တာခ်ီလိတ္ၿမိဳ႕ အာခါေစ်းလမ္းတြင္ လိုင္စင္ပါသည့္ ဆိုင္ကယ္တစ္စီး ခိုးခံရ

တာခ်ီလိတ္ၿမိဳ႕ အာခါေစ်းလမ္းတြင္ လိုင္စင္ပါသည့္ ဆိုင္ကယ္တစ္စီး ခိုးခံရ
အောက်တိုဘာ 6, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္၊ တာခ်ီလိတ္ၿမိဳ႕ရွိ ၀ိန္းေက်ာက္ရပ္ကြက္အတြင္း အာခါေစ်းလမ္းတြင္ လိုင္စင္ပါသည့္ ေမာ္ေတာ္ဆိုင္ကယ္ တစ္စီး ခိုးခံရမႈ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလ(၅)ရက္ေန႔ ည(၉)နာရီေက်ာ္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ဆိုင္ကယ္ခိုးခံရသည့္ ေနရာသည္ ၀ိန္းေက်ာက္ရပ္ကြက္၊ အာခါေစ်းလမ္း၊ လမ္းသြယ္(၃)အနီးတြင္ျဖစ္ၿပီး ဆိုင္ကယ္အမ်ဳိးအစားမွာ အျပာေရာင္ ဟြန္ဒါဒရင္း 125 အမ်ဳိးအစားျဖစ္ၿပီး ယာဥ္အမွတ္မွာ ၆ဃ/၆၆၂၅ ျဖစ္ေၾကာင္း ႏွင့္ ေဘာင္အမွတ္မွာ ND125M - 0020786 ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဆိုင္ကယ္ခိုးခံရမႈႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလ(၆)ရက္ေန႔ ညေန(၅)နာရီ၀န္းက်င္အခ်ိန္က ဆိုင္ကယ္ပိုင္ရွင္မွ သြားေရာက္ကာ အသိေပး အေၾကာင္းၾကား ထားေၾကာင္း သိရသည္။

ခိုးခံရသည့္ ဆိုင္ကယ္အား လာေရာက္ ေရာင္းခ်သည္ ျဖစ္ေစ၊ တစ္ေနရာရာ တြင္ ေတြ႔ရွိရသည္ျဖစ္ေစ ျမန္မာဖုန္း 09444297002 ႏွင့္ 09250295660 ဖုန္းနံပါတ္မ်ားသို႔ ဆက္သြယ္ အေၾကာင္းၾကား ေပးႏိုင္ပါေၾကာင္း ဆိုင္ကယ္ပိုင္ရွင္မွ အကူအညီေတာင္းခံထားရွိသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့ရှိ ဝိန်းကျောက်ရပ်ကွက်အတွင်း အာခါဈေးလမ်းတွင် လိုင်စင်ပါသည့် မော်တော်ဆိုင်ကယ် တစ်စီး ခိုးခံရမှု ၂၀၁၈ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့ ည(၉)နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်ခိုးခံရသည့် နေရာသည် ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်း၊ လမ်းသွယ်(၃)အနီးတွင်ဖြစ်ပြီး ဆိုင်ကယ်အမျိုးအစားမှာ အပြာရောင် ဟွန်ဒါဒရင်း 125 အမျိုးအစားဖြစ်ပြီး ယာဉ်အမှတ်မှာ ၆ဃ/၆၆၂၅ ဖြစ်ကြောင်း နှင့် ဘောင်အမှတ်မှာ ND125M - 0020786 ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်ခိုးခံရမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းသို့ ၂၀၁၈ခုနှစ် အောက်တိုဘာလ(၆)ရက်နေ့ ညနေ(၅)နာရီဝန်းကျင်အချိန်က ဆိုင်ကယ်ပိုင်ရှင်မှ သွားရောက်ကာ အသိပေး အကြောင်းကြား ထားကြောင်း သိရသည်။

ခိုးခံရသည့် ဆိုင်ကယ်အား လာရောက် ရောင်းချသည် ဖြစ်စေ၊ တစ်နေရာရာ တွင် တွေ့ရှိရသည်ဖြစ်စေ မြန်မာဖုန်း 09444297002 နှင့် 09250295660 ဖုန်းနံပါတ်များသို့ ဆက်သွယ် အကြောင်းကြား ပေးနိုင်ပါကြောင်း ဆိုင်ကယ်ပိုင်ရှင်မှ အကူအညီတောင်းခံထားရှိသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~