ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အာခါ၊ လားဟူ၊ ဝ နှင့် ရှမ်း တိုင်းရင်းသားများ၏ ကောက်သစ်စားပွဲများ စတင် ကျင်းပနေ

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အာခါ၊ လားဟူ၊ ဝ နှင့် ရှမ်း တိုင်းရင်းသားများ၏ ကောက်သစ်စားပွဲများ စတင် ကျင်းပနေ
အောကျတိုဘာ 24, 2018
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် အာခါ၊ လားဟူ၊ ဝ နှင့် ရှမ်း တိုင်းရင်းသားများ၏ ကောက်သစ်စား ပွဲများကို အောက်တိုဘာလလယ်မှ စတင်၍ ကျေးရွာများအလိုက် ကျင်းပနေကြပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့တွင် တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်ရှိ နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းတွင် အာခါ ကောက်သစ်စားပွဲ ကျင်းပနေကြောင်း သိရသည်။



Tachileik News Agency
ဓါတ်ပုံ - ဇွဲမြတ်



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် အာခါ၊ လားဟူ၊ ဝ နှင့် ရှမ်း တိုင်းရင်းသားများ၏ ကောက်သစ်စား ပွဲများကို အောက်တိုဘာလလယ်မှ စတင်၍ ကျေးရွာများအလိုက် ကျင်းပနကြပြေီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့တွင် တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်ရှိ နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းတွင် အာခါ ကောက်သစ်စားပွဲ ကျင်းပနေကြောင်း သိရသည်။

ဒေသအလိုက် သီးနှံရိတ်သိမ်းပြီးချိန်တွင် ကျင်းပသည့် ကောက်သစ်စားပွဲများကို ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသရှိ အာခါ၊ လားဟူ၊ ဝ နှင့် ရှမ်း တိုင်းရင်းသား နှစ်ခြင်းခရစ်ယာန်ဘာသာဝင် ရှိသည့် နေရာများတွင် အောက်တိုဘာလလယ်မှစ၍ ဒီဇင်ဘာလ အစောပိုင်းကာလများ အထိ ကျင်းပ လေ့ရှိကြောင်း သိရသည်။

ကောက်သစ်စားပွဲကျင်းပရာတွင် သီးနှံများထွက်ရှိခြင်းအတွက် ဘုရားကျောင်းများတွင် ကျေးဇူးတော် ချီးမွမ်းခြင်း၊ ဧည့်ပရိတ်သတ်များ ဖိတ်ကြား၍ ရိုးရာအစားအစာများဖြင့် ဧည့်ခံကျွေးမွေးခြင်း အပြင် အချို့ကျေးရွာများတွင် ဖျော်ဖြေရေးပွဲများလည်း ထည့်သွင်း ကျင်းပလေ့ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~