တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္အတြင္း လူငယ္တစ္ဦးထံက စိတ္ၾကြေဆးျပား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္အတြင္း လူငယ္တစ္ဦးထံက စိတ္ၾကြေဆးျပား ဖမ္းဆီးရမိ
စက်တင်ဘာ 5, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္အတြင္း၌  ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၅)ရက္ေန႔ နံနက္(၁၀)နာရီေက်ာ္က လူငယ္တစ္ဦးထံမွ စိတ္ၾကြေဆးျပား (၂၀၀၀)ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ ရဲအုပ္ဝင္းထြန္းဦးစီးအဖြဲ႕၊ ျပည္နယ္ရဲရံုး(မႈ/ကူ)မွ ဒုရဲအုပ္ေဝလင္းထြန္း၊ ရဲတပ္ၾကပ္ ထြန္းဝင္းေဇာ္၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ရဲတပ္ၾကပ္ႀကီး ေအာင္စိုးမိုး၊ စရဖ(တသခ)စု-၂မွ တပ္ၾကပ္ႀကီး ရဲလင္းထုိက္ႏွင့္ သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ မူးယစ္သတင္းအရ တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္၊ ေဂၚသဇင္လမ္းတြင္ ေစာင့္ဆုိင္းေနစဥ္ နတ္စင္ဘက္မွ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အားဆာ(ခ) မင္းရင္ခြင္အား  သက္ေသမ်ားေရွ႕တြင္ ရွာေဖြရာ ဆိုင္ကယ္ တူးေဘာက္ အတြင္းမွ WY စာတမ္းပါ စိတ္ၾကြရူးသြပ္ေဆးျပား (၂,၀၀၀)ကို စစ္ေဆး ေတြ႔ရိွရျခင္း ျဖစ္ေၾကာင္း သိရသည္။

ဆက္လက္၍ ပူးေပါင္းအဖြဲ႕သည္ အားဆာ(ခ)မင္းရင္ခြင္ ေနထိုင္ရာ အိမ္ခန္းသို႔ သြားေရာက္ ရွာေဖြရာ မူးယစ္ေဆးဝါး ေတြ႔ရျခင္း မရိွေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ အားဆာ(ခ)မင္းရင္ခြင္ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၇၄/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က) အရ အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်း၌ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့ နံနက်(၁၀)နာရီကျော်က လူငယ်တစ်ဦးထံမှ စိတ်ကြွဆေးပြား (၂၀၀၀)ကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်ဝင်းထွန်းဦးစီးအဖွဲ့၊ ပြည်နယ်ရဲရုံး(မှု/ကူ)မှ ဒုရဲအုပ်ဝေလင်းထွန်း၊ ရဲတပ်ကြပ် ထွန်းဝင်းဇော်၊ တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး အောင်စိုးမိုး၊ စရဖ(တသခ)စု-၂မှ တပ်ကြပ်ကြီး ရဲလင်းထိုက်နှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူးယစ်သတင်းအရ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ဂေါ်သဇင်လမ်းတွင် စောင့်ဆိုင်းနေစဉ် နတ်စင်ဘက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် အားဆာ(ခ) မင်းရင်ခွင်အား သက်သေများရှေ့တွင် ရှာဖွေရာ ဆိုင်ကယ် တူးဘောက် အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၂,ဝဝဝ)ကို စစ်ဆေး တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် အားဆာ(ခ)မင်းရင်ခွင် နေထိုင်ရာ အိမ်ခန်းသို့ သွားရောက် ရှာဖွေရာ မူးယစ်ဆေးဝါး တွေ့ရခြင်း မရှိကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် အားဆာ(ခ)မင်းရင်ခွင်ကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၇၄/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က) အရ အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~