Update News

အိႏၵိယႏုိင္ငံနယ္စပ္မွ တာခ်ီလိတ္သို႔ ေရာက္လာသည့္ ႏုိင္ငံျခားသားခရီးသြား (၄)ဦး တာခ်ီလိတ္နယ္စပ္မွေန၍ ထုိင္းသို႔ ဆက္လက္ထြက္ခြာ


အိႏၵိယနုိင္ငံႏွင့္နယ္စပ္ ျမန္မာႏိုင္ငံ တမူးၿမိဳ႕မွ ကိုယ္ပိုင္ဆိုင္ကယ္ျဖင့္ ၀င္ေရာက္ခဲ့သည့္ အိႏၵိယႏုိင္ငံသား (၄)ဦးအဖြဲ႔ သည္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၅)ရက္ေန႔ နံနက္ (၁၁)နာရီေက်ာ္က ထုိင္းႏုိင္ငံႏွင့္နယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထုိင္း အမွတ္(၁) ခ်စ္ၾကည္ေရးတံတားမွေန၍ ထုိင္းႏိုင္ငံသို႔ ထြက္ခြာသြားေၾကာင္း သိရသည္။

အဆိုပါ အိႏၵိယႏုိင္ငံသား (၄)ဦး ပါဝင္သည့္အဖြဲ႕သည္ Traventure Travels  & Tours Co.Ltd ၏ ခရီးစဥ္ စီစဥ္ေပးမႈျဖင့္ တမူး - ဂန္႔ေဂါ - ပုဂံ - ေညာင္ေ႐ႊ - အင္းေလး -နမ့္စန္ - က်ိဳင္းတံု - တာခ်ီလိတ္ ခရီးစဥ္ကို ဆုိင္ကယ္၊ ကားတို႔ျဖင့္ ဝင္ေရာက္လာျခင္းျဖစ္ၿပီး က်ဳိင္းတံုမွ တာခ်ီလိတ္သို႔ ခရီးစဥ္တြင္ ဟိုတယ္နွင့္ ခရီးသြားလာေရး ၀န္ႀကီးဌာနမွ ဦးစီးအရာရွိ ဦးရန္ေအာင္လည္း လုိက္ပါခဲ့ေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~


အိန္ဒိယနိုင်ငံနှင့်နယ်စပ် မြန်မာနိုင်ငံ တမူးမြို့မှ ကိုယ်ပိုင်ဆိုင်ကယ်ဖြင့် ဝင်ရောက်ခဲ့သည့် အိန္ဒိယနိုင်ငံသား (၄)ဦးအဖွဲ့ သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့ နံနက် (၁၁)နာရီကျော်က ထိုင်းနိုင်ငံနှင့်နယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားမှနေ၍ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ အိန္ဒိယနိုင်ငံသား (၄)ဦး ပါဝင်သည့်အဖွဲ့သည် Traventure Travels & Tours Co.Ltd၏ ခရီးစဉ် စီစဉ်ပေးမှုဖြင့် တမူး - ဂန့်ဂေါ - ပုဂံ - ညောင်ရွှေ - အင်းလေး -နမ့်စန် - ကျိုင်းတုံ - တာချီလိတ် ခရီးစဉ်ကို ဆိုင်ကယ်၊ ကားတို့ဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး ကျိုင်းတုံမှ တာချီလိတ်သို့ ခရီးစဉ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးရန်အောင်လည်း လိုက်ပါခဲ့ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::