တာေလၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္အတြင္း ဒုတိယေျမာက္ မူးယစ္ေဆးဖမ္းဆီးရမိမႈအျဖစ္ မူးယစ္ေဆးသံုးေနသည့္ အမ်ိဳးသား (၅)ဦးကို ဖမ္းမိ

တာေလၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္အတြင္း ဒုတိယေျမာက္ မူးယစ္ေဆးဖမ္းဆီးရမိမႈအျဖစ္ မူးယစ္ေဆးသံုးေနသည့္ အမ်ိဳးသား (၅)ဦးကို ဖမ္းမိ
စက်တင်ဘာ 13, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာေလၿမိဳ႕၊ နားေယာင္းေက်းရြာအုပ္စု၊ ပါခါးလံု(ပါခမ္းလံု)ေက်းရြာတြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၃)ရက္ေန႔ နံနက္(၈)နာရီခြဲက မူးယစ္သတင္းရေနအိမ္အား ဝင္ေရာက္ရွာေဖြရာ အမ်ိဳးသား(၅)ဦးကို စိတ္ၾကြေဆးျပား(၁၁)ျပား၊ ဘိန္းဆီခဲ (၄)ဂရမ္ခန္႔ႏွင့္ ဘိန္းစိမ္း(၁)ဂရမ္ခန္႔တုိ႔ႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္၊ ခရုိင္မွဳ/ကူ အဖြဲ႕၊တာေလနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕၀င္မ်ား၊ စရဖ(တသခ) ႏွင့္ သက္ေသမ်ားပါ၀င္ေသာပူးေပါင္းအဖြဲ႕သည္ နားေယာင္းေက်းရြာအုပ္စုရိွ မူးယစ္သတင္းရအိမ္မ်ားအား ဝင္ေရာက္ရွာေဖြရာ နံနက္(၈)နာရီခြဲအခ်ိန္တြင္ ပါခါးလံု(ပါခမ္းလံု)ေက်းရြာမွ အိုက္ဆမ္ (ခ) ပီဆမ္၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါအိမ္တြင္ အုိက္ဆမ္(ခ)ပီဆမ္ႏွင့္အတူ အမ်ိဳးသား(၄)ဦးကို ေတြ႔ရၿပီး ထြက္ေျပးသြားသျဖင့္ ရဲတပ္ဖြဲ႕က လုိက္လံဖမ္းဆီးခဲ့ရၿပီး ၎တို႔ထံမွ WY စာတမ္းပါစိတ္ၾကြရူးသြပ္ေဆးျပား၊ ဘိန္းဆီခဲႏွင့္ ဘိန္းမည္းတို႔အား ရွာေဖြေတြ႔ရိွရၿပီး ေနအိမ္မီးဖုိေဆာင္အတြင္း မူးယစ္ေဆးသံုးစြဲသည့္ ဆက္စပ္ပစၥည္းမ်ားကို ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ အသက္(၆၂)ႏွစ္အရြယ္ အုိက္ဆမ္ (ခ) ပီဆမ္၊ အသက္ (၄၂)ႏွစ္အရြယ္ ေက်ာ္၀င္းလွိဳင္၊ အသက္(၄၃)ႏွစ္အရြယ္ ေက်ာ္စိန္လင္း၊ အသက္(၂၇)ႏွစ္အရြယ္ ေနလင္းဦး၊ အသက္(၄၀)အရြယ္ ဘျမင့္တုိ႔ (၅)ဦးကို တာေလနယ္ေျမရဲစခန္းတြင္ မူးယစ္ (ပ) ၂/၂၀၁၈ ၊မူး/စိတ္ဥပေဒပုဒ္မ ၁၆(ဂ)အရ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။

ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာလေမြို့တွင် ၂၀၁၈ ခုနှစ်အတွင်း ဒုတိယမြောက် မူးယစ်ဆေးဖမ်းဆီးရမိမှုအဖြစ် မူးယစ်ဆေးသုံးနေသည့် အမျိုးသား (၅)ဦးကို ဖမ်းမိ
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ပါခါးလုံ(ပါခမ်းလုံ)ကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်(၈)နာရီခွဲက မူးယစ်သတင်းရနေအိမ်အား ဝင်ရောက်ရှာဖွေရာ အမျိုးသား(၅)ဦးကို စိတ်ကြွဆေးပြား(၁၁)ပြား၊ ဘိန်းဆီခဲ (၄)ဂရမ်ခန့်နှင့် ဘိန်းစိမ်း(၁)ဂရမ်ခန့်တို့နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်၊ ခရိုင်မှု/ကူ အဖွဲ့၊တာလေနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ စရဖ(တသခ) နှင့် သက်သေများပါဝင်သောပူးပေါင်းအဖွဲ့သည် နားယောင်းကျေးရွာအုပ်စုရှိ မူးယစ်သတင်းရအိမ်များအား ဝင်ရောက်ရှာဖွေရာ နံနက်(၈)နာရီခွဲအချိန်တွင် ပါခါးလုံ(ပါခမ်းလုံ)ကျေးရွာမှ အိုက်ဆမ် (ခ) ပီဆမ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအိမ်တွင် အိုက်ဆမ်(ခ)ပီဆမ်နှင့်အတူ အမျိုးသား(၄)ဦးကို တွေ့ရပြီး ထွက်ပြေးသွားသဖြင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရပြီး ၎င်းတို့ထံမှ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းဆီခဲနှင့် ဘိန်းမည်းတို့အား ရှာဖွေတွေ့ရှိရပြီး နေအိမ်မီးဖိုဆောင်အတွင်း မူးယစ်ဆေးသုံးစွဲသည့် ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် အသက်(၆၂)နှစ်အရွယ် အိုက်ဆမ် (ခ) ပီဆမ်၊ အသက် (၄၂)နှစ်အရွယ် ကျော်ဝင်းလှိုင်၊ အသက်(၄၃)နှစ်အရွယ် ကျော်စိန်လင်း၊ အသက်(၂၇)နှစ်အရွယ် နေလင်းဦး၊ အသက်(၄၀)အရွယ် ဘမြင့်တို့ (၅)ဦးကို တာလေနယ်မြေရဲစခန်းတွင် မူးယစ် (ပ) ၂/၂၀၁၈ ၊မူး/စိတ်ဥပဒေပုဒ်မ ၁၆(ဂ)အရ အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~