TNLA က နမ့္ခမ္းၿမိဳ႕တြင္း ဝင္ဖမ္းသြားသည့္အမ်ိဳးသမီးကို ျပန္လႊတ္ေပးရန္ NRPC ေၾကညာခ်က္ထုတ္ျပန္

TNLA က နမ့္ခမ္းၿမိဳ႕တြင္း ဝင္ဖမ္းသြားသည့္အမ်ိဳးသမီးကို ျပန္လႊတ္ေပးရန္ NRPC ေၾကညာခ်က္ထုတ္ျပန္
စက်တင်ဘာ 10, 2018
By 🌸
TNLA က ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ခမ္းၿမိဳ႕တြင္း ဝင္ေရာက္ဖမ္းဆီးသြားသည့္ အမ်ိဳးသမီးတစ္ဦးကို အျမန္ဆံုးျပန္လႊတ္ေပးရန္ႏွင့္ ျပည္သူလူထု၏အသက္အိုးအိမ္စည္းစိမ္ကို ထိပါးသည့္လုပ္ရပ္ကို ျပင္းထန္စြာရံႈ႕ခ်ေၾကာင္း ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၀)ရက္ေန႔တြင္ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာနက ေၾကညာခ်က္ထုတ္ျပန္လုိက္သည္။

နမ့္ခမ္းၿမိဳ႕မွ အသက္(၃၇)ႏွစ္အရြယ္ ေဒၚနန္းမိုဟြမ္ကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၇) ရက္ေန႔ နံနက္ပိုင္း၌ ၎၏ ေနအိမ္တြင္ TNLA ဝတ္စံုဝတ္ထားသည့္ လက္နက္ကိုင္အဖြဲ႔က ဝင္ေရာက္ဖမ္းဆီးသြားခဲ့ျခင္းျဖစ္ကာ ေနအိမ္ရိွ CCTV မွတ္တမ္းမ်ားဖ်က္ဆီးကာ Hard disk လည္း ယူေဆာင္သြားခဲ့သျဖင့္ မိသားစုက ရဲတပ္ဖြဲ႕ထံ တုိင္ၾကားခဲ့ျခင္းျဖစ္သည္။

ယင္းသို႔ ဖမ္းဆီးခံရၿပီး (၁၈)ရက္ေျမာက္ေန႔ျဖစ္သည့္ စက္တင္ဘာလ(၃)ရက္ေန႔တြင္ TNLA က အဆိုပါ အမ်ိဳးသမီးအား ၎တို႔ ဖမ္းဆီးသြားျခင္းျဖစ္ၿပီး PSLF/TNLA ၏ လုပ္ငန္းတာဝန္ကို ေႏွာင့္ယွက္သျဖင့္ အေရးယူရန္ ဖမ္းဆီးျခင္းျဖစ္ေၾကာင္းႏွင့္ စီရင္ခ်က္ခ်မည့္ေန႔တြင္ ၎၏ ေဆြမ်ိဳးသားခ်င္းႏွင့္ အမ်ားျပည္သူေရွ႕ေမွာက္တြင္ စီရင္ဆံုးျဖတ္သြားမည္ဟု သတင္းထုတ္ျပန္လာခဲ့ျခင္းျဖစ္သည္။

TNLA ဖမ္းဆီးခံထားရသည့္ ေဒၚနန္းမိုဟြမ္ကို လႊတ္ေပးရန္ လူငယ္ကြန္ယက္(နမ့္ခမ္းၿမိဳ႕)က ၾသဂုတ္လ (၁၉) ရက္ေန႔တြင္ ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္ေတာင္းဆိုခဲ့ၿပီး စက္တင္ဘာလ (၇) ရက္ေန႔တြင္ ေဒၚနန္းမိုဟြမ္၏ မိသားစုကဦးေဆာင္၍ နမ့္ခမ္းၿမိဳ႕ လြတ္လပ္ေရးေက်ာက္တိုင္ကြင္းတြင္ ဆႏၵထုတ္ေဖၚခဲ့ၾကသည္။

စက္တင္ဘာလ (၃)ရက္ေန႔က လူမႈကြန္ယက္တြင္ ေဖၚျပလာသည့္ PSLF/TNLA သတင္းႏွင့္ျပန္ၾကားေရးက ေဒၚနန္းမိုဟြမ္ႏွင့္ စပ္လ်ဥ္း၍ သတင္းထုတ္ျပန္ ရွင္းလင္းခ်က္တြင္ “PSLF/TNLA အေကာက္ခြန္ ဦးစီးဌာနမွ အေကာက္ခြန္ဝန္ထမ္းမ်ား လုပ္ငန္း တာဝန္ထမ္းေဆာင္စဥ္ ဝန္ထမ္းမ်ားအား အျပင္းအထန္ ထိခိုက္ေသဆံုးသည္ အထိ ေဒၚနန္းမိုဟြမ္က တာဝန္ဝတၱရား ေႏွာက္ယွက္ခဲ့ေသာေၾကာင့္ ဥပေဒအရ အေရးယူေပးပါရန္ PSLF/TNLA ဗဟိုတရားရံုးသို႔ အမႈဖြင့္ တုိင္ၾကားခဲ့ပါသည္။”ဟု ေရးသားထားသည္ကို ေတြ႔ရသည္။

