
စကျတငျဘာ 14, 2018
By 🌸



ဓါတ်ပုံ -UTS

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ သီရိမင်္ဂလာဆန်းဆိုင်းကျောင်းတိုက်တွင် မဟာဝေသန္တရာဇာတ်တော်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်းဆန်ဆိုင်း(ခ)ရှိ သီရိမင်္ဂလာဆန်းဆိုင်းကျောင်းတိုက်တွင် မဟာဝေသန္တရာဇာတ်တော်ရွတ်ဖတ်ပူဇော်ပွဲကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့မှစ၍ (၁၇)ရက်နေ့အထိ ကျင်းပနေကြောင်း သိရသည်။

(၄)ရက်ကြာကျင်းပမည့် ပူဇော်ပွဲကာလအတွင်း ကားဆိုင်ကယ်များ လုံခြုံရေးအတွက်စောင့်ရှောက်ပေးခြင်းကို မဇ္ဈိမလူမှုကူညီရေးအသင်း ရန်ပုံငွေအဖြစ် တစ်စီးလျှင် (၁၀)ဘတ်နှုန်းဖြင့် တာဝန်ယူ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မဟာဝေသန္တရာဇာတ်တော်ရွတ်ဖတ်ပူဇော်ပွဲများကို ကျောင်းတိုက်များအလိုက် ကျင်းပလေ့ရှိကြောင်း သိရသည်။

ဓါတ်ပုံ -UTS 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~