ၿပိဳက်ေက်ာက္မီးေသြးတြင္း ပိတ္သိမ္းလုိက္ၿပီျဖစ္သျဖင့္ ပိတ္မိလုပ္သားမ်ားကို ေစာင့္ဆုိင္းေနသည့္ မိသားစုဝင္မ်ား ေနရပ္ျပန္ရန္ ျပင္ဆင္ေန

ၿပိဳက်ေက်ာက္မီးေသြးတြင္း ပိတ္သိမ္းလုိက္ၿပီျဖစ္သျဖင့္ ပိတ္မိလုပ္သားမ်ားကို ေစာင့္ဆုိင္းေနသည့္ မိသားစုဝင္မ်ား ေနရပ္ျပန္ရန္ ျပင္ဆင္ေန
စက်တင်ဘာ 10, 2018
By 🌸
ေပါက္ကြဲမႈျဖစ္ပြားၿပီး လုပ္သား(၄)ဦးပိတ္မိေနသည့္ ေက်ာက္မီးေသြးတြင္းကို ကၽြမ္းက်င္ပညာရွင္မ်ား ပါဝင္သည့္အဖြဲ႕ျဖင့္ ေပ(၆၀၀)အထိ ရွာေဖြစစ္ေဆးေတြ႔ရိွမႈမ်ားအရ စက္တင္ဘာလ(၉)ရက္ေန႔ ညေန(၆)နာရီတြင္ ပိတ္သိမ္းလုိက္ၿပီျဖစ္သျဖင့္ လာေရာက္ေစာင့္ဆိုင္းေနသည့္ ပိတ္မိေနသည့္လုပ္သားမ်ား၏ မိသားစုဝင္မ်ားမွာ စက္တင္ဘာလ(၁၀)ရက္ေန႔တြင္  ေနရပ္ျပန္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

“ေလာေလာဆယ္ေတာ့ ဆိုင္းပုဒ္နဲ႔ပဲကပ္ၿပီးေတာ့ ပိတ္ထားတယ္။ ပိတ္မိေနတဲ့လုပ္သားမိသားစုေတြေတာ့ တြင္းဝမွာေတာ့ ရိွေသးတယ္။ ဒီေန႔ေတာ့ ျပန္ၾကမယ္ေျပာတယ္။ လစာထုတ္ရက္ဆိုေတာ့ ေစာင့္ေနၾကတာ။ ၾကက္ေျခနီတပ္ဖြဲ႕ဝင္ တစ္ေယာက္ကေတာ့ က်န္းမာေရးေစာင့္ေရွာက္ဖို႔ က်န္ခဲ့တယ္။ အရင္ေန႔က တြင္းထဲဆင္းသြားတဲ့လူေတြထဲက က်န္းမာေရးမေကာင္းတဲ့သူေတြကို ေစာင့္ေရွာက္ဖို႔ က်န္ခဲ့တာ” ဟု အခင္းျဖစ္ေနရာတြင္ ကူညီေပးေနသည့္ ကမ္းမယ့္လက္လူငယ္ပရဟိတအဖြဲ႕ ေဆာၿမိဳ႕(ေျမာက္ပိုင္း)မွ ကိုေဇာ္မင္းဦးက စက္တင္ဘာလ(၁၀)ရက္ေန႔ အေျခအေနကို တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာျပသည္။

စက္တင္ဘာလ(၆)ရက္ေန႔က ၿပိဳက်ခဲ့သည့္ ေက်ာက္မီးေသြးတြင္းအတြင္းသို႔ သတၱဳတြင္းဝန္ႀကီးဌာန ညႊန္ၾကားေရးမွဴး ဦးကိုကိုလိႈင္ႏွင့္ပညာရွင္(၂)ဦးက ေက်ာက္မီးေသြးတြင္းမွ ကၽြမ္းက်င္လုပ္သား(၈)ဦးတို႔ ပါဝင္သည့္အဖြဲ႔ျဖင့္ အတြင္းပိုင္း ေပ(၆၀၀)အထိ ဝင္ေရာက္ရွာေဖြရာမွ တြင္းမွာထပ္မံၿပိဳက်ႏိုင္ေခ်ရိွျခင္း၊ အပုပ္နံ႔မ်ားရေနသျဖင့္ ပိတ္မိေနသူမ်ား ေသဆံုးၿပီယူဆရျခင္းတုိ႔ေၾကာင့္ ေက်ာက္မီးေသြးတြင္းအား ၿပိဳက်ၿပီး(၄)ရက္ေျမာက္ေန႔တြင္ ပိတ္သိမ္းရန္ ဆံုးျဖတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ပထမအခ်က္ကေတာ့ ေအာက္ဆီဂ်င္နည္းတယ္။ မီသိန္းဓါတ္ေငြ႕ေတြ အလြန္မ်ားေနတယ္။ ဖယ္ရွားရခက္တဲ့ ေက်ာက္တံုးေတြ ၿပိဳက်ေနတယ္။ ၿပီးလို႔ရိွရင္ သူတုိ႔ရဲ႕ ေပ(၆၀၀)ကေန ဟိုဖက္ ေပ(၇၀)ေလာက္မွာလည္း ေျမၿပိဳမႈေတြ အခုဆင္းတဲ့အခ်ိန္မွာကိုပဲ ျဖစ္ေနတယ္လို႔ လုပ္သားေတြအကုန္လံုး ေျပာပါတယ္။ ေျမၿပိဳမႈေတြ ဆက္တိုက္ျဖစ္ေနတဲ့အတြက္ ကယ္ဆယ္ေရးဆင္းတဲ့လုပ္သားေတြအတြက္ အႏၱရာယ္ရိွႏုိင္တယ္လို႔ သုံုးသပ္ၿပီးေတာ့မွ ကယ္ဆယ္ေရးလုပ္ငန္းကို လူႀကီးေတြအထက္ဌာနကို သတင္းပို႔ၿပီးေတာ့ အသိေပးခ်က္အရ ကယ္ဆယ္ေရးလုပ္ငန္းကို ရပ္လုိက္တာျဖစ္ပါတယ္။ အခုေလာေလာဆယ္ေတာ့ ေက်ာက္မီးေသြးတြင္းေရွ႕မွာ ကန္႔လန္႔ျဖတ္အကာအရံေတြနဲ႔ ပိတ္ထားပါတယ္”ဟု ေဆာၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးျမဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပိတ္မိေနသည့္လုပ္သားမ်ား ရွာေဖြကယ္ဆယ္ေရးအတြက္ စက္တင္ဘာလ(၆)ရက္ေန႔ကတည္းက လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေသာ္လည္း ၿပိဳက်ေနသည့္ သတၱဳတြင္းအတြင္း ကယ္ဆယ္ေရးလုပ္သည့္ မီးသတ္တပ္ဖြဲ႕အေနျဖင့္ အခက္အခဲမ်ားႀကံဳခဲ့ရၿပီးေနာက္ စက္တင္ဘာလ(၉)ရက္ေန႔ နံနက္(၁၀)နာရီခြဲ အခ်ိန္တြင္ သတၱဳတြင္းဝန္ႀကီးဌာန ညႊန္ၾကားေရးမွဴး ဦးကိုကိုလိႈင္ႏွင့္ပညာရွင္(၂)ဦးက ေက်ာက္မီးေသြးတြင္းမွ ကၽြမ္းက်င္လုပ္သား(၈)ဦးတို႔ ပါဝင္သည့္အဖြဲ႔ျဖင့္ ဝင္ေရာက္ရွာေဖြခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 “ေက်ာက္မီးေသြးတြင္းမွာ ျပင္ဆင္တဲ့ေနရာေတြ ျပင္ဆင္တယ္။ ကယ္ဖို႔က်န္တဲ့(၄)ေယာက္အတြက္ ဆင္းၿပီးေတာ့ ေဆာင္ရြက္ပါတယ္။ အဲဒီလိုဆင္းၿပီး ေဆာင္ရြက္တဲ့အခါမွာ ေပ(၈၀၀)အလ်ားရိွတဲ့ ေက်ာက္မီးေသြးတြင္းမွာ ေပ(၄၀၀)ေလာက္ ေရာက္တဲ့အခါမွာ သူတို႔ရဲ႕ပါသြားတဲ့ နည္းပညာ အေထာက္အကူပစၥည္းေတြကေနၿပီးေတာ့ အႏၱရာယ္ရိွတယ္ဆိုတဲ့ အခ်က္ျပတာေပါ့။ ဘာအႏၱရာယ္လဲဆိုရင္ ပထမအခ်က္ကေတာ့ ေအာက္ဆီဂ်င္နည္းတယ္၊ ဒုတိယတစ္ခ်က္ကေတာ့ ေပါက္ကြဲေစႏုိင္တဲ့ လူကိုအႏၱရာယ္ရိွေစတဲ့ မီသိန္းဓါတ္ေငြ႔ အဆမတန္မ်ားေနတယ္ ဒီတစ္ခ်က္ ေတြ႔ရတယ္။ သို႔ေသာ္လည္းပဲ သူတုိ႔က ေရွ႕မွာ ေျမၿပိဳတဲ့ေနရာအထိသြားမယ္ဆိုၿပီး ေနာက္ထပ္ ေပ(၂၀၀)ေလာက္ စုစုေပါင္း ေပ(၆၀၀)အထိ သြားတာေပါ့။ အဲဒီမွာေတာ့ ေျမၿပိဳထားတဲ့ေက်ာက္မီးေသြးတြင္းက ေဒါက္တုိင္ေတြျပဳတ္၊ ၾကမ္းခမ္းေတြ ျပဳတ္က်ၿပီး ေျမၿပိဳတဲ့အေနအထားေတြ႕ရတယ္။ အဲဒီနားမွာ က်န္ခဲ့တဲ့(၄)ေယာက္ရဲ႕ အေလာင္းက ထြက္တဲ့အနံ႔လုိ႔ ယူဆရတဲ့ အပုပ္နံ႕လည္းရတယ္။ အဲဒီမွာ တြင္းရဲ႕ညာဘက္ကေနၿပီးေတာ့မွ ၿပိဳတာမွာ ဆယ္ဘီးကားေလာက္ရိွတဲ့ ေက်ာက္တံုးႀကီးက (၇)ေပအခ်င္းေပါက္ရိွတဲ့ ေက်ာက္မီးေသြးလိႈဏ္ေခါင္းကို ညာဘက္ကေနၿပီးေတာ့မွ (၄၅) ဒီဂရီ ေလွ်ာက်ၿပီး ၿပိဳက်ေနတာေပါ့။ အဲဒီလိုၿပိဳက်ေနတာျဖစ္တဲ့အတြက္ေၾကာင့္ ေစာေစာကပိတ္မိေနတဲ့သူေတြကလည္း ဒီလိုပိတ္မိေနတဲ့ေအာက္ သို႔မဟုတ္ ေနာက္မွာရိွမယ္လို႔ သူတုိ႔က မွန္းပါတယ္။ အဲဒီေက်ာက္တံုးႀကီးကို ဖယ္မယ္ဆိုလို႔ရိွရင္လည္းပဲ သူကအခ်ိန္ၾကာမယ္ တစ္ခ်က္ေပါ့ေလ။ ေနာက္တစ္ခ်က္က ဒီေက်ာက္တံုးက ဖယ္လိုက္လို႔ရိွရင္ အေပၚမွာ ဒီေက်ာက္တံုးကထမ္းထားတဲ့ေျမေတြက ဆက္ၿပီးေတာ့ ၿပိဳလာႏုိ္င္တယ္။ ေသတဲ့သူေတြကို ဆြဲထုတ္ဖို႔က က်န္တဲ့သူေတြအတြက္ ဒုကၡအႏၱရာယ္က်ေရာက္ႏုိင္တယ္လို႔ သုံုးသပ္ပါတယ္”ဟု ေဆာၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးျမဝင္းက ေျပာသည္။

မေကြးတိုင္းေဒသႀကီး၊ ဂန္႔ေဂါခရိုင္၊ ေဆာၿမိဳ႕နယ္၊ ေက်ာက္ေျမာင္းေက်းရြာႏွင့္ (၆)ဖာလံုခန္႔ အကြာရွိ ဆင္လဲေတာင္ေျခအနီး ထြန္းရာဇ (မႏၱေလး) သတၳဳတူးေဖာ္ေရးကုမၸဏီ၏ ေပ(၈၀၀) ရွည္လ်ားသည့္ ေက်ာက္မီးေသြးတြင္း၏ ေပ (၇၀၀) အကြာခန္႔တြင္ ၂၀၁၈ ခုႏွစ္၊ စက္တာဘာလ (၆) ရက္ေန႔ နံနက္ (၁၀) နာရီ (၁၅)မိနစ္ဝန္းက်င္က ေပါက္ကြဲမႈျဖစ္ပြားၿပီး ၿပိဳက်မႈေၾကာင့္ လုပ္သား(၄)ဦးပိတ္မိေနခဲ့ျခင္းျဖစ္သည္။
အဆိုပါေက်ာက္မီးေသြးတြင္းမွ မီသိန္းဓါတ္ေငြ႔ထုတ္သည့္ တြင္းေပါက္တစ္ခုမွာ လြန္ခဲ့သည့္ (၂)လခန္႔ ကတည္းက ပိတ္ဆို႔ေနခဲ့ၿပီး ေနာက္ထပ္တြင္းေပါက္တစ္ခုမွာလည္း လြန္ခဲ့သည့္ ႏွစ္ပတ္ခန္႔က ပိတ္ဆို႔ခဲ့သျဖင့္ မီသိန္းဓါတ္ေငြ႕မ်ား မ်ားေနျခင္းျဖစ္ေၾကာင္း သိရသည္။

"သဘာဝ ဓာတ္ေငြ႔ရယ္၊ တြင္းထဲကို ပို႔လႊတ္ထားတဲ့ ေအာက္ဆီဂ်င္ရယ္၊ လွ်ပ္စီးမႈနဲ႔လုပ္ရတဲ့ လုပ္ငန္းခြင္ လုပ္ေဆာင္မႈက ထြက္ေပၚတဲ့ အပူနဲ႔ ထိေတြ႔မႈျဖစ္ၿပီး ေပါက္ကဲြမႈျဖစ္တာလို႔ သံုးသပ္ေတြ႔ရိွရပါတယ္။ တြင္းထဲမွာ ပိတ္မိေနတဲ့ (၅) ေယာက္ကို ကယ္တင္ႏိုင္ဖို႔ ႀကိဳးစားေနေပမဲ့ အသက္နဲ႔ျပန္ရဖို႔ ေမွ်ာ္လင့္ခ်က္က မရိွသေလာက္ပါပဲ။ ေပါက္ကဲြမႈေၾကာင့္ အထဲမွာ ေအာက္ဆီဂ်င္ျပတ္ေနလို႔ ကယ္ဆယ္ေရးအဖဲြ႔ ေတြအေနနဲ႔ တြင္းထဲဆင္းဆယ္ဖို႔က အခက္အခဲနဲ႔ ႀကံဳေတြ႔ေနပါတယ္"ဟု မေကြးတိုင္း မီးသတ္ဦးစီမွဴး ညႊန္ၾကားေရးမွဴး ဦးေအာင္ဝင္းစိန္က စက္တင္ဘာလ(၆)ရက္ေန႔က ကယ္ဆယ္ေရးလုပ္ေဆာင္ရသည့္အေျခအေနကို တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေက်ာက္မီးေသြးတြင္း၌ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၆)ရက္ေန႔ နံနက္ (၁၀)နာရီ (၁၅)မိနစ္ဝန္းက်င္က အလုပ္သမား (၁၃)ဦးအဖြဲ႔ လုပ္ငန္းခြင္ဝင္ရန္ တြင္းထဲသို႔ အဆင္း ေပ(၃၀၀)ေက်ာ္သို႔ အေရာက္တြင္ ေပါက္ကဲြမႈျဖစ္ပြားခဲ့ရာ အျပင္သို႔ထြက္လာႏုိင္သူ (၇)ဦးအနက္ (၂)ဦးေသဆံုးၿပီး တြင္းထဲပိတ္မိေနခဲ့သူ (၅)ဦးအနက္ (၁)ဦး၏အေလာင္းကို ယင္းေန႔ညေန (၃) နာရီ (၄၅) မိနစ္တြင္ ဆြဲထုတ္ႏုိင္ခဲ့ျခင္းျဖစ္သည္။

တြင္းလုပ္သားမ်ားေသဆံုးခဲ့သျဖင့္ ေထာက္ပ့ံေငြအျဖစ္ တစ္ဦးလွ်င္ ေငြက်ပ္သိန္း(၈၀)ဆီ ကုမၸဏီက ေပးသြားမည္ျဖစ္ေၾကာင္း သိရၿပီး ရွာေဖြေတြ႔ရိွရသည့္ ေသဆံုးသြားသူမ်ားကို စက္တင္ဘာလ(၈)ရက္ေန႔က ထံုးတမ္းစဥ္လာမ်ားအရ သၿဂိဳလ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေဆာၿမိဳ႕မရဲစခန္းတြင္ ထြန္းရာဇ(မႏၱေလး) သတၳဳတူးေဖာ္ေရးကုမၸဏီ၏ မန္ေနဂ်ာ မင္းမင္းဦးအား (ပ)၁၁၀/၂၀၁၈၊ ရာဇဝတ္မႈပုဒ္မ ၃၀၄(က)/၃၃၈ (ေပါ့ေလ်ာ့မႈေၾကာင့္လူေသမႈ/ ျပင္းထန္ နာက်င္ေစမႈ)ျဖင့္ အမႈဖြင့္အေရးယူစစ္ေဆးေနၿပီး အဆိုပါေက်ာက္မီးေသြးတူးေဖၚသည့္ကုမၸဏီကို လုပ္ငန္းလုပ္ကိုင္ခြင့္ ရပ္ဆုိင္းထားေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီးတြင္ ေက်ာက္မီးေသြးတြင္းေပါင္း (၃၃) တြင္းခန္႔ရိွေနေၾကာင္း တိုင္းေဒသႀကီးလႊတ္ေတာ္ သယံဇာတသဘာပတ္ဝန္းက်င္၊ လွ်ပ္စစ္ႏွင့္စြမ္းအင္ဆိုင္ရာေကာ္မတီ အဖြဲ႕ဝင္တစ္ဦး၏ ေျပာျပခ်က္အရ သိရွိရၿပီး ေက်ာက္မီးေသြးလုပ္ကြက္မ်ားတြင္ လုပ္ငန္းခြင္မေတာ္တဆမႈမ်ား မၾကာခဏ ျဖစ္ပြားေနရာ ကန္တုတ္ေဒသရိွ ထုိက္ေနမင္း ေက်ာက္မီးေသြးတူးေဖၚေရးကုမၸဏီ လုပ္ကြက္တြင္ ၂၀၁၅ ခုႏွစ္က ေက်ာက္မီးေသြးတြင္းလိုဏ္ေခါင္းၿပိဳက်၍ လုပ္သား(၁)ဦး ေသဆံုးမႈ၊ မင္းဘူးၿမိဳ႕နယ္ရိွ ဟန္ထက္(၁) ကုမၸဏီပိုင္ ေက်ာက္မီးေသြးလုပ္ကြက္၌ ၂၀၁၆ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၇)ရက္ေန႔တြင္ က်င္းအတြင္း ေအာက္ဆီဂ်င္ပို႔လႊတ္ေနသည့္ပိုက္ပြင့္ထြက္၍ တြင္းနံရံႏွင့္ ေဘးကာမ်ား ၿပိဳက်ၿပီး လုပ္သား (၄)ဦး ဒဏ္ရာရကာ (၈)ဦးေသဆံုးမႈ၊ မင္းဘူးၿမိဳ႕နယ္ရိွ ျမင့္ျမတ္ခ်မ္းေအးကုမၸဏီပုိင္ ေက်ာက္မီးေသြးလုပ္ကြက္(၂)တြင္ ၂၀၁၇ ခုႏွစ္၊ ဇန္နဝါရီလ(၁၇)ရက္ေန႔က ဇလားခြက္ျပဳတ္က်၍ လုပ္သား(၁)ဦးဒဏ္ရာရရွိကာ (၁)ဦးေသဆံုးမႈတို႔ ျဖစ္ပြားခဲ့သည္ကို ေတြ႔ရသည္။

သတင္း - စည္သူေမာင္
ဓာတ္ပံု - ေဇာ္မင္းဦး

~~~~~~~~⊰❂ unicode ~~~~~~~~
