Update News

တာခ်ီလိတ္ၿမိဳ႕ နယ္စပ္ကုန္သည္ႀကီးမ်ားအသင္းရံုးတြင္ အခြန္ဥပေဒဆုိင္ရာႏွင့္ စာရင္းကိုင္သင္တန္းမ်ား ဖြင့္မည္

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊  နယ္စပ္ကုန္သည္ႀကီးမ်ား အသင္းရံုးတြင္ အခြန္ဥပေဒဆုိင္ရာသင္တန္းႏွင့္ စာရင္းကိုင္သင္တန္းမ်ားကို စက္တင္ဘာလအတြင္း ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အခြန္ဥပေဒဆိုင္ရာ တစ္ရက္တာသင္တန္းကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၂)ရက္ေန႔တြင္ တစ္ရက္တာဖြင့္လွစ္သင္ၾကားမည္ျဖစ္ၿပီး သင္တန္းေၾကး က်ပ္(၁)သိန္း သတ္မွတ္ထားေၾကာင္း သိရသည္။

 စီးပြားေရးလုပ္ငန္း႐ွင္မ်ားအတြက္ လက္ေတြ႔အသံုးခ်စာရင္းကိုင္ပညာသင္တန္းကို စက္တင္ဘာလ (၂၃)ရက္ေန႔မွ (၂၇)ရက္ေန႔အထိ (၅)ရက္တာအတြင္း နံနက္(၉)နာရီမွ (၁၂)နာရီအထိဖြင့္လွစ္မည္ျဖစ္ၿပီး သင္တန္းေၾကး ( ၁၈၀၀၀၀) က်ပ္သတ္မွတ္ထားကာ စာရင္းပညာအေျခခံ ႐ွိၿပီးသူမ်ားအတြက္ လက္ေတြ႔အသံုးခ် စာရင္းကိုင္ပညာသင္တန္းကို စက္တင္ဘာလ (၂၃)ရက္ေန႔မွ (၂၇)ရက္ေန႔အထိ (၅)ရက္တာအတြင္း ေန႔လယ္(၁)နာရီခြဲမွ ညေန(၅)နာရီအထိ ဖြင့္လွစ္မည္ျဖစ္ကာ သင္တန္းေၾကး ( ၁၈၀၀၀၀ ) က်ပ္ သတ္မွတ္ထားေၾကာင္း သိရသည္။

သင္တန္းတက္လိုသူမ်ားအေနျဖင့္ စက္တင္ဘာလ(၂၀)ရက္ေန႔ ေနာက္ဆံုးထား စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရၿပီး အဆိုပါသင္တန္းမ်ားႏွင့္ပတ္သက္၍ အေသးစိတ္သိရိွလိုပါက  မေရႊစင္ထြန္း ဖုန္းနံပါတ္  ၀၉ ၂၅၀၄၇၄၁၄၄ သို႔ဆက္သြယ္ေမးျမန္း စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ နယ်စပ်ကုန်သည်ကြီးများအသင်းရုံးတွင် အခွန်ဥပဒေဆိုင်ရာနှင့် စာရင်းကိုင်သင်တန်းများ ဖွင့်မည်
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊  နယ်စပ်ကုန်သည်ကြီးများ အသင်းရုံးတွင် အခွန်ဥပဒေဆိုင်ရာသင်တန်းနှင့် စာရင်းကိုင်သင်တန်းများကို စက်တင်ဘာလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အခွန်ဥပဒေဆိုင်ရာ တစ်ရက်တာသင်တန်းကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့တွင် တစ်ရက်တာဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းကြေး ကျပ်(၁)သိန်း သတ်မှတ်ထားကြောင်း သိရသည်။

 စီးပွားရေးလုပ်ငန်းရှင်များအတွက် လက်တွေ့အသုံးချစာရင်းကိုင်ပညာသင်တန်းကို စက်တင်ဘာလ (၂၃)ရက်နေ့မှ (၂၇)ရက်နေ့အထိ (၅)ရက်တာအတွင်း နံနက်(၉)နာရီမှ (၁၂)နာရီအထိဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကြေး ( ၁၈၀၀၀၀) ကျပ်သတ်မှတ်ထားကာ စာရင်းပညာအခြေခံ ရှိပြီးသူများအတွက် လက်တွေ့အသုံးချ စာရင်းကိုင်ပညာသင်တန်းကို စက်တင်ဘာလ (၂၃)ရက်နေ့မှ (၂၇)ရက်နေ့အထိ (၅)ရက်တာအတွင်း နေ့လယ်(၁)နာရီခွဲမှ ညနေ(၅)နာရီအထိ ဖွင့်လှစ်မည်ဖြစ်ကာ သင်တန်းကြေး ( ၁၈၀၀၀၀ ) ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

သင်တန်းတက်လိုသူများအနေဖြင့် စက်တင်ဘာလ(၂၀)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ကြောင်း သိရပြီး အဆိုပါသင်တန်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက  မရွှေစင်ထွန်း ဖုန်းနံပါတ်  ၀၉ ၂၅၀၄၇၄၁၄၄ သို့ဆက်သွယ်မေးမြန်း စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::