ငွေဆောင်တွင် ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲ တက်ရောက်လိုသူများ စတင် စာရင်းပေးသွင်းနိုင်

ငွေဆောင်တွင် ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲ တက်ရောက်လိုသူများ စတင် စာရင်းပေးသွင်းနိုင်
အောက်တိုဘာ 29, 2018
By Tachileik News Agency


ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်ကမ်းခြေရှိ ယမုံနာဦးဟိုတယ်၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ တက်ရောက်လိုသူများအနေဖြင့် https://goo.gl/eHZSHV တွင် ဝင်ရောက် စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းနှင့် အလားအလာများ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတို့ကို သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကဏ္ဍများမှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးမည်ဖြစ်ပြီး တက်ရောက်သူများအနေဖြင့် တိုက်ရိုက် မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရင်းနှီးမြုပ်နှံမှုပြပွဲတွင်  နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံခြား စီးပွားရေးလုပ်ငန်ရှင်များလည်း တက်ရောက်မည်ဖြစ်ရာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြုပ်နှံမှုအလားအလာကောင်းများ ပူးပေါင်းဖေါ်ထုတ်နိုင်ရန် အခွင့်အလမ်းရရှိမည်ဖြစ်ကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ ပူးပေါင်းကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုပြပွဲ တက်ရောက်လိုသူများ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်ကမ်းခြေရှိ ယမုံနာဦးဟိုတယ်၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ တက်ရောက်လိုသူများအနဖြေင့် https://goo.gl/eHZSHV တွင် ဝင်ရောက် စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းနှင့် အလားအလာများ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတို့ကို သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကဏ္ဍများမှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးမည်ဖြစ်ပြီး တက်ရောက်သူများအနဖြေင့် တိုက်ရိုက် မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရင်းနှီးမြုပ်နှံမှုပြပွဲတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံခြား စီးပွားရေးလုပ်ငန်ရှင်များလည်း တက်ရောက်မည်ဖြစ်ရာ စီးပွားရေးလုပ်ငန်းရှင်များအနဖြေင့် ရင်းနှီးမြုပ်နှံမှုအလားအလာကောင်းများ ပူးပေါင်းဖော်ထုတ်နိုင်ရန် အခွင့်အလမ်းရရှိမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုပြပွဲသည် မြန်မာနိုင်ငံတွင် စတုတ္ထမြောက်ကျင်းပသည့် ရင်းနှီးမြုပ်နှံမှုပြပွဲဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပြပွဲများ ကျင်းပခဲ့ပြီးဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~