ပြိုကျကျောက်မီးသွေးတွင်း ပိတ်သိမ်းလိုက်ပြီဖြစ်သဖြင့် ပိတ်မိလုပ်သားများကို စောင့်ဆိုင်းနေသည့် မိသားစုဝင်များ နေရပ်ပြန်ရန် ပြင်ဆင်နေ
******
ပေါက်ကွဲမှုဖြစ်ပွားပြီး လုပ်သား(၄)ဦးပိတ်မိနေသည့် ကျောက်မီးသွေးတွင်းကို ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့်အဖွဲ့ဖြင့် ပေ(၆၀၀)အထိ ရှာဖွေစစ်ဆေးတွေ့ရှိမှုများအရ စက်တင်ဘာလ(၉)ရက်နေ့ ညနေ(၆)နာရီတွင် ပိတ်သိမ်းလိုက်ပြီဖြစ်သဖြင့် လာရောက်စောင့်ဆိုင်းနေသည့် ပိတ်မိနေသည့်လုပ်သားများ၏ မိသားစုဝင်များမှာ စက်တင်ဘာလ(၁၀)ရက်နေ့တွင်  နေရပ်ပြန်ကြမည်ဖြစ်ကြောင်း သိရသည်။

“လောလောဆယ်တော့ ဆိုင်းပုဒ်နဲ့ပဲကပ်ပြီးတော့ ပိတ်ထားတယ်။ ပိတ်မိနေတဲ့လုပ်သားမိသားစုတွေတော့ တွင်းဝမှာတော့ ရှိသေးတယ်။ ဒီနေ့တော့ ပြန်ကြမယ်ပြောတယ်။ လစာထုတ်ရက်ဆိုတော့ စောင့်နေကြတာ။ ကြက်ခြေနီတပ်ဖွဲ့ဝင် တစ်ယောက်ကတော့ ကျန်းမာရေးစောင့်ရှောက်ဖို့ ကျန်ခဲ့တယ်။ အရင်နေ့က တွင်းထဲဆင်းသွားတဲ့လူတွေထဲက ကျန်းမာရေးမကောင်းတဲ့သူတွေကို စောင့်ရှောက်ဖို့ ကျန်ခဲ့တာ” ဟု အခင်းဖြစ်နေရာတွင် ကူညီပေးနေသည့် ကမ်းမယ့်လက်လူငယ်ပရဟိတအဖွဲ့ ဆောမြို့(မြောက်ပိုင်း)မှ ကိုဇော်မင်းဦးက စက်တင်ဘာလ(၁၀)ရက်နေ့ အခြေအနေကို တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

စက်တင်ဘာလ(၆)ရက်နေ့က ပြိုကျခဲ့သည့် ကျောက်မီးသွေးတွင်းအတွင်းသို့ သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုလှိုင်နှင့်ပညာရှင်(၂)ဦးက ကျောက်မီးသွေးတွင်းမှ ကျွမ်းကျင်လုပ်သား(၈)ဦးတို့ ပါဝင်သည့်အဖွဲ့ဖြင့် အတွင်းပိုင်း ပေ(၆၀၀)အထိ ဝင်ရောက်ရှာဖွေရာမှ တွင်းမှာထပ်မံပြိုကျနိုင်ချေရှိခြင်း၊ အပုပ်နံ့များရနေသဖြင့် ပိတ်မိနေသူများ သေဆုံးပြီယူဆရခြင်းတို့ကြောင့် ကျောက်မီးသွေးတွင်းအား ပြိုကျပြီး(၄)ရက်မြောက်နေ့တွင် ပိတ်သိမ်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ပထမအချက်ကတော့ အောက်ဆီဂျင်နည်းတယ်။ မီသိန်းဓါတ်ငွေ့တွေ အလွန်များနေတယ်။ ဖယ်ရှားရခက်တဲ့ ကျောက်တုံးတွေ ပြိုကျနေတယ်။ ပြီးလို့ရှိရင် သူတို့ရဲ့ ပေ(၆၀၀)ကနေ ဟိုဖက် ပေ(၇၀)လောက်မှာလည်း မြေပြိုမှုတွေ အခုဆင်းတဲ့အချိန်မှာကိုပဲ ဖြစ်နေတယ်လို့ လုပ်သားတွေအကုန်လုံး ပြောပါတယ်။ မြေပြိုမှုတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် ကယ်ဆယ်ရေးဆင်းတဲ့လုပ်သားတွေအတွက် အန္တရာယ်ရှိနိုင်တယ်လို့ သုံးသပ်ပြီးတော့မှ ကယ်ဆယ်ရေးလုပ်ငန်းကို လူကြီးတွေအထက်ဌာနကို သတင်းပို့ပြီးတော့ အသိပေးချက်အရ ကယ်ဆယ်ရေးလုပ်ငန်းကို ရပ်လိုက်တာဖြစ်ပါတယ်။ အခုလောလောဆယ်တော့ ကျောက်မီးသွေးတွင်းရှေ့မှာ ကန့်လန့်ဖြတ်အကာအရံတွေနဲ့ ပိတ်ထားပါတယ်”ဟု ဆောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပိတ်မိနေသည့်လုပ်သားများ ရှာဖွေကယ်ဆယ်ရေးအတွက် စက်တင်ဘာလ(၆)ရက်နေ့ကတည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ပြိုကျနေသည့် သတ္တုတွင်းအတွင်း ကယ်ဆယ်ရေးလုပ်သည့် မီးသတ်တပ်ဖွဲ့အနေဖြင့် အခက်အခဲများကြုံခဲ့ရပြီးနောက် စက်တင်ဘာလ(၉)ရက်နေ့ နံနက်(၁၀)နာရီခွဲ အချိန်တွင် သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုလှိုင်နှင့်ပညာရှင်(၂)ဦးက ကျောက်မီးသွေးတွင်းမှ ကျွမ်းကျင်လုပ်သား(၈)ဦးတို့ ပါဝင်သည့်အဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “ကျောက်မီးသွေးတွင်းမှာ ပြင်ဆင်တဲ့နေရာတွေ ပြင်ဆင်တယ်။ ကယ်ဖို့ကျန်တဲ့(၄)ယောက်အတွက် ဆင်းပြီးတော့ ဆောင်ရွက်ပါတယ်။ အဲဒီလိုဆင်းပြီး ဆောင်ရွက်တဲ့အခါမှာ ပေ(၈၀၀)အလျားရှိတဲ့ ကျောက်မီးသွေးတွင်းမှာ ပေ(၄၀၀)လောက် ရောက်တဲ့အခါမှာ သူတို့ရဲ့ပါသွားတဲ့ နည်းပညာ အထောက်အကူပစ္စည်းတွေကနေပြီးတော့ အန္တရာယ်ရှိတယ်ဆိုတဲ့ အချက်ပြတာပေါ့။ ဘာအန္တရာယ်လဲဆိုရင် ပထမအချက်ကတော့ အောက်ဆီဂျင်နည်းတယ်၊ ဒုတိယတစ်ချက်ကတော့ ပေါက်ကွဲစေနိုင်တဲ့ လူကိုအန္တရာယ်ရှိစေတဲ့ မီသိန်းဓါတ်ငွေ့ အဆမတန်များနေတယ် ဒီတစ်ချက် တွေ့ရတယ်။ သို့သော်လည်းပဲ သူတို့က ရှေ့မှာ မြေပြိုတဲ့နေရာအထိသွားမယ်ဆိုပြီး နောက်ထပ် ပေ(၂၀၀)လောက် စုစုပေါင်း ပေ(၆၀၀)အထိ သွားတာပေါ့။ အဲဒီမှာတော့ မြေပြိုထားတဲ့ကျောက်မီးသွေးတွင်းက ဒေါက်တိုင်တွေပြုတ်၊ ကြမ်းခမ်းတွေ ပြုတ်ကျပြီး မြေပြိုတဲ့အနေအထားတွေ့ရတယ်။ အဲဒီနားမှာ ကျန်ခဲ့တဲ့(၄)ယောက်ရဲ့ အလောင်းက ထွက်တဲ့အနံ့လို့ ယူဆရတဲ့ အပုပ်နံ့လည်းရတယ်။ အဲဒီမှာ တွင်းရဲ့ညာဘက်ကနေပြီးတော့မှ ပြိုတာမှာ ဆယ်ဘီးကားလောက်ရှိတဲ့ ကျောက်တုံးကြီးက (၇)ပေအချင်းပေါက်ရှိတဲ့ ကျောက်မီးသွေးလှိုဏ်ခေါင်းကို ညာဘက်ကနေပြီးတော့မှ (၄၅) ဒီဂရီ လျှောကျပြီး ပြိုကျနေတာပေါ့။ အဲဒီလိုပြိုကျနေတာဖြစ်တဲ့အတွက်ကြောင့် စောစောကပိတ်မိနေတဲ့သူတွေကလည်း ဒီလိုပိတ်မိနေတဲ့အောက် သို့မဟုတ် နောက်မှာရှိမယ်လို့ သူတို့က မှန်းပါတယ်။ အဲဒီကျောက်တုံးကြီးကို ဖယ်မယ်ဆိုလို့ရှိရင်လည်းပဲ သူကအချိန်ကြာမယ် တစ်ချက်ပေါ့လေ။ နောက်တစ်ချက်က ဒီကျောက်တုံးက ဖယ်လိုက်လို့ရှိရင် အပေါ်မှာ ဒီကျောက်တုံးကထမ်းထားတဲ့မြေတွေက ဆက်ပြီးတော့ ပြိုလာနိုင်တယ်။ သေတဲ့သူတွေကို ဆွဲထုတ်ဖို့က ကျန်တဲ့သူတွေအတွက် ဒုက္ခအန္တရာယ်ကျရောက်နိုင်တယ်လို့ သုံးသပ်ပါတယ်”ဟု ဆောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြဝင်းက ပြောသည်။

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်မြောင်းကျေးရွာနှင့် (၆)ဖာလုံခန့် အကွာရှိ ဆင်လဲတောင်ခြေအနီး ထွန်းရာဇ (မန္တလေး) သတ္ထုတူးဖော်ရေးကုမ္ပဏီ၏ ပေ(၈၀၀) ရှည်လျားသည့် ကျောက်မီးသွေးတွင်း၏ ပေ (၇၀၀) အကွာခန့်တွင် ၂၀၁၈ ခုနှစ်၊ စက်တာဘာလ (၆) ရက်နေ့ နံနက် (၁၀) နာရီ (၁၅)မိနစ်ဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားပြီး ပြိုကျမှုကြောင့် လုပ်သား(၄)ဦးပိတ်မိနေခဲ့ခြင်းဖြစ်သည်။
အဆိုပါကျောက်မီးသွေးတွင်းမှ မီသိန်းဓါတ်ငွေ့ထုတ်သည့် တွင်းပေါက်တစ်ခုမှာ လွန်ခဲ့သည့် (၂)လခန့် ကတည်းက ပိတ်ဆို့နေခဲ့ပြီး နောက်ထပ်တွင်းပေါက်တစ်ခုမှာလည်း လွန်ခဲ့သည့် နှစ်ပတ်ခန့်က ပိတ်ဆို့ခဲ့သဖြင့် မီသိန်းဓါတ်ငွေ့များ များနေခြင်းဖြစ်ကြောင်း သိရသည်။

"သဘာဝ ဓာတ်ငွေ့ရယ်၊ တွင်းထဲကို ပို့လွှတ်ထားတဲ့ အောက်ဆီဂျင်ရယ်၊ လျှပ်စီးမှုနဲ့လုပ်ရတဲ့ လုပ်ငန်းခွင် လုပ်ဆောင်မှုက ထွက်ပေါ်တဲ့ အပူနဲ့ ထိတွေ့မှုဖြစ်ပြီး ပေါက်ကွဲမှုဖြစ်တာလို့ သုံးသပ်တွေ့ရှိရပါတယ်။ တွင်းထဲမှာ ပိတ်မိနေတဲ့ (၅) ယောက်ကို ကယ်တင်နိုင်ဖို့ ကြိုးစားနေပေမဲ့ အသက်နဲ့ပြန်ရဖို့ မျှော်လင့်ချက်က မရှိသလောက်ပါပဲ။ ပေါက်ကွဲမှုကြောင့် အထဲမှာ အောက်ဆီဂျင်ပြတ်နေလို့ ကယ်ဆယ်ရေးအဖွဲ့ တွေအနေနဲ့ တွင်းထဲဆင်းဆယ်ဖို့က အခက်အခဲနဲ့ ကြုံတွေ့နေပါတယ်"ဟု မကွေးတိုင်း မီးသတ်ဦးစီမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က စက်တင်ဘာလ(၆)ရက်နေ့က ကယ်ဆယ်ရေးလုပ်ဆောင်ရသည့်အခြေအနေကို တာချီလိတ်သတင်းအေဂျင်စီသို့ ပြောခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျောက်မီးသွေးတွင်း၌ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့ နံနက် (၁၀)နာရီ (၁၅)မိနစ်ဝန်းကျင်က အလုပ်သမား (၁၃)ဦးအဖွဲ့ လုပ်ငန်းခွင်ဝင်ရန် တွင်းထဲသို့ အဆင်း ပေ(၃၀၀)ကျော်သို့ အရောက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အပြင်သို့ထွက်လာနိုင်သူ (၇)ဦးအနက် (၂)ဦးသေဆုံးပြီး တွင်းထဲပိတ်မိနေခဲ့သူ (၅)ဦးအနက် (၁)ဦး၏အလောင်းကို ယင်းနေ့ညနေ (၃) နာရီ (၄၅) မိနစ်တွင် ဆွဲထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

