တာေလၿမိဳ႕တြင္ လူကုန္ကူးမႈတုိက္ဖ်က္ေရးအထိမ္းအမွတ္ အေျခခံပညာေက်ာင္းသားမ်ား ပန္းခ်ီ၊ ကာတြန္း၊ တစ္ခန္းရပ္ျပဇာတ္ႏွင့္ ေတးသရုပ္ေဖၚၿပိဳင္ပြဲ က်င္းပ

တာေလၿမိဳ႕တြင္ လူကုန္ကူးမႈတုိက္ဖ်က္ေရးအထိမ္းအမွတ္ အေျခခံပညာေက်ာင္းသားမ်ား ပန္းခ်ီ၊ ကာတြန္း၊ တစ္ခန္းရပ္ျပဇာတ္ႏွင့္ ေတးသရုပ္ေဖၚၿပိဳင္ပြဲ က်င္းပ
စက်တင်ဘာ 4, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ တာေလၿမိဳ႕တြင္ လူကုန္ကူးမႈတုိက္ဖ်က္ေရး အထိမ္းအမွတ္ အေျခခံပညာေက်ာင္းသားမ်ား ပန္းခ်ီ၊ ကာတြန္းၿပိဳင္ပြဲ၊ တစ္ခန္းရပ္ျပဇာတ္ႏွင့္ ေတးသရုပ္ေဖၚၿပိဳင္ပြဲတို႔ကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၃)ရက္ႏွင့္ (၄)ရက္ေန႔မ်ား၌ ႏွစ္ရက္တာ က်င္းပေၾကာင္း သိရသည္။

 “လူကုန္ကူးတုိက္ဖ်က္ေရး အထိမ္းအမွတ္အျဖစ္ မေန႔က က်င္းပတဲ့ ပန္းခ်ီနဲ႔ ကာတြန္းၿပိဳင္ပြဲက ဆုရသူေတြ၊ ဒီေန႔ က်င္းပတဲ့ တစ္ခန္းရပ္ျပဇာတ္နဲ႔ ေတးသရုပ္ေဖၚၿပိဳင္ပြဲက ဆုရသူေတြကို ဒီေန႔အခမ္းအနားမွာ ဆုခ်ီးျမႇင့္ေပးခဲ့ပါတယ္။ တာေလက ေက်ာင္းေပါင္း(၁၇)ေက်ာင္းက ဝင္ေရာက္ယွဥ္ၿပိဳင္ၾကတာပါ”ဟု တာေလၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴး ဦးခြန္စိုးသူက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါၿပိဳင္ပြဲမ်ားသို႔ ေက်ာင္းေပါင္း (၁၇)ေက်ာင္းမွ ေက်ာင္းသားမ်ား ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ၿပိဳင္ပြဲအားလံုးမွ ဆုရေက်ာင္းသားမ်ားကို စက္တင္ဘာလ(၄)ရက္ေန႔က တာေလၿမိဳ႕ အေျခခံပညာအထက္တန္းေက်ာင္း၊ ခ်ယ္ရီခန္းမေဆာင္တြင္ က်င္းပသည့္ အခမ္းအနားတြင္ ဆုခ်ီးျမႇင့္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ ခရိုင္လူကုန္ကူးမႈတုိက္ဖ်က္ေရးႏွင့္ တားဆီးကာကြယ္ေရးအဖြဲ႕ အတြင္းေရးမွဴး၊ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁)တာခ်ီလိတ္မွ တပ္ဖဲြ႕စိတ္မွဴး ရဲမွဴး ရင္ရင္ေအးႏွင့္ တပ္ဖြဲ႔၀င္မ်ား  ၿမိဳ႕အဆင့္ဌာနဆုိင္ရာမ်ား၊ တာခ်ီလိတ္ၿမိဳ႕နယ္ စာေရးဆရာအသင္းအဖြဲ႕ဝင္မ်ား၊ အေျခခံပညာအထက္တန္းေက်ာင္းမ်ားမွ ေက်ာင္းအုပ္ႀကီးမ်ား၊ ဆရာမ်ား၊ ေက်ာင္းသားမ်ား၊ မိဘမ်ား စုစုေပါင္း (၅၀၀)ဦးခန္႔ တက္ေရာက္ၾကေၾကာင္း သိရသည္။

ဆဌမအႀကိမ္ ျမန္မာႏိုင္ငံလူကုန္ကူးမႈတုိက္ဖ်က္ေရးေန႔မွာ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၃)ရက္ေန႔တြင္ က်ေရာက္မည္ျဖစ္သည္။

ဓါတ္ပံု - တာေလေထြအုပ္

~~~~~~~~⊰❂ unicode ~~~~~~~~
တာလေမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးအထိမ်းအမှတ် အခြေခံပညာကျောင်းသားများ ပန်းချီ၊ ကာတွန်း၊ တစ်ခန်းရပ်ပြဇာတ်နှင့် တေးသရုပ်ဖေါ်ပြိုင်ပွဲ ကျင်းပ
*****

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ တာလေမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အထိမ်းအမှတ် အခြေခံပညာကျောင်းသားများ ပန်းချီ၊ ကာတွန်းပြိုင်ပွဲ၊ တစ်ခန်းရပ်ပြဇာတ်နှင့် တေးသရုပ်ဖေါ်ပြိုင်ပွဲတို့ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၃)ရက်နှင့် (၄)ရက်နေ့များ၌ နှစ်ရက်တာ ကျင်းပကြောင်း သိရသည်။

 “လူကုန်ကူးတိုက်ဖျက်ရေး အထိမ်းအမှတ်အဖြစ် မနေ့က ကျင်းပတဲ့ ပန်းချီနဲ့ ကာတွန်းပြိုင်ပွဲက ဆုရသူတွေ၊ ဒီနေ့ ကျင်းပတဲ့ တစ်ခန်းရပ်ပြဇာတ်နဲ့ တေးသရုပ်ဖေါ်ပြိုင်ပွဲက ဆုရသူတွေကို ဒီနေ့အခမ်းအနားမှာ ဆုချီးမြှင့်ပေးခဲ့ပါတယ်။ တာလေက ကျောင်းပေါင်း(၁၇)ကျောင်းက ဝင်ရောက်ယှဉ်ပြိုင်ကြတာပါ”ဟု တာလေမြို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါပြိုင်ပွဲများသို့ ကျောင်းပေါင်း (၁၇)ကျောင်းမှ ကျောင်းသားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအားလုံးမှ ဆုရကျောင်းသားများကို စက်တင်ဘာလ(၄)ရက်နေ့က တာလေမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်တွင် ကျင်းပသည့် အခမ်းအနားတွင် ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူး ရင်ရင်အေးနှင့် တပ်ဖွဲ့ဝင်များ  မြို့အဆင့်ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ် စာရေးဆရာအသင်းအဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာများ၊ ကျောင်းသားများ၊ မိဘများ စုစုပေါင်း (၅၀၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

ဆဌမအကြိမ် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့မှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်သည်။

ဓါတ်ပုံ - တာလေထွေအုပ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~