မယ္ဆိုင္ဂူ ကယ္ဆယ္ေရးအဖြဲ႔ Asia Game Changer Award ခ်ီးျမႇင့္ခံရ

မယ္ဆိုင္ဂူ ကယ္ဆယ္ေရးအဖြဲ႔ Asia Game Changer Award ခ်ီးျမႇင့္ခံရ
အောက်တိုဘာ 11, 2018
By Tachileik News Agency

ထုိင္းနိုင္ငံ မယ္ဆိုင္ဂူကယ္ဆယ္ေရးအဖြဲ႕ကို ၂၀၁၈ ခုႏွစ္အတြက္ အာရွတိုက္၏ အေျပာင္းအလဲကို ေဆာင္ၾကဥ္းသူဆုခ်ီးျမႇင့္လိုက္ရာ ကယ္ဆယ္ေရးကို ဦးေဆာင္ခဲ့သည့္ ခ်င္းရိုင္းခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ေဟာင္း (လက္ရွိ ဖေယာင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴး)နာရြန္ဆတ္အိုစထာနာကြန္းက ေဘာလံုးအဖြဲ႕မွ လူငယ္(၂)ဦးနွင့္အတူ အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕တြင္ ေအာက္တိုဘာလ(၉)ရက္ေန႔က ဆုလက္ခံယူခဲ့ေၾကာင္း သိရသည္။

လူေပါင္း(၁၀,၀၀၀)ေက်ာ္ ပါဝင္သည့္ ကယ္ဆယ္ေရးေအာင္ျမင္ရျခင္းမွာ စုစည္းလုပ္ေဆာင္မႈ၏ ရလဒ္ တစ္ခုျဖစ္ၿပီး အတူလက္တြဲ လုပ္ေဆာင္ေနသည့္ လုပ္ေဆာင္ခ်က္တစ္ခုခု ခ်ိဳ႕ယြင္းခဲ့ပါက ကယ္ဆယ္ေရး မေအာင္ျမင္ႏုိင္ေၾကာင္း နာရြန္ဆတ္အိုစထာနာကြန္းက ဆုလက္ခံယူစဥ္ ထည့္သြင္းေျပာၾကားသြားခဲ့သည္။

Asian Society က အာရွတိုက္အတြင္း အျပဳသေဘာေဆာင္သည့္ အေျပာင္းအလဲမ်ားကို ေဆာင္ၾကဥ္းေနသည့္ လူပုဂၢိဳလ္၊ အဖြဲ႕အစည္းႏွင့္ ျဖစ္ရပ္မ်ားကို ႏွစ္စဥ္ ေရြးခ်ယ္ခ်ီးျမႇင့္ေနျခင္းျဖစ္ရာ ယခုႏွစ္ အတြက္ အာရွတိုက္၏ အေျပာင္းအလဲကို ေဆာင္ၾကဥ္းသူဆု (၉)ဆုေရြးခ်ယ္ရာတြင္ မယ္ဆုိင္ဂူအတြင္း ပိတ္မိေနသည့္ ေဘာလံုးအသင္းကို ကယ္ထုတ္သည့္ ထုိင္းကယ္ဆယ္ေရး သမားမ်ားကိုလည္း ေရြးခ်ယ္ခ်ီးျမႇင့္ခံရျခင္းျဖစ္ၿပီး အဆိုပါဆုအား ကယ္ဆယ္ေရးလုပ္ငန္းကို ႀကီးၾကပ္ခဲ့သူ ခ်င္းရိုင္းခရိုင္ အုပ္ခ်ဳပ္ေရးမွဴးေဟာင္း နာရြန္ဆတ္အိုစထာနာကြန္းက ေတာဝက္ေဘာလံုးအသင္းမွ နည္းျပ ေအ့ခ္၊ “ဝ”လူငယ္ အဒြန္းတို႔ႏွင့္အတူ တက္ေရာက္ လက္ခံခဲ့ျခင္းျဖစ္သည္။

ကယ္ဆယ္ေရး အတြင္း ယံုၾကည္စြာျဖင့္ ပူးေပါင္း ပါဝင္ခဲ့ၾကသည့္ အစိုးရ၊ အဖြဲ႕အစည္းမ်ား၊ လူမႈဝန္ထမ္းမ်ား၊ မီဒီယာႏွင့္ ကမၻာတစ္လႊားမွ ကၽြမ္းက်င္သူမ်ား၊ ထိုင္းဘုရင္ ဘုရင္ မဟာဗက္ဂ်ီယာ ေလာင္ကြန္းႏွင့္ ေတာ္ဝင္မိသားစုတို႔ကိုလည္း ေက်းဇူးတင္ေၾကာင္း ၎က ေျပာၾကားသြားခဲ့သည္။