တွင်းလုပ်သားများသေဆုံးခဲ့သဖြင့် ထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင် ငွေကျပ်သိန်း(၈၀)ဆီ ကုမ္ပဏီက ပေးသွားမည်ဖြစ်ကြောင်း သိရပြီး ရှာဖွေတွေ့ရှိရသည့် သေဆုံးသွားသူများကို စက်တင်ဘာလ(၈)ရက်နေ့က ထုံးတမ်းစဉ်လာများအရ သဂြိုလ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆောမြို့မရဲစခန်းတွင် ထွန်းရာဇ(မန္တလေး) သတ္ထုတူးဖော်ရေးကုမ္ပဏီ၏ မန်နေဂျာ မင်းမင်းဦးအား (ပ)၁၁၀/၂၀၁၈၊ ရာဇဝတ်မှုပုဒ်မ ၃၀၄(က)/၃၃၈ (ပေါ့လျော့မှုကြောင့်လူသေမှု/ ပြင်းထန် နာကျင်စေမှု)ဖြင့် အမှုဖွင့်အရေးယူစစ်ဆေးနေပြီး အဆိုပါကျောက်မီးသွေးတူးဖေါ်သည့်ကုမ္ပဏီကို လုပ်ငန်းလုပ်ကိုင်ခွင့် ရပ်ဆိုင်းထားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးတွင် ကျောက်မီးသွေးတွင်းပေါင်း (၃၃) တွင်းခန့်ရှိနေကြောင်း တိုင်းဒေသကြီးလွှတ်တော် သယံဇာတသဘာပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ အဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရှိရပြီး ကျောက်မီးသွေးလုပ်ကွက်များတွင် လုပ်ငန်းခွင်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားနေရာ ကန်တုတ်ဒေသရှိ ထိုက်နေမင်း ကျောက်မီးသွေးတူးဖေါ်ရေးကုမ္ပဏီ လုပ်ကွက်တွင် ၂၀၁၅ ခုနှစ်က ကျောက်မီးသွေးတွင်းလိုဏ်ခေါင်းပြိုကျ၍ လုပ်သား(၁)ဦး သေဆုံးမှု၊ မင်းဘူးမြို့နယ်ရှိ ဟန်ထက်(၁) ကုမ္ပဏီပိုင် ကျောက်မီးသွေးလုပ်ကွက်၌ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့တွင် ကျင်းအတွင်း အောက်ဆီဂျင်ပို့လွှတ်နေသည့်ပိုက်ပွင့်ထွက်၍ တွင်းနံရံနှင့် ဘေးကာများ ပြိုကျပြီး လုပ်သား (၄)ဦး ဒဏ်ရာရကာ (၈)ဦးသေဆုံးမှု၊ မင်းဘူးမြို့နယ်ရှိ မြင့်မြတ်ချမ်းအေးကုမ္ပဏီပိုင် ကျောက်မီးသွေးလုပ်ကွက်(၂)တွင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ(၁၇)ရက်နေ့က ဇလားခွက်ပြုတ်ကျ၍ လုပ်သား(၁)ဦးဒဏ်ရာရရှိကာ (၁)ဦးသေဆုံးမှုတို့ ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။

သတင်း - စည်သူမောင်
ဓာတ်ပုံ - ဇော်မင်းဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~