TNLA မွ ဖမ္းဆီးေခၚေဆာင္သြားသည့္ မနန္းမိုဟြမ္ မွာ ေဆးကုသရင္း ေသဆံုးဆိုသည္မွာ သတင္းအမွားျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔က အတည္ျပဳ

TNLA မွ ဖမ္းဆီးေခၚေဆာင္သြားသည့္ မနန္းမိုဟြမ္ မွာ ေဆးကုသရင္း ေသဆံုးဆိုသည္မွာ သတင္းအမွားျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔က အတည္ျပဳ
စက်တင်ဘာ 28, 2018
By Tachileik News Agency

TNLA လက္နက္ကိုင္တပ္ဖြဲ႔က ဖမ္းဆီးေခၚေဆာင္သြားသည့္ နမ့္ခမ္းၿမိဳ႕မွ မနန္းမိုဟြမ္ ႏွင့္ ပတ္သက္၍ ၂၀၁၈ခုႏွစ္ စက္တင္ဘာလ(၂၇)ရက္ေန႔က ေဆးကုသရင္း ေသဆံုးသြားသည္ ဆိုၿပီး လူမႈကြန္ရက္မ်ားတြင္ ထြက္ေပၚေနသည့္ သတင္းမ်ားႏွင့္ ပတ္သက္၍ သတင္းအမွားသာ ျဖစ္ေၾကာင္း နမ့္ခမ္းၿမိဳ႕မရဲစခန္းမွ စခန္းမွဴးက အတည္ျပဳ ေျပာၾကားလိုက္သည္။

“လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ေနတာက သတင္းအမွားပါ၊ အဲ့ဒီမွာ တင္ထားတဲ့ပံုက တစ္ျခား ျဖစ္ရပ္တစ္ခုက ေဆးကုသ ေနတဲ့ အမ်ိဳးသမီး တစ္ေယာက္ရဲ႕ပံုကို သံုးၿပီးေတာ့ မနန္းမိုဟြမ္ရဲ႕ပံုနဲ႔ ယွဥ္ၿပီး ေဖၚျပထားတာ ျဖစ္ပါတယ္၊ စံုစမ္းရသေလာက္ကေတာ့ အဲ့ဒါက သတင္းအမွားပါ”ဟု နမ့္ခမ္းၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး မင္းတင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ စက္တင္ဘာ (၂၈)ရက္ေန႔တြင္ ေျပာသည္။

၂၀၁၈ ခုႏွစ္ ၾသဂုတ္လ (၁၇)ရက္ေန႔က ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမ့္ခမ္းၿမိဳ႕၊ ဟိုေနာင္ရပ္ရွိ ေနအိမ္တြင္ ေနထိုင္ေနသူ မနန္းမိုဟြမ္အား TNLA လက္နက္ကိုင္တပ္ဖြဲ႔က ဝင္ေရာက္ ဖမ္းဆီး ေခၚေဆာင္သြားၿပီး ျပန္လည္ လြတ္ေျမာက္လာျခင္း မရွိေသးသည့္ အတြက္ အျမန္ဆံုး ျပန္လည္ လြတ္ေျမာက္လာေရးအတြက္ စက္တင္ဘာလ (၇)ရက္ေန႔က မိသားစု၀င္မ်ားမွ ဦးေဆာင္၍ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည့္ နည္းတူ တစ္လတိတိ အၾကာျဖစ္သည့္ စက္တင္ဘာလ (၁၇)ရက္ေန႔ကလည္း လူဦးေရ(၁၀၀၀)ေက်ာ္ ပါ၀င္သည့္ ၿမိဳ႕နယ္လံုးကြ်တ္ ဆႏၵထုတ္ေဖၚမႈမ်ားကိုလည္း ျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။

“လူမ်ိဳးေရး လႈံ႔ေဆာ္တာေတြ ျဖစ္ေနတာလည္းရွိတယ္၊ အဲ့ဒီသတင္းကေတာ့ လံုးဝအမွားႀကီးပါ၊ ကြ်န္ေတာ္တို႔ လည္း မနန္းမိုဟြမ္နဲ႔ ပတ္သက္လို႔ လတ္တေလာေတာ့ ထပ္သိထားတာမ်ိဳး မရွိေသးပါဘူး၊ ထူးျခားတာမရွိေသးပါဘူး”ဟု ရဲအရာရွိက ေျပာသည္။

မနန္းမိုဟြမ္အား TNLA မွ ဖမ္းဆီးေခၚေဆာင္ျခင္း ႏွင့္ ပတ္သက္၍ ၂၀၁၈ခုႏွစ္ စက္တင္ဘာလ (၃)ရက္ေန႔က လူမႈကြန္ရက္တြင္ ေဖၚျပလာသည့္ PSLF/TNLA သတင္းႏွင့္ျပန္ၾကားေရး၏ သတင္းထုတ္ျပန္ ရွင္းလင္းခ်က္တြင္ “PSLF/TNLA အေကာက္ခြန္ ဦးစီးဌာနမွ အေကာက္ခြန္ဝန္ထမ္းမ်ား လုပ္ငန္း တာဝန္ထမ္းေဆာင္စဥ္ ဝန္ထမ္းမ်ားအား အျပင္းအထန္ ထိခိုက္ေသဆံုးသည္ အထိ ေဒၚနန္းမိုဟြမ္က တာဝန္ဝတၱရား ေႏွာက္ယွက္ခဲ့ေသာေၾကာင့္ ဥပေဒအရ အေရးယူေပးပါရန္ PSLF/TNLA ဗဟိုတရားရံုးသို႔ အမႈဖြင့္ တုိင္ၾကားခဲ့ပါသည္။”ဟု ေရးသားထားသည္ကို ေတြ႔ရသည္။

