တာခ်ီလိတ္တြင္ ေရႊျခေသၤ့သံုးဘီး(ယာဥ္ႀကီး)အသင္းေကာ္မတီ သက္တမ္း(၅)ႏွစ္အတြင္း ပထမဆံုးအႀကိမ္ ေကာ္မတီသစ္ျပန္လည္ေရြးခ်ယ္

တာခ်ီလိတ္တြင္ ေရႊျခေသၤ့သံုးဘီး(ယာဥ္ႀကီး)အသင္းေကာ္မတီ သက္တမ္း(၅)ႏွစ္အတြင္း ပထမဆံုးအႀကိမ္ ေကာ္မတီသစ္ျပန္လည္ေရြးခ်ယ္
စက်တင်ဘာ 16, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီက ဦးေဆာင္ ဖြဲ႕စည္းထားသည့္ ေရႊျခေသၤ့သံုးဘီး(ယာဥ္ႀကီး)အသင္းေကာ္မတီ၏ သက္တမ္း(၅)ႏွစ္အတြင္း ပထမဆံုးအႀကိမ္အျဖစ္ ေကာ္မတီအဖြဲ႕သစ္ေရြးခ်ယ္ျခင္းကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၅)ရက္ေန႔က ခရိုင္ျပည္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးရံုးတြင္ ျပဳလုပ္သည္။

“ျပည္ခုိင္ၿဖိဳးပါတီမွာပါတဲ့ ပါတီဝင္ေတြရဲ႕ေတာင္းဆိုခ်က္အရ ဒီအသင္းႀကီးျဖစ္လာေအာင္ ေဆာင္ရြက္ေပးခဲ့တယ္။ ဒီလိုေဆာင္ရြက္ေပးလုိ႔ ကၽြန္ေတာ္တုိ႔ ပါတီကို ဘယ္ေလာက္ေပးရမယ္လို႔ သတ္မွတ္မထားဘူး။ သူတို႔က ေစတနာရိွသေလာက္ လွဴဒါန္းတာကို လက္ခံတယ္။ ျပည္ခုိင္ၿဖိဳးက ဦးေဆာင္ၿပီး ဒီအသင္းျဖစ္ေပၚလာေအာင္ ေဆာင္ရြက္ခဲ့တာေၾကာင့္ ဒီထဲမွာျဖစ္တာက ပါတီဝင္အခ်င္းခ်င္း ေငြလိမ္တယ္ေတြ ဘာေတြျဖစ္လာတာ။ ဒီအသင္းထဲမွာ ပါတာက ျပည္ခိုင္ၿဖိဳးတစ္ခုထဲတင္ မဟုတ္ဘူး။ က်ားျဖဴပါတယ္၊ က်ားေခါင္းပါတယ္၊ ဘယ္ပါတီမွ မပါတာေတြလည္းပါတယ္။ ပါတီရဲ႕ႀကီးၾကပ္ကြပ္ကဲမႈေအာက္မွာရိွတာဆိုေတာ့ ေကာ္မတီဝင္ေတြရဲ႕ ဆႏၵသေဘာထားအရ အခုေကာ္မတီျပန္ေရြးေပးတာျဖစ္ပါတယ္”ဟု ေရႊျခေသၤ့သံုးဘီး(ယာဥ္ႀကီး)အသင္း ေကာ္မတီဝင္မ်ား ျပန္လည္ေရြးခ်ယ္ခန္႔အပ္တာဝန္ေပးအပ္ပြဲအတြက္  တာခ်ီလိတ္ၿမိဳ႕ ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ေျပာေရးဆိုခြင့္ရိွသူ ဦးဝင္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါအသင္းအား ၂၀၁၃ ခုႏွစ္တြင္ ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီက ဦးေဆာင္ ဖြဲ႕စည္းခဲ့ျခင္းျဖစ္ၿပီး နာယက(၄)ဦးျဖစ္သည့္ ဦးစိုင္းဆြတ္ဝန္း(ခ) ဦးစိုင္းမုိင္၊ ဦးဘိုစံ၊ ဦးစိုင္းေရႊထြန္း၊ ဦးခင္ေမာင္ျမင့္ႏွင့္ ဥကၠဌျဖစ္သည့္ ဦးစိုင္းထြန္းခိုင္အပါအဝင္ စုစုေပါင္း (၁၂)ဦးပါဝင္သည့္ ေကာ္မတီက တာဝန္ယူေဆာင္ရြက္ေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေကာ္မတီ၏ သက္တမ္း(၅)ႏွစ္တာကာလအတြင္း ေငြစာရင္းရွင္းလင္းျခင္း၊ ေကာ္မတီအစည္းအေဝး ေခၚယူျခင္းမ်ား လုပ္ေဆာင္ျခင္းမရိွဟုဆိုကာ အဖြဲ႕ဝင္မ်ားက ေကာ္မတီအား အသစ္ျပန္လည္ဖြဲ႕စည္းေပးရန္ ေတာင္းဆိုလာသျဖင့္ စက္တင္ဘာလ (၁၅)ရက္ေန႔တြင္ ေကာ္မတီဝင္မ်ား ျပန္လည္ေရြးခ်ယ္ခန္႔အပ္တာဝန္ေပးအပ္ပြဲကို က်င္းပျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါ အခမ္းအနားသို႔ လက္ရိွအသင္းဝင္ (၅၃) ထက္ဝက္ေက်ာ္ တက္ေရာက္ၿပီး ေကာ္မတီသစ္အျဖစ္ အမည္စာရင္း တင္သြင္းသည့္ ဥကၠဌ ဦးစိုးေက်ာ္ေအာင္ အပါအဝင္ ေကာ္မတီဝင္ (၁၀)ဦးကို ကန္႔ကြက္သူမရိွ အတည္ျပဳခဲ့ၾကသည္ကို ေတြ႔ရသည္။

