ျမန္မာလုပ္သားမ်ား လိုက္ပါလာသည့္ ယာဥ္ ဘန္ေကာက္ - မဲေဆာက္လမ္းတြင္ ယာဥ္မေတာ္တဆမႈေၾကာင့္ ယာဥ္ေမာင္း အပါအ၀င္ ျမန္မာအလုပ္သမား (၁၁)ဦး ေသဆံုး

ျမန္မာလုပ္သားမ်ား လိုက္ပါလာသည့္ ယာဥ္ ဘန္ေကာက္ - မဲေဆာက္လမ္းတြင္ ယာဥ္မေတာ္တဆမႈေၾကာင့္ ယာဥ္ေမာင္း အပါအ၀င္ ျမန္မာအလုပ္သမား (၁၁)ဦး ေသဆံုး
အောက်တိုဘာ 21, 2018
By Tachileik News Agency
ထိုင္းႏိုင္ငံ ဘန္ေကာက္ - မဲေဆာက္လမ္းပိုင္းတြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာ (၂၁) ရက္ေန႔ နံနက္ (၇) နာရီ၀န္းက်င္က ျမန္မာလုပ္သား (၁၄)ဦး လုိက္ပါလာသည့္ ေမာ္ေတာ္ယာဥ္ လမ္းေဘးသစ္ပင္ဝင္တုိက္မိ၍ ယာဥ္ေမာင္းအပါအဝင္ ေနရာတြင္(၉)ဦး ေသဆံုးသြားၿပီး ေဆးရံုတြင္ကုသမႈခံယူေနသူမ်ားအနက္ (၂ )ဦး ထပ္မံ ေသဆံုးသြားေၾကာင္း ျမန္မာအလုပ္သမား သံအရာရိွရံုးက သတင္းထုတ္ျပန္သည္။

ထိုင္းလူမ်ိဳး ယာဥ္ေမာင္း (၁)ဦးအပါ၀င္ (၁၅)ဦး လုိက္ပါလာသည့္ ခရီးသည္ပို႔ေဆာင္ေရးယာဥ္သည္ ဘန္ေကာက္ၿမိဳ႕ အနီးရွိ ဆမြတ္ဆခြန္ခရိုင္၊ မဟာခ်ဳိင္ၿမိဳ ့မွ မဲေဆာက္ၿမိဳ႕သို႔ ထြက္ခြာလာစဥ္
ကန္ဖယ္ဖစ္ခရိုင္ ေခါင္းခူၿမိဳ႕နယ္ လံုစီခံုဒစ္(ခ်္)အနီး ကားလမ္း မိုင္တုိင္ 421Km ၌ လမ္းေခ်ာ္ၿပီး အရိွန္မထိန္းႏိုင္ဘဲ လမ္းေဘးသစ္ပင္ကို ၀င္တိုက္ကာ မီးေလာင္ကၽြမ္းခ့ဲမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မီးေလာင္ကၽြမ္းမႈေၾကာင့္ ယာဥ္ေမာင္း အပါအ၀င္ ျမန္မာလုပ္သား(၉)ဦး အခင္းျဖစ္ပြားရာတြင္ေသဆံုးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိခဲ့သူ (၇)ဦးကို ေဆးရံုသို႔ပို႔ေဆာင္ထားစဥ္ ျမန္မာလုပ္သား(၂)ဦး ထပ္မံ ေသဆံုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိခိုက္ဒဏ္ရာရရွိသူ (၅)ဦးကို ကန္ဖယ္ဖစ္ေဆး႐ုံႏွင့္ Klong Kronk ေဆး႐ုံမ်ားတြင္ ကုသေပးေနၿပီး အဆိုပါ ျမန္မာလုပ္သားမ်ား အတြက္ လိုအပ္သည့္ အုပ္ခ်ဳပ္မႈကိစၥရပ္မ်ားအတြက္ ထိုင္းႏုိင္ငံရိွ ျမန္မာအလုပ္သမား သံအရာ႐ွိရံုးမွ အလုပ္သမားသံအရာရိွ ဦးေအာင္မင္းက အနီးကပ္ႀကီးၾကပ္ ေဆာင္ရြက္ေပးေနၿပီး အဆိုပါ ျမန္မာလုပ္သားမ်ားႏွင့္ ပတ္သက္သည့္ သတင္းအခ်က္အလက္မ်ားကို စိစစ္ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း အလုပ္သမားသံအရာရိွရံုးက ေၾကညာထားသည္။

ယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ ေမးျမန္း စံုစမ္းႏိုင္ရန္ အလုပ္သမားသံအရာ႐ွိရံုးဖုံးနံပါတ္မ်ားျဖစ္သည့္ ဦးစန္းေမာင္ဦး ၀၉၄၈၈၄၅၄၈၄၊ ဦးသန္းႏိုင္ ၀၆၅၂၂၀၆၉၅၂၊ ဦးေအာင္မင္း ၀၆၅၃၂၀၆၉၅၃၊ ဦးေဇာ္မင္းေအာင္ ၀၆၅၂၂၀၆၉၅၁ႏွင့္ ဦးဦးခင္ေမာင္ ၀၉၉၀၅၉၂၃၅၂ တို႔သို႔ ဆက္သြယ္ေမးျမန္းႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - MOEAUNGKH



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ ဘန်ကောက် - မဲဆောက်လမ်းပိုင်းတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ (၂၁) ရက်နေ့ နံနက် (၇) နာရီဝန်းကျင်က မြန်မာလုပ်သား (၁၄)ဦး လိုက်ပါလာသည့် မော်တော်ယာဉ် လမ်းဘေးသစ်ပင်ဝင်တိုက်မိ၍ ယာဉ်မောင်းအပါအဝင် နေရာတွင်(၉)ဦး သေဆုံးသွားပြီး ဆေးရုံတွင်ကုသမှုခံယူနေသူများအနက် (၂ )ဦး ထပ်မံ သေဆုံးသွားကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးက သတင်းထုတ်ပြန်သည်။

ထိုင်းလူမျိုး ယာဉ်မောင်း (၁)ဦးအပါဝင် (၁၅)ဦး လိုက်ပါလာသည့် ခရီးသည်ပို့ဆောင်ရေးယာဉ်သည် ဘန်ကောက်မြို့ အနီးရှိ ဆမွတ်ဆခွန်ခရိုင်၊ မဟာချိုင်မြို့မှ မဲဆောက်မြို့သို့ ထွက်ခွာလာစဉ်
ကန်ဖယ်ဖစ်ခရိုင် ခေါင်းခူမြို့နယ် လုံစီခုံဒစ်(ချ်)အနီး ကားလမ်း မိုင်တိုင် 421Km၌ လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ဝင်တိုက်ကာ မီးလောင်ကျွမ်းခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ယာဉ်မောင်း အပါအဝင် မြန်မာလုပ်သား(၉)ဦး အခင်းဖြစ်ပွားရာတွင်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၇)ဦးကို ဆေးရုံသို့ပို့ဆောင်ထားစဉ် မြန်မာလုပ်သား(၂)ဦး ထပ်မံ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ (၅)ဦးကို ကန်ဖယ်ဖစ်ဆေးရုံနှင့် Klong Kronk ဆေးရုံများတွင် ကုသပေးနပြေီး အဆိုပါ မြန်မာလုပ်သားများ အတွက် လိုအပ်သည့် အုပ်ချုပ်မှုကိစ္စရပ်များအတွက် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား သံအရာရှိရုံးမှ အလုပ်သမားသံအရာရှိ ဦးအောင်မင်းက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးနပြေီး အဆိုပါ မြန်မာလုပ်သားများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စိစစ်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးက ကြေညာထားသည်။

ယာဉ်တိုက်မှုနှင့် ပတ်သက်၍ မေးမြန်း စုံစမ်းနိုင်ရန် အလုပ်သမားသံအရာရှိရုံးဖုံးနံပါတ်များဖြစ်သည့် ဦးစန်းမောင်ဦး ဝ၉၄၈၈၄၅၄၈၄၊ ဦးသန်းနိုင် ဝ၆၅၂၂၀၆၉၅၂၊ ဦးအောင်မင်း ဝ၆၅၃၂၀၆၉၅၃၊ ဦးဇော်မင်းအောင် ဝ၆၅၂၂၀၆၉၅၁နှင့် ဦးဦးခင်မောင် ဝ၉၉၀၅၉၂၃၅၂ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - MOEAUNGKH

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~