ေတာဝက္ေဘာလံုးအသင္းမွ ကေလး(၁၂)ဦးႏွင့္ နည္းျပတုိ႔မွာ မယ္ဆုိင္ေက်ာက္လိုဏ္ဂူအတြင္း ၂၀၁၈ ခုႏွစ္ ဇြန္လ (၂၃)ရက္ေန႔က ဝင္သြားၿပီးေနာက္ ဂူအတြင္းေရမ်ားျပည့္လာသျဖင့္ ပိတ္မိေနခဲ့ရာ ႏုိင္ငံေတာ္အဆင့္ ကယ္ဆယ္ေရးသတ္မွတ္ကယ္ဆယ္ခဲ့ရာ ကယ္ဆယ္ေရးလုပ္ေဆာင္သူတစ္ဦး ေသဆံုးခဲ့ကာ ဇူလိုင္လ (၁၀)ရက္ေန႔တြင္ ပိတ္မိေနသူမ်ားကို ေဘးကင္းစြာ ကယ္ထုတ္ႏုိင္ခဲ့ျခင္း ျဖစ္သည္။

ဆုလက္ခံယူရာတြင္ အသက္(၁၄)ႏွစ္အရြယ္ “ဝ” လူငယ္ အဒြန္းက ဂူအတြင္း ၿဗိတိန္ေရငုပ္သမားကို ပထမဆံုး စေတြ႔သည့္အခ်ိန္ကို အမွတ္တရ ျပန္လည္ေျပာၾကားခဲ့သည္။

အဆိုပါ ဆုခ်ီးျမႇင့္သည့္ အခမ္းအနား မတက္မီ ေတာဝက္ေဘာလံုးအသင္းသည္ အာဂ်င္တီးနား၊ ဗ်ဴႏိုေအးရီးစ္တြင္ အာဂ်င္တီးနားလူငယ္ ေဘာလံုးအသင္းႏွင့္ ကစားခဲ့ၿပီး လူငယ္အိုလံပစ္ဖြင့္ပြဲ အခမ္းအနား တက္ေရာက္ခဲ့ရာ အာဂ်င္တီးနား သမၼတက ႀကိဳဆိုခဲ့သည္။

ခ်င္းရိုင္းခရိုင္၊ မယ္ဆုိင္ၿမိဳ႕ရိွ အဆိုပါဂူတည္ရိွရာ သဘာဝသစ္ေတာဥယ်ာဥ္အား ခရီးသြားမ်ား ဆြဲေဆာင္ရာေနရာ တစ္ခုအျဖစ္ အဆင့္ျမႇင့္တင္မႈမ်ား ျပဳလုပ္ေနၿပီျဖစ္သည္။

လိုဏ္ဂူႏွင့္ပတ္ဝန္းက်င္တြင္ ကယ္ဆယ္ေရး လုပ္ေဆာင္စဥ္က ပ်က္စီးမႈမ်ားအား ျပဳျပင္ထိန္းသိမ္းမႈမ်ား ျပန္လည္ လုပ္ေဆာင္ေနရာတြင္ လံုၿခံဳေရးအစီအစဥ္မ်ားကိုပါ ထည့္သြင္းေဆာင္ရြက္ထားၿပီး အခ်ိန္မီ ၿပီးစီးမည္ဆိုပါက ႏိုဝင္ဘာလ(၁)ရက္ေန႔တြင္ ျပန္လည္ ဖြင့္လွစ္ဖြယ္ရိွေၾကာင္း သိရသည္။

ေဘာလံုးအသင္းပိတ္မိေနခဲ့သည့္ ထမ့္လြမ္ဂူကို အမ်ားျပည္သူ ဝင္ေရာက္ခြင့္ျပဳဦးမည္မဟုတ္ေၾကာင္း သိရသည္။

ဘာသာျပန္ - ခ်ယ္ရီထိုက္ ၊ Tachileik News Agency
Photo&Ref; asiasociety, bangkokpost


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ မယ်ဆိုင်ဂူကယ်ဆယ်ရေးအဖွဲ့ကို ၂၀၁၈ ခုနှစ်အတွက် အာရှတိုက်၏ အပြောင်းအလဲကို ဆောင်ကြဉ်းသူဆုချီးမြှင့်လိုက်ရာ ကယ်ဆယ်ရေးကို ဦးဆောင်ခဲ့သည့် ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဟောင်း (လက်ရှိ ဖယောင်းခရိုင်အုပ်ချုပ်ရေးမှူး)နာရွန်ဆတ်အိုစထာနာကွန်းက ဘောလုံးအဖွဲ့မှ လူငယ်(၂)ဦးနှင့်အတူ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အောက်တိုဘာလ(၉)ရက်နေ့က ဆုလက်ခံယူခဲ့ကြောင်း သိရသည်။

လူပေါင်း(၁၀,ဝဝဝ)ကျော် ပါဝင်သည့် ကယ်ဆယ်ရေးအောင်မြင်ရခြင်းမှာ စုစည်းလုပ်ဆောင်မှု၏ ရလဒ် တစ်ခုဖြစ်ပြီး အတူလက်တွဲ လုပ်ဆောင်နေသည့် လုပ်ဆောင်ချက်တစ်ခုခု ချို့ယွင်းခဲ့ပါက ကယ်ဆယ်ရေး မအောင်မြင်နိုင်ကြောင်း နာရွန်ဆတ်အိုစထာနာကွန်းက ဆုလက်ခံယူစဉ် ထည့်သွင်းပြောကြားသွားခဲ့သည်။

Asian Society က အာရှတိုက်အတွင်း အပြုသဘောဆောင်သည့် အပြောင်းအလဲများကို ဆောင်ကြဉ်းနေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် ဖြစ်ရပ်များကို နှစ်စဉ် ရွေးချယ်ချီးမြှင့်နခြေင်းဖြစ်ရာ ယခုနှစ် အတွက် အာရှတိုက်၏ အပြောင်းအလဲကို ဆောင်ကြဉ်းသူဆု (၉)ဆုရွေးချယ်ရာတွင် မယ်ဆိုင်ဂူအတွင်း ပိတ်မိနေသည့် ဘောလုံးအသင်းကို ကယ်ထုတ်သည့် ထိုင်းကယ်ဆယ်ရေး သမားများကိုလည်း ရွေးချယ်ချီးမြှင့်ခံရခြင်းဖြစ်ပြီး အဆိုပါဆုအား ကယ်ဆယ်ရေးလုပ်ငန်းကို ကြီးကြပ်ခဲ့သူ ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူးဟောင်း နာရွန်ဆတ်အိုစထာနာကွန်းက တောဝက်ဘောလုံးအသင်းမှ နည်းပြ အေ့ခ်၊ “ဝ”လူငယ် အဒွန်းတို့နှင့်အတူ တက်ရောက် လက်ခံခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေး အတွင်း ယုံကြည်စွာဖြင့် ပူးပေါင်း ပါဝင်ခဲ့ကြသည့် အစိုးရ၊ အဖွဲ့အစည်းများ၊ လူမှုဝန်ထမ်းများ၊ မီဒီယာနှင့် ကမ္ဘာတစ်လွှားမှ ကျွမ်းကျင်သူများ၊ ထိုင်းဘုရင် ဘုရင် မဟာဗက်ဂျီယာ လောင်ကွန်းနှင့် တော်ဝင်မိသားစုတို့ကိုလည်း ကျေးဇူးတင်ကြောင်း၎င်းက ပြောကြားသွားခဲ့သည်။

တောဝက်ဘောလုံးအသင်းမှ ကလေး(၁၂)ဦးနှင့် နည်းပြတို့မှာ မယ်ဆိုင်ကျောက်လိုဏ်ဂူအတွင်း ၂၀၁၈ ခုနှစ် ဇွန်လ (၂၃)ရက်နေ့က ဝင်သွားပြီးနောက် ဂူအတွင်းရေများပြည့်လာသဖြင့် ပိတ်မိနေခဲ့ရာ နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးသတ်မှတ်ကယ်ဆယ်ခဲ့ရာ ကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦး သေဆုံးခဲ့ကာ ဇူလိုင်လ (၁၀)ရက်နေ့တွင် ပိတ်မိနေသူများကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဆုလက်ခံယူရာတွင် အသက်(၁၄)နှစ်အရွယ် “ဝ” လူငယ် အဒွန်းက ဂူအတွင်း ဗြိတိန်ရေငုပ်သမားကို ပထမဆုံး စတွေ့သည့်အချိန်ကို အမှတ်တရ ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ဆုချီးမြှင့်သည့် အခမ်းအနား မတက်မီ တောဝက်ဘောလုံးအသင်းသည် အာဂျင်တီးနား၊ ဗျူနိုအေးရီးစ်တွင် အာဂျင်တီးနားလူငယ် ဘောလုံးအသင်းနှင့် ကစားခဲ့ပြီး လူငယ်အိုလံပစ်ဖွင့်ပွဲ အခမ်းအနား တက်ရောက်ခဲ့ရာ အာဂျင်တီးနား သမ္မတက ကြိုဆိုခဲ့သည်။

ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ရှိ အဆိုပါဂူတည်ရှိရာ သဘာဝသစ်တောဥယျာဉ်အား ခရီးသွားများ ဆွဲဆောင်ရာနေရာ တစ်ခုအဖြစ် အဆင့်မြှင့်တင်မှုများ ပြုလုပ်နပြေီဖြစ်သည်။

လိုဏ်ဂူနှင့်ပတ်ဝန်းကျင်တွင် ကယ်ဆယ်ရေး လုပ်ဆောင်စဉ်က ပျက်စီးမှုများအား ပြုပြင်ထိန်းသိမ်းမှုများ ပြန်လည် လုပ်ဆောင်နေရာတွင် လုံခြုံရေးအစီအစဉ်များကိုပါ ထည့်သွင်းဆောင်ရွက်ထားပြီး အချိန်မီ ပြီးစီးမည်ဆိုပါက နိုဝင်ဘာလ(၁)ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ဖွယ်ရှိကြောင်း သိရသည်။

ဘောလုံးအသင်းပိတ်မိနေခဲ့သည့် ထမ့်လွမ်ဂူကို အများပြည်သူ ဝင်ရောက်ခွင့်ပြုဦးမည်မဟုတ်ကြောင်း သိရသည်။

ဘာသာပြန် - ချယ်ရီထိုက်၊ Tachileik News Agency
Photo&Ref; asiasociety, bangkokpost

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~