ျမန္မာ - ထိုင္းခ်စ္ၾကည္ေရးတံတား(၁)၏ တာခ်ီလိတ္ဘက္အျခမ္း ယာဥ္ေၾကာ ပိတ္ဆို႔ေနမႈ ေန႔စဥ္ ျဖစ္ေပၚေန

ျမန္မာ - ထိုင္းခ်စ္ၾကည္ေရးတံတား(၁)၏ တာခ်ီလိတ္ဘက္အျခမ္း ယာဥ္ေၾကာ ပိတ္ဆို႔ေနမႈ ေန႔စဥ္ ျဖစ္ေပၚေန
အောက်တိုဘာ 12, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းခ်စ္ၾကည္ေရးတံတား(၁)၏ တာခ်ီလိတ္ဘက္အျခမ္းတြင္ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလ(၁၂)ရက္ေန႔ နံနက္(၁၀)နာရီ၀န္းက်င္က ယာဥ္ေၾကာ ပိတ္ဆို႔ေနသည့္ ျမင္ကြင္းျဖစ္ပါသည္။

တာခ်ီလိတ္ - မယ္ဆိုင္ သြားလမ္း တံတားအလယ္တြင္ ယာဥ္လမ္းေၾကာင္း ေျပာင္းစနစ္ႏွင့္အတူ တာခ်ီလိတ္ဘက္တြင္ ယာဥ္သြား၊ ယာဥ္လာမ်ားကို စစ္ေဆးမႈ မရွိေသာ္လည္း မယ္ဆိုင္ဘက္၏ ယာဥ္သြား၊ ယာဥ္လာမ်ားအား စနစ္တက် စစ္ေဆးေနမ်ားေၾကာင့္ တံတားေပၚတြင္ ယာဥ္သြား ယာဥ္လာမ်ားမွာ အခ်ိန္ၾကန္႔ၾကာမႈမ်ားႏွင့္ ေန႔စဥ္ ရင္ဆိုင္ေနရလွ်က္ရွိသည္ကို ေတြ႔ရွိရသည္။

ယင္းကဲ့သို႔ ယာဥ္ေၾကာ ပိတ္ဆို႔မႈေၾကာင့္ တာခ်ီလိတ္ဘက္ရွိ တံတားထိပ္ ၀န္းက်င္ျဖစ္သည့္ အ၀ိုင္းပတ္ ႏွင့္ ပုန္းထြန္ရပ္ကြက္ဘက္မွ လာသည့္ ယာဥ္မ်ားသည္လည္း ယာဥ္ေၾကာပိတ္ဆို႔မႈမ်ားႏွင့္ ႀကံဳေတြ႔ရလွ်က္ရွိသည္။

ယခုလို ယာဥ္ေၾကာပိတ္ဆို႔မ်ားအား ေျဖရွင္းႏိုင္ေရးအတြက္ ျမန္မာဘက္တြင္ မည္သို႔ေဆာင္ရြက္မည္ကို မသိရွိရေသးေသာ္လည္း ထိုင္းဘက္မွ တာ၀န္ရွိသူမ်ားက ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတားအား တံတား(၁)နည္းတူ အသံုးျပဳရန္အတြက္ ျမန္မာဘက္မွ ခြင့္ျပဳမည္ဆိုပါ အဆင္သင့္ျဖစ္ေနေၾကာင္းကို  TBC အစည္းအေ၀းတြင္ တင္ျပေဆြးေႏြးထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေအာင္ေက်ာ္၀င္းစိန္



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား(၁)၏ တာချီလိတ်ဘက်အခြမ်းတွင် ၂၀၁၈ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်က ယာဉ်ကြော ပိတ်ဆို့နေသည့် မြင်ကွင်းဖြစ်ပါသည်။

တာချီလိတ် - မယ်ဆိုင် သွားလမ်း တံတားအလယ်တွင် ယာဉ်လမ်းကြောင်း ပြောင်းစနစ်နှင့်အတူ တာချီလိတ်ဘက်တွင် ယာဉ်သွား၊ ယာဉ်လာများကို စစ်ဆေးမှု မရှိသော်လည်း မယ်ဆိုင်ဘက်၏ ယာဉ်သွား၊ ယာဉ်လာများအား စနစ်တကျ စစ်ဆေးနေများကြောင့် တံတားပေါ်တွင် ယာဉ်သွား ယာဉ်လာများမှာ အချိန်ကြန့်ကြာမှုများနှင့် နေ့စဉ် ရင်ဆိုင်နေရလျှက်ရှိသည်ကို တွေ့ရှိရသည်။

ယင်းကဲ့သို့ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် တာချီလိတ်ဘက်ရှိ တံတားထိပ် ဝန်းကျင်ဖြစ်သည့် အဝိုင်းပတ် နှင့် ပုန်းထွန်ရပ်ကွက်ဘက်မှ လာသည့် ယာဉ်များသည်လည်း ယာဉ်ကြောပိတ်ဆို့မှုများနှင့် ကြုံတွေ့ရလျှက်ရှိသည်။

ယခုလို ယာဉ်ကြောပိတ်ဆို့များအား ဖြေရှင်းနိုင်ရေးအတွက် မြန်မာဘက်တွင် မည်သို့ဆောင်ရွက်မည်ကို မသိရှိရသေးသော်လည်း ထိုင်းဘက်မှ တာဝန်ရှိသူများက မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားအား တံတား(၁)နည်းတူ အသုံးပြုရန်အတွက် မြန်မာဘက်မှ ခွင့်ပြုမည်ဆိုပါ အဆင်သင့်ဖြစ်နေကြောင်းကို TBC အစည်းအေဝးတွင် တင်ပြဆွေးနွေးထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~