ယခင္ေကာ္မတီေဟာင္းတြင္ ဥကၠဌအျဖစ္ ဦးစိုင္းထြန္းခိုင္၊ စာရင္းစစ္အျဖစ္ ဦးေဖဝင္းခင္၊ ဘ႑ာေရးမွဴးအျဖစ္ ဦးနန္ဆိုင္၊ ထိန္းသိမ္းေရးမွဴးအျဖစ္ ဦးဝင္းလိႈင္ဦး၊ အတြင္းေရးမွဴးအျဖစ္ ဦးေမာင္ေမာင္စိုး၊ အဖြဲ႕ဝင္မ်ားအျဖစ္ ဦးအုိက္ရီ၊ ဦးအုိက္ငို႔ႏွင့္ ဦးေက်ာ္ၿငိမ္းေအာင္တို႔က တာဝန္ယူခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွအသစ္ျပန္လည္ဖြဲ႕စည္းလုိက္သည့္ ေကာ္မတီတြင္ ဥကၠဌအျဖစ္ ဦးစိုးေက်ာ္ေအာင္၊ အတြင္းေရးမွဴးအျဖစ္ ဦးနန္က်ိဳင္း၊ တြဲဖက္အတြင္းေရးမွဴးအျဖစ္ ဦးအုိက္ပ်င္း၊ ဘ႑ာေရးမွဴးအျဖစ္ ဦးစိုင္းရီ၊ စာရင္းစစ္အျဖစ္ ဦးစိုင္းခမ္းမတ္၊ အဖြဲ႕ဝင္မ်ားအျဖစ္ ဦးက်ိဳင္းပင္း၊ ဦးေအးေဖ၊ ဦးစိုင္းရြတ္၊ ဦးက်ိဳင္းလံုႏွင့္ ဦးအိုက္ဆိုင္းတို႔ တာဝန္ယူထားေၾကာင္း သိရသည္။

အဆိုပါ ေကာ္မတီသစ္ကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၉)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕ရိွ ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီရံုးတြင္ လုပ္ငန္းတာဝန္မ်ား လႊဲေျပာင္းေပးမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အသင္းစတင္ဖြဲ႕စည္းစဥ္က အသင္းဝင္ (၇၀)ရိွေသာ္လည္း လက္ရိွတြင္ အသင္းဝင္ (၅၃)ဦးရိွေနၿပီး အသင္းအား ေရြးခ်ယ္ထားသည့္ ေကာ္မတီက စီမံခန္႔ခြဲျခင္းျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် ရွှေခြင်္သေ့သုံးဘီး(ယာဉ်ကြီး)အသင်းကော်မတီ သက်တမ်း(၅)နှစ်အတွင်း ပထမဆုံးအကြိမ် ကော်မတီသစ်ပြန်လည်ရွေးချယ်
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင် ဖွဲ့စည်းထားသည့် ရွှေခြင်္သေ့သုံးဘီး(ယာဉ်ကြီး)အသင်းကော်မတီ၏ သက်တမ်း(၅)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကော်မတီအဖွဲ့သစ်ရွေးချယ်ခြင်းကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့က ခရိုင်ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတွင် ပြုလုပ်သည်။

