တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရး အမွတ္(၁)တံတားေပၚတြင္ အုပ္စု(၂)စု ရန္ျဖစ္ၾက၍ အမ်ားျပည္သူဆုိင္ရာေနရာတြင္ ေႏွာင့္ယွက္မႈျဖင့္ အေရးယူထား

တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရး အမွတ္(၁)တံတားေပၚတြင္ အုပ္စု(၂)စု ရန္ျဖစ္ၾက၍ အမ်ားျပည္သူဆုိင္ရာေနရာတြင္ ေႏွာင့္ယွက္မႈျဖင့္ အေရးယူထား
အောက်တိုဘာ 17, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား(၁)တြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၇)ရက္ေန႔ နံနက္(၆)နာရီခြဲ ဝန္းက်င္က အုပ္စုဖြဲ႕ ရန္ျဖစ္ၾကသည့္ အမ်ိဳးသား၊ အမ်ိဳးသမီး (၉)ဦးကို အမ်ားျပည္သူဆုိင္ရာေနရာတြင္ ေႏွာင့္ယွက္မႈျဖင့္  အေရးယူထားေၾကာင္း သိရသည္။

ပုန္းထြန္ရပ္ကြက္မွ ကိုမ်ဳိးျမင့္ေက်ာ္ ပါ၀င္သည့္ အမ်ိဳးသား(၂)ဦးႏွင့္ အမ်ိဳးသမီး (၃)ဦး ပါဝင္သည့္အဖြဲ႕ႏွင့္  ဝမ္ေကာင္းရပ္ကြက္ ကခ်င္ရြာမွ ဦးျမင့္ဦး ပါ၀င္သည့္ အမ်ိဳးသား(၁)ဦးႏွင့္ အမ်ိဳးသမီး(၃)ဦးပါဝင္သည့္ အဖြဲ႕တို႔က တုတ္မ်ားဆြဲကိုင္၍ စကားမ်ား ရန္ျဖစ္ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

တံတားေပၚရိွ လံုၿခံဳေရးတပ္ဖြဲ႕ဝင္မ်ားက တားျမစ္ေသာ္လည္း ဆက္လက္ ရန္ျဖစ္ေနခဲ့ၿပီး ဦးျမင့္ဦးဆိုသူ၏ ဦးေခါင္းမွာ ေပါက္ၿပဲဒဏ္ရာမ်ား  ရသြားေၾကာင္း သိရသည္။

အမ်ားျပည္သူဆိုင္ရာေနရာတြင္ ေႏွာင့္ယွက္က်ဴးလြန္သူ အဆိုပါ (၉)ဦးကို အေရးယူထားေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား(၁)တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့ နံနက်(၆)နာရီခွဲ ဝန်းကျင်က အုပ်စုဖွဲ့ ရန်ဖြစ်ကြသည့် အမျိုးသား၊ အမျိုးသမီး (၉)ဦးကို အများပြည်သူဆိုင်ရာနေရာတွင် နှောင့်ယှက်မှုဖြင့် အရေးယူထားကြောင်း သိရသည်။

ပုန်းထွန်ရပ်ကွက်မှ ကိုမျိုးမြင့်ကျော် ပါဝင်သည့် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး (၃)ဦး ပါဝင်သည့်အဖွဲ့နှင့် ဝမ်ကောင်းရပ်ကွက် ကချင်ရွာမှ ဦးမြင့်ဦး ပါဝင်သည့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၃)ဦးပါဝင်သည့် အဖွဲ့တို့က တုတ်များဆွဲကိုင်၍ စကားများ ရန်ဖြစ်ကြခြင်း ဖြစ်ကြောင်း သိရသည်။

တံတားပေါ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက တားမြစ်သော်လည်း ဆက်လက် ရန်ဖြစ်နေခဲ့ပြီး ဦးမြင့်ဦးဆိုသူ၏ ဦးခေါင်းမှာ ပေါက်ပြဲဒဏ်ရာများ ရသွားကြောင်း သိရသည်။

အများပြည်သူဆိုင်ရာနေရာတွင် နှောင့်ယှက်ကျူးလွန်သူ အဆိုပါ (၉)ဦးကို အရေးယူထားကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~