တာခ်ီလိတ္ၿမိဳ႕ စစ္ဗ်ဴဟာကုန္းအဆင္း လမ္းေဘး၌ ရပ္ထားသည့္ ဆိုင္ကယ္အား ကားမွ ၀င္တိုက္မိ၍ ဆိုင္ကယ္ေပၚက အမ်ဳိးသမီး ေနရာတြင္ ေသဆံုးသြားၿပီး တိုက္မိသည့္ ကားမွာ ထြက္ေျပး လြတ္ေျမာက္ေန

တာခ်ီလိတ္ၿမိဳ႕ စစ္ဗ်ဴဟာကုန္းအဆင္း လမ္းေဘး၌ ရပ္ထားသည့္ ဆိုင္ကယ္အား ကားမွ ၀င္တိုက္မိ၍ ဆိုင္ကယ္ေပၚက အမ်ဳိးသမီး ေနရာတြင္ ေသဆံုးသြားၿပီး တိုက္မိသည့္ ကားမွာ ထြက္ေျပး လြတ္ေျမာက္ေန
အောက်တိုဘာ 25, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ၿမိဳ႕၊ စစ္ဗ်ဴဟာကုန္းအဆင္း တာခ်ီလိတ္ - က်ိဳင္းတံုကားလမ္းတြင္ ၂၀၁၈ ခုႏွစ္၊ သီတင္းကြ်တ္လျပည့္ ေအာက္တိုဘာလ (၂၄)ရက္ေန႔ ည(၈)နာရီအခ်ိန္က လမ္းေဘး၌ ရပ္ထားသည့္ ဆိုင္ကယ္အား ေမာ္ေတာ္ယာဥ္တစ္စီးက ဝင္တုိက္မိသျဖင့္ အမ်ိဳးသမီးတစ္ဦး ေသဆံုးသြားၿပီး ေမာ္ေတာ္ယာဥ္မွာ ေမာင္းႏွင္ထြက္ေျပးသြားေၾကာင္း သိရသည္။

လမ္းေဘးတြင္ ဆုိင္ကယ္ရပ္၍ စကားေျပာေနသည့္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးကို တာခ်ီလိတ္ၿမိဳ႕တြင္း ဘက္မွ မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္ဘက္သို႔ ေမာင္းနွင္လာသည့္ ေမာ္ေတာ္ယာဥ္ တစ္စီးက ဝင္တုိက္မိၿပီး ထြက္ေျပးေမာင္းႏွင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ေရာက္သြားတဲ့အခ်ိန္ ဆိုင္ကယ္ကို အမႈိက္ပံုနားက ၀ါးရံုပင္ကေန ဆြဲထုတ္ရတယ္၊  ေကာင္ေလးရဲ႕ မွတ္ပံုတင္နဲ႔ ေငြစုကတ္ေပ်ာက္လို႔ အဲ့အမႈိက္ပံုမွာ သြားရွာေပးတာ ျပန္ေတြ႔တယ္၊  စကားေျပာရင္း စားေနတဲ့ အားလူးေၾကာ္ထုပ္ကိုလည္း ေတြ႔ရတယ္၊ ေနာက္ၿပီး ယာဥ္တိုက္ခံရၿပီး ေကာင္​မ​ေလးက အ​ေဝးႀကီးကိုလြင္​့ၿပီး ပြဲခ်င္​းၿပီးတာ၊ ​ေကာင္​​ေလးက သတိ​ေမ့သြားၿပီးသတိရ​ေတာ့ ​ေကာင္​မ​ေလးကို လိုက္​႐ွာၿပီး ​ေပြ႔ထားရင္​းနဲ႔ လာသမ်ွကားကိုတားတာ ဘယ္​ကားမွမရပ္​​ေပးဘူးလို႔ သိရတယ္၊ ကံ​ေကာင္​းခ်င္​​ေတာ့ သူ႔ဖုန္​းက ဆက္​ရ​ေတာ့ အိမ္​ကိုလွမ္​း အ​ေၾကာင္​းၾကားလိုက္​​ေတာ့ အိမ္​ကကားနဲ႔ သူတို႔ကို တင္​လာၿပီး ​ေဆး႐ုံကို ​ေရာက္​လာခဲ့တာ"ဟု မဇၨ်ိမလူမႈကူညီေရးအသင္း အတြင္းေရးမွဴး ကိုေနမ်ဳိးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ယာဥ္တုိက္မႈေၾကာင့္ ဒဏ္ရာရသြားသည့္ အမ်ိဳးသားမွာ မစိုးရိမ္ရေသာ္လည္း အမ်ိဳးသမီးမွာ ေနရာတြင္ ေသဆံုးသြားေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၃၉/၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၇/၃၀၄ က/၂၀၂ တို႔ျဖင့္ အမႈဖြင့္ထားၿပီး ေမာင္းႏွင္ထြက္ေျပးလြတ္ေျမာက္ေနသည့္ ယာဥ္ေမာင္းအား ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ကိုေနမ်ဳိး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ စစ်ဗျူဟာကုန်းအဆင်း တာချီလိတ် - ကျိုင်းတုံကားလမ်းတွင် ၂၀၁၈ ခုနှစ်၊ သီတင်းကျွတ်လပြည့် အောက်တိုဘာလ (၂၄)ရက်နေ့ ည(၈)နာရီအချိန်က လမ်းဘေး၌ ရပ်ထားသည့် ဆိုင်ကယ်အား မော်တော်ယာဉ်တစ်စီးက ဝင်တိုက်မိသဖြင့် အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး မော်တော်ယာဉ်မှာ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

