မမြင်များ၊ အမြင်အာရုံချို့တဲ့သူများအား လိုရာခရီးကို ပို့ဆောင်ပေးသော အထောက်အကူပြု ကိရိယာ အဖြစ် သတ်မှတ်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

လားရှိုးတွင် ပထမဦးဆုံးအကြိမ် အဖြစ် ကျင်းပပြုလုပ်သည့် နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ အခမ်းအနားတွင် လားရှိုးခရိုင်ရဲတပ်ဖွဲ့က လုံခြုံရေးတာဝန်ယူပေးခဲ့ပြီး လားရှိုးလူငယ်များ လူမှုကူညီရေး အဖွဲ့က အမြင်အာရုံချို့တဲ့သူများအား ကြို/ပို့ လုပ်ဆောင်ပေးခဲ့ပြီး လမ်းလျှောက်ပွဲသို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မှ တာဝန်ရှိသူများ၊ လားရှိုးစက်ဘီးစီးအဖွဲ့အပါအဝင် စုစုပေါင်းလူဦးရေ (၂၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ မန္တလေးနှင့် အခြား မြို့ကြီးများတွင်လည်း ကျင်းပနခြေင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်၊သန်းခေါင်စာရင်းအရ မသန်စွမ်း (၂.၃) သန်းကျော်ရှိသည့်အနက် အမြင်အာရုံ မသန်စွမ်းသူ (၅၄.၁) ရာခိုင်နှုန်းပါဝင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~