တာချီလိတ်တွင် နေအိမ်တွင်းဝင်ခိုးသူက တားမြစ်သူကို ဓါးဖြင့်ထိုးပြီး ထွက်ပြေးရန် ကြိုးစားသဖြင့် ဝိုင်းဝန်းဖမ်းဆီး

တာချီလိတ်တွင် နေအိမ်တွင်းဝင်ခိုးသူက တားမြစ်သူကို ဓါးဖြင့်ထိုးပြီး ထွက်ပြေးရန် ကြိုးစားသဖြင့် ဝိုင်းဝန်းဖမ်းဆီး
စကျတငျဘာ 6, 2018
By Tachileik News Agency


ဆန်ဆိုင်း(က)ရပ်ကွက်၊ (၉)လမ်းရှိ နေအိမ်တွင် နေအိမ်ပိုင်ရှင် ဒေါ်စန်းဌေးသည် အပြင်သွားနေရာမှ  ၂၀၁၈ခုနှစ် စက်တင်ဘာလ(၅)ရက်နေ့ ည(၉)နာရီဝန်းကျင်၌ နေအိမ်သို့ ပြန်ရောက်လာစဉ် နေအိမ်အတွင်း ဝင်ရောက်နေသည့် လူငယ်တစ်ဦးကို တွေ့ရသဖြင့် မေးမြန်းရာ ၎င်းအနေဖြင့် မည်သည့်ပ စ္စည်းမှ ခိုးယူထားခြင်း မရှိသေးကြောင်း ပြောဆိုသည်ဟု သိရသည်။

အိမ်ရှင်အမျိုးသမီးက တစ်အိမ်ကျော်တွင် နေထိုင်သော အစ်ကိုဖြစ်သူအား လှမ်းခေါ်ရာ အစ်ကိုဖြစ်သူနှင့် ဇနီးတို့ ရောက်လာပြီး နေအိမ်အတွင်း ၀င်ရောက်နေသည့် ဝေဇင်ဖြိုးအား တားမြစ်နေစဉ် အိမ်ရှင်အမျိုးသမီးက ရဲတပ်ဖွဲ့ထံ ဖုန်းဆက်တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။




Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နေအိမ်အတွင်း ဝင်ရောက်ခိုးယူသည့် အသက်(၁၇)နှစ်အရွယ် လူငယ်ကို အိမ်ရှင်က တွေ့သွား၍ ရဲတပ်ဖွဲ့ထံ ဖုန်းဆက်အကြောင်းကြားစဉ် တားမြစ်သူကို ဓားဖြင့်ထိုး၍ ထွက်ပြေးသဖြင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ဆန်ဆိုင်း(က)ရပ်ကွက်၊ (၉)လမ်းရှိ နေအိမ်တွင် နေအိမ်ပိုင်ရှင် ဒေါ်စန်းဌေးသည် အပြင်သွားနေရာမှ ၂၀၁၈ခုနှစ် စက်တင်ဘာလ(၅)ရက်နေ့ ည(၉)နာရီဝန်းကျင်၌ နေအိမ်သို့ ပြန်ရောက်လာစဉ် နေအိမ်အတွင်း ဝင်ရောက်နေသည့် လူငယ်တစ်ဦးကို တွေ့ရသဖြင့် မေးမြန်းရာ၎င်းအနဖြေင့် မည်သည့်ပ စ္စည်းမှ ခိုးယူထားခြင်း မရှိသေးကြောင်း ပြောဆိုသည်ဟု သိရသည်။

အိမ်ရှင်အမျိုးသမီးက တစ်အိ်မ်ကျော်တွင် နေထိုင်သော အစ်ကိုဖြစ်သူအား လှမ်းခေါ်ရာ အစ်ကိုဖြစ်သူနှင့် ဇနီးတို့ ရောက်လာပြီး နေအိမ်အတွင်း ဝင်ရောက်နေသည့် ဝေဇင်ဖြိုးအား တားမြစ်နေစဉ် အိမ်ရှင်အမျိုးသမီးက ရဲတပ်ဖွဲ့ထံ ဖုန်းဆက်တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဝေဇင်ဖြိုးက၎င်းအား တားမြစ်သည့် အိမ်ရှင်၏ အစ်ကိုဖြစ်သူကို ဓားဖြင့်ထိုး၍ ထွက်ပြေးရန် ကြိုးစားစဉ် မိသားစုများမှ ဝိုင်းဝန်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓားဖြင့်ထိုးခံရ၍ အိမ်ရှင်၏အစ်ကိုဖြစ်သူ ဦးသိန်းကျော်မှာ ရင်ဘတ်တွင် ဓားဒဏ်ရာ(၁)ချက် ရရှိသွားသဖြင့် တာချီလိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရပြီး နေအိမ်အတွင်းမှ ရွှေဆွဲသီးပါ စိန်နားကပ်(၁)ရံပျောက်ဆုံးသွားကြောင်း သိရသည်။

နေအိမ်အတွင်း ဝင်ရောက်ခိုးယူပြီး တားမြစ်သူကို ဓားဖြင့်ထိုးသည့် ဝေဇင်ဖြိုး(ခ)အပွားလေးကို တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ) ၂၉၈/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~