လမ်းဘေးတွင် ဆိုင်ကယ်ရပ်၍ စကားပြောနေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို တာချီလိတ်မြို့တွင်း ဘက်မှ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးက ဝင်တိုက်မိပြီး ထွက်ပြေးမောင်းနှင်သွားခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ရောက်သွားတဲ့အချိန် ဆိုင်ကယ်ကို အမှိုက်ပုံနားက ဝါးရုံပင်ကနေ ဆွဲထုတ်ရတယ်၊ ကောင်လေးရဲ့ မှတ်ပုံတင်နဲ့ ငွေစုကတ်ပျောက်လို့ အဲ့အမှိုက်ပုံမှာ သွားရှာပေးတာ ပြန်တွေ့တယ်၊ စကားပြောရင်း စားနေတဲ့ အားလူးကြော်ထုပ်ကိုလည်း တွေ့ရတယ်၊ နောက်ပြီး ယာဉ်တိုက်ခံရပြီး ကောင်​မ​လေးက အ​ဝေးကြီးကိုလွင်​့ပြီး ပွဲချင်​းပြီးတာ၊ ​ကောင်​​လေးက သတိ​မေ့သွားပြီးသတိရ​တော့ ​ကောင်​မ​လေးကို လိုက်​ရှာပြီး ​ပွေ့ထားရင်​းနဲ့ လာသမျှကားကိုတားတာ ဘယ်​ကားမှမရပ်​​ပေးဘူးလို့ သိရတယ်၊ ကံ​ကောင်​းချင်​​တော့ သူ့ဖုန်​းက ဆက်​ရ​တော့ အိမ်​ကိုလှမ်​း အ​ကြောင်​းကြားလိုက်​​တော့ အိမ်​ကကားနဲ့ သူတို့ကို တင်​လာပြီး ​ဆေးရုံကို ​ရောက်​လာခဲ့တာ"ဟု မဇ္ဇျိမလူမှုကူညီရေးအသင်း အတွင်းရေးမှူး ကိုနေမျိုးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသွားသည့် အမျိုးသားမှာ မစိုးရိမ်ရသော်လည်း အမျိုးသမီးမှာ နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၃၉/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၀၄ က/၂၀၂ တို့ဖြင့် အမှုဖွင့်ထားပြီး မောင်းနှင်ထွက်ပြေးလွတ်မြောက်နေသည့် ယာဉ်မောင်းအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကိုနေမျိုး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~