ႏိုင္ငံေတာ္သမၼတ၏ မေကြးၿမိဳ႕ခရီးစဥ္တြင္ တိုင္ၾကားစာ (၉)ေစာင္ကို ခရိုင္ ေထြ/အုပ္က လက္ခံေပးထား

ႏိုင္ငံေတာ္သမၼတ၏ မေကြးၿမိဳ႕ခရီးစဥ္တြင္ တိုင္ၾကားစာ (၉)ေစာင္ကို ခရိုင္ ေထြ/အုပ္က လက္ခံေပးထား
အောက်တိုဘာ 6, 2018
By Tachileik News Agency

နုိင္ငံေတာ္သမၼတ၏ မေကြးတိုင္းေဒသႀကီး ခရီးစဥ္အတြင္း ေဒသခံမ်ား၏ တိုင္ၾကားစာမ်ားကို ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တစ္ဆင့္ လက္ခံေပးရာ တိုင္ၾကားစာ(၉)ေစာင္ လက္ခံ ရရိွေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ(၆)ရက္ေန႔တြင္ နုိင္ငံေတာ္သမၼတက ၿမိဳ႕ေတာ္ခန္း၌ မေကြးတုိင္းေဒသႀကီးအတြင္းရွိ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရးနွင့္ တရားစီရင္ေရး မ႑ိဳင္တို႔မွ တာဝန္ ရွိသူမ်ားႏွင့္ ေတြ႔ဆံုပြဲ အခမ္းအနား ျပဳလုပ္စဥ္ ေဒသခံျပည္သူလူထုထံမွ သမၼတထံတုိင္ၾကားစာမ်ားကို ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန တာဝန္ရိွသူမ်ားက လက္ခံေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

“သမၼတႀကီးဆီကုိ တုိက္ရုိက္ေပးၾကမယ္ဆုိရင္ တရုန္းရုန္းနဲ႔ ျဖစ္ေနမွာစုိးလုိ႔ ကၽြန္ေတာ္တို႔ ခရိုင္ အုပ္ခ်ဳပ္ေရး အဖြဲ႔က တာဝန္ယူၿပီး လက္ခံေပးေနတာပါ။ စုစုေပါင္းတုိင္စာ (၉)ေစာင္ လက္ခံရရွိပါတယ္”ဟု မေကြးခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တုိင္စာအမ်ားစုမွာ သိမ္းဆည္းေျမကိစၥ၊ အုပ္စုအုပ္ခ်ဳပ္ေရးမွဴးေရြးခ်ယ္ေရးကိစၥ၊ ဓာတ္ဆီဆုိင္ေျမေနရာကိစၥ၊ ယာဥ္လုိင္စဥ္သက္ေသခံအတုကိစၥနွင့္ လွ်ပ္စစ္မီးလင္းေရးျပႆနာတုိ႔ ပါဝင္ေၾကာင္း သိရသည္။

"ကြ်န္မ ေျမေလး ျပန္ရလုိတာေၾကာင့္ သမၼတႀကီးလာတုန္းမွာ တုိင္စာေပးလုိ႔ရတယ္ေျပာတာနဲ႔ အား ကိုးတႀကီး လာေပးတာပါ။ ၁၉၉၅ ခုႏွစ္ကတည္းက ေလာင္စာေတာင့္စက္ရံုအတြက္ဆုိၿပီး သိမ္း ဆည္း ခံခဲ့ရတာပါ။ ဘာမွလဲ အသံုးမျပဳတာေၾကာင့္ ၂၀၁၂ ခုနွစ္ကေန ၂၀၁၇ခုနွစ္အထိဆုိရင္ သက္ ဆိုင္ရာေတြဆီ တင္ျပခဲ့တာ (၁၀)ႀကိမ္ေလာက္ရွိခဲ့ပါၿပီ။ ဒီေန႔ထိ ဘာအေၾကာင္းျပန္ခ်က္မွ မရွိခဲ့တာေၾကာင့္ သမၼတႀကီးဆီ တုိက္ရိုက္တင္ရင္ေတာ့ ျပန္ရမွာပဲဆုိတဲ့ယံုၾကည္ခ်က္နဲ႔ တုိင္စာကို သမၼတ လက္ထဲ ထည့္ဖုိ႔လာခဲ့တာပါ။ အခုလုိ လက္ခံေပးတာေက်းဇူးတင္ရပါတယ္”ဟု တိုင္စာလာေရာက္ေပးပို႔သည့္ မေကြးၿမိဳ႕ ျပည္ေတာ္သာတုိက္တန္းေန ေဒၚအမာတင္က ေျပာသည္။