၎တို႔အဖြဲ႔ အေနျဖင့္ ေဒၚနန္းမိုဟြမ္အား အမႈစတင္ လက္ခံစစ္ေဆးမည္ျဖစ္ေၾကာင္းႏွင့္ စီရင္ခ်က္ခ်သည့္ ေန႔တြင္ ေဆြမ်ိဳးသားခ်င္းႏွင့္ အမ်ားျပည္သူေရွ႕ေမွာက္တြင္ စီရင္ဆံုးျဖတ္ခ်က္ခ်ႏုိင္ရန္ စီစဥ္ သြားမည္ဟုလည္း ေဖၚျပထားသည္ကို ေတြ႔ရသည္။

TNLA သည္ တစ္ႏုိင္ငံလံုး ပစ္ခတ္တုိက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) တြင္ လက္မွတ္ေရးထိုးထားျခင္း မရိွသည့္ လက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - Thaung Htun

~~~~~~~~⊰❂ unicode ~~~~~~~~
TNLA က နမ့်ခမ်းမြို့တွင်း ဝင်ဖမ်းသွားသည့်အမျိုးသမီးကို ပြန်လွှတ်ပေးရန် NRPC ကြေညာချက်ထုတ်ပြန်
*********
TNLA က ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့တွင်း ဝင်ရောက်ဖမ်းဆီးသွားသည့် အမျိုးသမီးတစ်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကို ထိပါးသည့်လုပ်ရပ်ကို ပြင်းထန်စွာရှုံ့ချကြောင်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၀)ရက်နေ့တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနက ကြေညာချက်ထုတ်ပြန်လိုက်သည်။

နမ့်ခမ်းမြို့မှ အသက်(၃၇)နှစ်အရွယ် ဒေါ်နန်းမိုဟွမ်ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့ နံနက်ပိုင်း၌ ၎င်း၏ နေအိမ်တွင် TNLA ဝတ်စုံဝတ်ထားသည့် လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကာ နေအိမ်ရှိ CCTV မှတ်တမ်းများဖျက်ဆီးကာ Hard disk လည်း ယူဆောင်သွားခဲ့သဖြင့် မိသားစုက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဖမ်းဆီးခံရပြီး (၁၈)ရက်မြောက်နေ့ဖြစ်သည့် စက်တင်ဘာလ(၃)ရက်နေ့တွင် TNLA က အဆိုပါ အမျိုးသမီးအား ၎င်းတို့ ဖမ်းဆီးသွားခြင်းဖြစ်ပြီး PSLF/TNLA ၏ လုပ်ငန်းတာဝန်ကို နှောင့်ယှက်သဖြင့် အရေးယူရန် ဖမ်းဆီးခြင်းဖြစ်ကြောင်းနှင့် စီရင်ချက်ချမည့်နေ့တွင် ၎င်း၏ ဆွေမျိုးသားချင်းနှင့် အများပြည်သူရှေ့မှောက်တွင် စီရင်ဆုံးဖြတ်သွားမည်ဟု သတင်းထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

TNLA ဖမ်းဆီးခံထားရသည့် ဒေါ်နန်းမိုဟွမ်ကို လွှတ်ပေးရန် လူငယ်ကွန်ယက်(နမ့်ခမ်းမြို့)က သြဂုတ်လ (၁၉) ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်တောင်းဆိုခဲ့ပြီး စက်တင်ဘာလ (၇) ရက်နေ့တွင် ဒေါ်နန်းမိုဟွမ်၏ မိသားစုကဦးဆောင်၍ နမ့်ခမ်းမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

စက်တင်ဘာလ (၃)ရက်နေ့က လူမှုကွန်ယက်တွင် ဖေါ်ပြလာသည့် PSLF/TNLA သတင်းနှင့်ပြန်ကြားရေးက ဒေါ်နန်းမိုဟွမ်နှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန် ရှင်းလင်းချက်တွင် “PSLF/TNLA အကောက်ခွန် ဦးစီးဌာနမှ အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်း တာဝန်ထမ်းဆောင်စဉ် ဝန်ထမ်းများအား အပြင်းအထန် ထိခိုက်သေဆုံးသည် အထိ ဒေါ်နန်းမိုဟွမ်က တာဝန်ဝတ္တရား နှောက်ယှက်ခဲ့သောကြောင့် ဥပဒေအရ အရေးယူပေးပါရန် PSLF/TNLA ဗဟိုတရားရုံးသို့ အမှုဖွင့် တိုင်ကြားခဲ့ပါသည်။”ဟု ရေးသားထားသည်ကို တွေ့ရသည်။

၎င်းတို့အဖွဲ့ အနေဖြင့် ဒေါ်နန်းမိုဟွမ်အား အမှုစတင် လက်ခံစစ်ဆေးမည်ဖြစ်ကြောင်းနှင့် စီရင်ချက်ချသည့် နေ့တွင် ဆွေမျိုးသားချင်းနှင့် အများပြည်သူရှေ့မှောက်တွင် စီရင်ဆုံးဖြတ်ချက်ချနိုင်ရန် စီစဉ် သွားမည်ဟုလည်း ဖေါ်ပြထားသည်ကို တွေ့ရသည်။

TNLA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသည့် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - Thaung Htun

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~