“ပြည်ခိုင်ဖြိုးပါတီမှာပါတဲ့ ပါတီဝင်တွေရဲ့တောင်းဆိုချက်အရ ဒီအသင်းကြီးဖြစ်လာအောင် ဆောင်ရွက်ပေးခဲ့တယ်။ ဒီလိုဆောင်ရွက်ပေးလို့ ကျွန်တော်တို့ ပါတီကို ဘယ်လောက်ပေးရမယ်လို့ သတ်မှတ်မထားဘူး။ သူတို့က စေတနာရှိသလောက် လှူဒါန်းတာကို လက်ခံတယ်။ ပြည်ခိုင်ဖြိုးက ဦးဆောင်ပြီး ဒီအသင်းဖြစ်ပေါ်လာအောင် ဆောင်ရွက်ခဲ့တာကြောင့် ဒီထဲမှာဖြစ်တာက ပါတီဝင်အချင်းချင်း ငွေလိမ်တယ်တွေ ဘာတွေဖြစ်လာတာ။ ဒီအသင်းထဲမှာ ပါတာက ပြည်ခိုင်ဖြိုးတစ်ခုထဲတင် မဟုတ်ဘူး။ ကျားဖြူပါတယ်၊ ကျားခေါင်းပါတယ်၊ ဘယ်ပါတီမှ မပါတာတွေလည်းပါတယ်။ ပါတီရဲ့ကြီးကြပ်ကွပ်ကဲမှုအောက်မှာရှိတာဆိုတော့ ကော်မတီဝင်တွေရဲ့ ဆန္ဒသဘောထားအရ အခုကော်မတီပြန်ရွေးပေးတာဖြစ်ပါတယ်”ဟု ရွှေခြင်္သေ့သုံးဘီး(ယာဉ်ကြီး)အသင်း ကော်မတီဝင်များ ပြန်လည်ရွေးချယ်ခန့်အပ်တာဝန်ပေးအပ်ပွဲအတွက်  တာချီလိတ်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါအသင်းအား ၂၀၁၃ ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နာယက(၄)ဦးဖြစ်သည့် ဦးစိုင်းဆွတ်ဝန်း(ခ) ဦးစိုင်းမိုင်၊ ဦးဘိုစံ၊ ဦးစိုင်းရွှေထွန်း၊ ဦးခင်မောင်မြင့်နှင့် ဥက္ကဌဖြစ်သည့် ဦးစိုင်းထွန်းခိုင်အပါအဝင် စုစုပေါင်း (၁၂)ဦးပါဝင်သည့် ကော်မတီက တာဝန်ယူဆောင်ရွက်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကော်မတီ၏ သက်တမ်း(၅)နှစ်တာကာလအတွင်း ငွေစာရင်းရှင်းလင်းခြင်း၊ ကော်မတီအစည်းအဝေး ခေါ်ယူခြင်းများ လုပ်ဆောင်ခြင်းမရှိဟုဆိုကာ အဖွဲ့ဝင်များက ကော်မတီအား အသစ်ပြန်လည်ဖွဲ့စည်းပေးရန် တောင်းဆိုလာသဖြင့် စက်တင်ဘာလ (၁၅)ရက်နေ့တွင် ကော်မတီဝင်များ ပြန်လည်ရွေးချယ်ခန့်အပ်တာဝန်ပေးအပ်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ လက်ရှိအသင်းဝင် (၅၃) ထက်ဝက်ကျော် တက်ရောက်ပြီး ကော်မတီသစ်အဖြစ် အမည်စာရင်း တင်သွင်းသည့် ဥက္ကဌ ဦးစိုးကျော်အောင် အပါအဝင် ကော်မတီဝင် (၁၀)ဦးကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြသည်ကို တွေ့ရသည်။

ယခင်ကော်မတီဟောင်းတွင် ဥက္ကဌအဖြစ် ဦးစိုင်းထွန်းခိုင်၊ စာရင်းစစ်အဖြစ် ဦးဖေဝင်းခင်၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးနန်ဆိုင်၊ ထိန်းသိမ်းရေးမှူးအဖြစ် ဦးဝင်းလှိုင်ဦး၊ အတွင်းရေးမှူးအဖြစ် ဦးမောင်မောင်စိုး၊ အဖွဲ့ဝင်များအဖြစ် ဦးအိုက်ရီ၊ ဦးအိုက်ငို့နှင့် ဦးကျော်ငြိမ်းအောင်တို့က တာဝန်ယူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ကော်မတီတွင် ဥက္ကဌအဖြစ် ဦးစိုးကျော်အောင်၊ အတွင်းရေးမှူးအဖြစ် ဦးနန်ကျိုင်း၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဦးအိုက်ပျင်း၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးစိုင်းရီ၊ စာရင်းစစ်အဖြစ် ဦးစိုင်းခမ်းမတ်၊ အဖွဲ့ဝင်များအဖြစ် ဦးကျိုင်းပင်း၊ ဦးအေးဖေ၊ ဦးစိုင်းရွတ်၊ ဦးကျိုင်းလုံနှင့် ဦးအိုက်ဆိုင်းတို့ တာဝန်ယူထားကြောင်း သိရသည်။

အဆိုပါ ကော်မတီသစ်ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်နေ့တွင် တာချီလိတ်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် လုပ်ငန်းတာဝန်များ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသင်းစတင်ဖွဲ့စည်းစဉ်က အသင်းဝင် (၇၀)ရှိသော်လည်း လက်ရှိတွင် အသင်းဝင် (၅၃)ဦးရှိနေပြီး အသင်းအား ရွေးချယ်ထားသည့် ကော်မတီက စီမံခန့်ခွဲခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~