ယင္းသို႔ တိုင္စာမ်ား လက္ခံရယူရာတြင္ တုိင္ၾကားသူအား ဓာတ္ပံုရုိက္ယူ၍ ညစ္ညမ္းဆဲဆို စာမ်ား မျဖစ္ေစရန္ စာအိတ္ကို ဖြင့္ေဖာက္စစ္ေဆးၿပီးမွ စနစ္တက်ျဖင့္လက္ခံရယူျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း -  ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံတော်သမ္မတ၏ မကွေးတိုင်းဒေသကြီး ခရီးစဉ်အတွင်း ဒေသခံများ၏ တိုင်ကြားစာများကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့် လက်ခံပေးရာ တိုင်ကြားစာ(၉)စောင် လက်ခံ ရရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၆)ရက်နေ့တွင် နိုင်ငံတော်သမ္မတက မြို့တော်ခန်း၌ မကွေးတိုင်းဒေသကြီးအတွင်းရှိ အုပ်ချုပ်ရေး၊ ဥပဒပြေုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်တို့မှ တာဝန် ရှိသူများနှင့် တွေ့ဆုံပွဲ အခမ်းအနား ပြုလုပ်စဉ် ဒေသခံပြည်သူလူထုထံမှ သမ္မတထံတိုင်ကြားစာများကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများက လက်ခံပေးထားခြင်းဖြစ်ကြောင်း သိရသည်။

“သမ္မတကြီးဆီကို တိုက်ရိုက်ပေးကြမယ်ဆိုရင် တရုန်းရုန်းနဲ့ ဖြစ်နေမှာစိုးလို့ ကျွန်တော်တို့ ခရိုင် အုပ်ချုပ်ရေး အဖွဲ့က တာဝန်ယူပြီး လက်ခံပေးနေတာပါ။ စုစုပေါင်းတိုင်စာ (၉)စောင် လက်ခံရရှိပါတယ်”ဟု မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တိုင်စာအများစုမှာ သိမ်းဆည်းမြေကိစ္စ၊ အုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ရေးကိစ္စ၊ ဓာတ်ဆီဆိုင်မြေနေရာကိစ္စ၊ ယာဉ်လိုင်စဉ်သက်သေခံအတုကိစ္စနှင့် လျှပ်စစ်မီးလင်းရေးပြဿနာတို့ ပါဝင်ကြောင်း သိရသည်။

"ကျွန်မ မြေလေး ပြန်ရလိုတာကြောင့် သမ္မတကြီးလာတုန်းမှာ တိုင်စာပေးလို့ရတယ်ပြောတာနဲ့ အား ကိုးတကြီး လာပေးတာပါ။ ၁၉၉၅ ခုနှစ်ကတည်းက လောင်စာတောင့်စက်ရုံအတွက်ဆိုပြီး သိမ်း ဆည်း ခံခဲ့ရတာပါ။ ဘာမှလဲ အသုံးမပြုတာကြောင့် ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ခုနှစ်အထိဆိုရင် သက် ဆိုင်ရာတွေဆီ တင်ပြခဲ့တာ (၁၀)ကြိမ်လောက်ရှိခဲ့ပါပြီ။ ဒီနေ့ထိ ဘာအကြောင်းပြန်ချက်မှ မရှိခဲ့တာကြောင့် သမ္မတကြီးဆီ တိုက်ရိုက်တင်ရင်တော့ ပြန်ရမှာပဲဆိုတဲ့ယုံကြည်ချက်နဲ့ တိုင်စာကို သမ္မတ လက်ထဲ ထည့်ဖို့လာခဲ့တာပါ။ အခုလို လက်ခံပေးတာကျေးဇူးတင်ရပါတယ်”ဟု တိုင်စာလာရောက်ပေးပို့သည့် မကွေးမြို့ ပြည်တော်သာတိုက်တန်းနေ ဒေါ်အမာတင်က ပြောသည်။

ယင်းသို့ တိုင်စာများ လက်ခံရယူရာတွင် တိုင်ကြားသူအား ဓာတ်ပုံရိုက်ယူ၍ ညစ်ညမ်းဆဲဆို စာများ မဖြစ်စေရန် စာအိတ်ကို ဖွင့်ဖောက်စစ်ဆေးပြီးမှ စနစ်တကျဖြင့်လက်ခံရယူခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~