ေက်ာက္မဲၿမိဳ႕တြင္ ေက်ာင္းထုိင္ဆရာေတာ္တစ္ပါး ေသနတ္(၇)ခ်က္ ပစ္ခတ္ခံရ၍ ပ်ံလြန္ေတာ္မူ

ေက်ာက္မဲၿမိဳ႕တြင္ ေက်ာင္းထုိင္ဆရာေတာ္တစ္ပါး ေသနတ္(၇)ခ်က္ ပစ္ခတ္ခံရ၍ ပ်ံလြန္ေတာ္မူ
အောက်တိုဘာ 5, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕တြင္ သက္ေတာ္(၄၆)ႏွစ္ရွိ ေက်ာင္းထိုင္ဆရာေတာ္ တစ္ပါး အမည္မသိ လက္နက္ကိုင္မွ ေသနက္ျဖင့္ ပစ္ခတ္သြားရာမွာ ေသနတ္ဒဏ္ရာ (၇)ခ်က္ျဖင့္ ပ်ံလြန္ေတာ္ မူသြားေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕၊ အမွတ္(၇)ရပ္ကြက္ရွိ၊ ဓမၼေမဒနီေရႊက်င္ေက်ာင္းတိုက္တြင္ သက္ေတာ္(၄၆)ႏွစ္ရွိ  ေက်ာင္းထိုင္ ဆရာေတာ္အား ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလ(၅)ရက္ေန႔ ည(၆)နာရီခြဲ၀န္းက်င္ အခ်ိန္က အမည္မသိ လက္နက္ကိုင္မွ   ေသနတ္ျဖင့္ ပစ္ခတ္သြားရာမွ   ေသနတ္ဒဏ္ရာ(၇)ခ်က္ျဖင့္ ပ်ံလြန္ေတာ္မူသြားေၾကာင္း သိရသည္။

“သက္ေတာ္ (၄၆)ႏွစ္၊ ဝါေတာ္ (၂၇)ႏွစ္ရွိတဲ့ ဆရာေတာ္ကို အမည္မသိ လက္နက္ကိုင္က ပစ္သြားခဲ့တာပါ၊ ဆရာေတာ္ကေတာ့ ပ်ံလြန္ေတာ္မူသြားပါၿပီ၊ ရဲတပ္ဖြဲ႔ကေတာ့ အခု စံုစမ္းမႈေတြ လုပ္ေနပါတယ္” ဟု ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔မွ ရဲအရာရွိတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔  ေအာက္တိုဘာလ(၅)ရက္ေန႔ ညပိုင္းတြင္ ေျပာသည္။

ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင္း ပ်ံလြန္ေတာ္မူသြားခဲ့သည့္ ဆရာေတာ္အား  ဓမၼေမဒနီေရႊက်င္ ေက်ာင္းတိုက္၏ ေက်ာင္းထိုင္ဆရာေတာ္ျဖစ္ၿပီး အဆိုပါ ေက်ာင္းတိုက္တြင္ စာသင္ရဟန္းသံဃာ အပါး (၂၀၀)၀န္းက်င္ ရွိေၾကာင္း သိရသည္။

"သတင္းရတဲ့အခ်ိန္ ကြ်န္ေတာ္တို႔ ေက်ာင္းတိုက္ကို သြားပါတယ္၊ အဲ့အခ်ိန္မွာ ဆရာေတာ္က ေက်ာက္မဲျပည္သူ႔ ေဆးရံုကို ေရာက္ေနၿပီ၊ ဒါနဲ႔ ေဆးရံုကို လိုက္သြားေတာ့ ဆရာေတာ္က ပ်ံလြန္ေတာ္ မူေနၿပီ၊ ေသနတ္ဒဏ္ရာ (၇)ခ်က္ ေတြ႔တယ္၊ သကၤန္းမွာလည္း က်ည္ဆံအေပါက္ေတြ ေတြ႔ပါတယ္၊ က်န္တဲ့အေသးစိပ္ေတာ့ မသိရေသးဘူး"ဟု ေက်ာက္မဲၿမိဳ႕ ဇီဝိတလူမႈကူညီေရးအသင္းမွ ကိုေစာမင္းၾကဴ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရွိတြင္ အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔မွ စံုစမ္းစစ္ေဆးမႈမ်ား ေဆာင္ရြက္ ေနလွ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ကိုေစာမင္းၾကဴ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် သက်တော်(၄၆)နှစ်ရှိ ကျောင်းထိုင်ဆရာတော် တစ်ပါး အမည်မသိ လက်နက်ကိုင်မှ သေနက်ဖြင့် ပစ်ခတ်သွားရာမှာ သေနတ်ဒဏ်ရာ (၇)ချက်ဖြင့် ပျံလွန်တော် မူသွားကြောင်း သိရသည်။

ကျောက်မဲမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ၊ ဓမ္မမေဒနီရွှေကျင်ကျောင်းတိုက်တွင် သက်တော်(၄၆)နှစ်ရှိ ကျောင်းထိုင် ဆရာတော်အား ၂၀၁၈ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့ ည(၆)နာရီခွဲဝန်းကျင် အချိန်က အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်သွားရာမှ သေနတ်ဒဏ်ရာ(၇)ချက်ဖြင့် ပျံလွန်တော်မူသွားကြောင်း သိရသည်။

“သက်တော် (၄၆)နှစ်၊ ဝါတော် (၂၇)နှစ်ရှိတဲ့ ဆရာတော်ကို အမည်မသိ လက်နက်ကိုင်က ပစ်သွားခဲ့တာပါ၊ ဆရာတော်ကတော့ ပျံလွန်တော်မူသွားပါပြီ၊ ရဲတပ်ဖွဲ့ကတော့ အခု စုံစမ်းမှုတွေ လုပ်နေပါတယ်” ဟု ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၅)ရက်နေ့ ညပိုင်းတွင် ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင်း ပျံလွန်တော်မူသွားခဲ့သည့် ဆရာတော်အား ဓမ္မမေဒနီရွှေကျင် ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်ဖြစ်ပြီး အဆိုပါ ကျောင်းတိုက်တွင် စာသင်ရဟန်းသံဃာ အပါး (၂၀၀)ဝန်းကျင် ရှိကြောင်း သိရသည်။

"သတင်းရတဲ့အချိန် ကျွန်တော်တို့ ကျောင်းတိုက်ကို သွားပါတယ်၊ အဲ့အချိန်မှာ ဆရာတော်က ကျောက်မဲပြည်သူ့ ဆေးရုံကို ရောက်နပြေီ၊ ဒါနဲ့ ဆေးရုံကို လိုက်သွားတော့ ဆရာတော်က ပျံလွန်တော် မူနပြေီ၊ သေနတ်ဒဏ်ရာ (၇)ချက် တွေ့တယ်၊ သင်္ကန်းမှာလည်း ကျည်ဆံအပေါက်တွေ တွေ့ပါတယ်၊ ကျန်တဲ့အသေးစိပ်တော့ မသိရသေးဘူး"ဟု ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်းမှ ကိုစောမင်းကြူ က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက် နေလျှက်ရှိကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကိုစောမင်းကြူ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~