၎တို႔ အဖြဲ႔ အေနျဖင့္ မနန္းမိုဟြမ္အား အမႈစတင္ လက္ခံစစ္ေဆးမည္ ျဖစ္ေၾကာင္းႏွင့္ စီရင္ခ်က္ခ်သည့္ ေန႔တြင္ ေဆြမ်ိဳးသားခ်င္းႏွင့္ အမ်ားျပည္သူ ေရွ႕ေမွာက္တြင္ စီရင္ဆံုးျဖတ္ခ်က္ ခ်ႏုိင္ရန္ စီစဥ္ သြားမည္ဟုလည္း ေဖၚျပထားသည္ကို ေတြ႔ရသည္။

TNLA သည္ တစ္ႏုိင္ငံလံုး ပစ္ခတ္တုိက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) တြင္ လက္မွတ္ေရးထိုးထားျခင္း မရိွသည့္ လက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္သည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

TNLA လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် နမ့်ခမ်းမြို့မှ မနန်းမိုဟွမ် နှင့် ပတ်သက်၍ ၂၀၁၈ခုနှစ် စက်တင်ဘာလ(၂၇)ရက်နေ့က ဆေးကုသရင်း သေဆုံးသွားသည် ဆိုပြီး လူမှုကွန်ရက်များတွင် ထွက်ပေါ်နေသည့် သတင်းများနှင့် ပတ်သက်၍ သတင်းအမှားသာ ဖြစ်ကြောင်း နမ့်ခမ်းမြို့မရဲစခန်းမှ စခန်းမှူးက အတည်ပြု ပြောကြားလိုက်သည်။

“လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာက သတင်းအမှားပါ၊ အဲ့ဒီမှာ တင်ထားတဲ့ပုံက တစ်ခြား ဖြစ်ရပ်တစ်ခုက ဆေးကုသ နေတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ပုံကို သုံးပြီးတော့ မနန်းမိုဟွမ်ရဲ့ပုံနဲ့ ယှဉ်ပြီး ဖော်ပြထားတာ ဖြစ်ပါတယ်၊ စုံစမ်းရသလောက်ကတော့ အဲ့ဒါက သတင်းအမှားပါ”ဟု နမ့်ခမ်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မင်းတင် က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာ (၂၈)ရက်နေ့တွင် ပြောသည်။

၂၀၁၈ ခုနှစ် သြဂုတ်လ (၁၇)ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ရှိ နေအိမ်တွင် နေထိုင်နေသူ မနန်းမိုဟွမ်အား TNLA လက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင်သွားပြီး ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးသည့် အတွက် အမြန်ဆုံး ပြန်လည် လွတ်မြောက်လာရေးအတွက် စက်တင်ဘာလ (၇)ရက်နေ့က မိသားစုဝင်များမှ ဦးဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် နည်းတူ တစ်လတိတိ အကြာဖြစ်သည့် စက်တင်ဘာလ (၁၇)ရက်နေ့ကလည်း လူဦးရေ(၁၀၀၀)ကျော် ပါဝင်သည့် မြို့နယ်လုံးကျွတ် ဆန္ဒထုတ်ဖော်မှုများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“လူမျိုးရေး လှုံ့ဆော်တာတွေ ဖြစ်နေတာလည်းရှိတယ်၊ အဲ့ဒီသတင်းကတော့ လုံးဝအမှားကြီးပါ၊ ကျွန်တော်တို့ လည်း မနန်းမိုဟွမ်နဲ့ ပတ်သက်လို့ လတ်တလောတော့ ထပ်သိထားတာမျိုး မရှိသေးပါဘူး၊ ထူးခြားတာမရှိသေးပါဘူး”ဟု ရဲအရာရှိက ပြောသည်။

မနန်းမိုဟွမ်အား TNLA မှ ဖမ်းဆီးခေါ်ဆောင်ခြင်း နှင့် ပတ်သက်၍ ၂၀၁၈ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့က လူမှုကွန်ရက်တွင် ဖော်ပြလာသည့် PSLF/TNLA သတင်းနှင့်ပြန်ကြားရေး၏ သတင်းထုတ်ပြန် ရှင်းလင်းချက်တွင် “PSLF/TNLA အကောက်ခွန် ဦးစီးဌာနမှ အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်း တာဝန်ထမ်းဆောင်စဉ် ဝန်ထမ်းများအား အပြင်းအထန် ထိခိုက်သေဆုံးသည် အထိ ဒေါ်နန်းမိုဟွမ်က တာဝန်ဝတ္တရား နှောက်ယှက်ခဲ့သောကြောင့် ဥပဒေအရ အရေးယူပေးပါရန် PSLF/TNLA ဗဟိုတရားရုံးသို့ အမှုဖွင့် တိုင်ကြားခဲ့ပါသည်။”ဟု ရေးသားထားသည်ကို တွေ့ရသည်။

၎င်းတို့ အဖွဲ့ အနဖြေင့် မနန်းမိုဟွမ်အား အမှုစတင် လက်ခံစစ်ဆေးမည် ဖြစ်ကြောင်းနှင့် စီရင်ချက်ချသည့် နေ့တွင် ဆွေမျိုးသားချင်းနှင့် အများပြည်သူ ရှေ့မှောက်တွင် စီရင်ဆုံးဖြတ်ချက် ချနိုင်ရန် စီစဉ် သွားမည်ဟုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။

TNLA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသည့် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~