တာခ်ီလိတ္ၿမိဳ႕ ေအးရိပ္ၿမိဳင္လမ္းတြင္ စိတ္ၾကြေဆးျပားမ်ား သယ္လာသည့္ လူငယ္တစ္ဦးက စစ္ေဆးေရးအဖြဲ႔အား ေတြ႔ရွိ၍ ထြက္ေျပးေသာ္လည္း ရဲတပ္ဖြဲ႔မွ လိုက္လံ ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕ ေအးရိပ္ၿမိဳင္လမ္းတြင္ စိတ္ၾကြေဆးျပားမ်ား သယ္လာသည့္ လူငယ္တစ္ဦးက စစ္ေဆးေရးအဖြဲ႔အား ေတြ႔ရွိ၍ ထြက္ေျပးေသာ္လည္း ရဲတပ္ဖြဲ႔မွ လိုက္လံ ဖမ္းမိ
အောက်တိုဘာ 25, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ ဖန္မင္းေက်းရြာအုပ္စု ဧဒင္ေက်းရြာအတြင္း ေအးရိပ္ၿမိဳင္လမ္းတြင္ စိတ္ၾကြေဆးျပား (၄၀,၀၀၀) သယ္လာသည့္ အသက္(၁၈)ႏွစ္အရြယ္ လူငယ္ တစ္ဦးသည္ စစ္ေဆးေရးအဖြဲ႕ကိုေတြ႔၍ ထြက္ေျပးေသာ္လည္း  ရဲတပ္ဖြဲ႕က လိုက္လံ ဖမ္းဆီးႏုိင္လိုက္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕ႏွင့္ သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၅)ရက္ေန႔ ညေန (၄)နာရီ (၅၀)မိနစ္ဝန္းက်င္တြင္ တာခ်ီလိတ္ၿမိဳ႕ ဖန္မင္ေက်းရြာအုပ္စု၊ ဧဒင္ေက်းရြာ ေအးရိပ္ၿမိဳင္လမ္း၌ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ လူငယ္တစ္ဦးကို တားဆီးစဥ္ အဆိုပါ လူငယ္က ဆိုင္ကယ္ကို လွဲခ်ထားခဲ့ၿပီး ထြက္ေျပးသျဖင့္ လုိက္လံဖမ္းဆီးရာ ကိုက္(၃၀၀၀)ခန္႔အကြာရိွ လမ္းေဘးခ်ံဳေတာအတြင္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ က်လဲအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၀၈/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ဖန်မင်းကျေးရွာအုပ်စု ဧဒင်ကျေးရွာအတွင်း အေးရိပ်မြိုင်လမ်းတွင် စိတ်ကြွဆေးပြား (၄၀,ဝဝဝ) သယ်လာသည့် အသက်(၁၈)နှစ်အရွယ် လူငယ် တစ်ဦးသည် စစ်ဆေးရေးအဖွဲ့ကိုတွေ့၍ ထွက်ပြေးသော်လည်း ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနိုင်လိုက်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့ ညနေ (၄)နာရီ (၅၀)မိနစ်ဝန်းကျင်တွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ကျေးရွာ အေးရိပ်မြိုင်လမ်း၌ ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်တစ်ဦးကို တားဆီးစဉ် အဆိုပါ လူငယ်က ဆိုင်ကယ်ကို လှဲချထားခဲ့ပြီး ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ကိုက်(၃၀၀၀)ခန့်အကွာရှိ လမ်းဘေးချုံတောအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် ကျလဲအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၀၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~