ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၅)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္မႈျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၅)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း
စက်တင်ဘာ 10, 2018
By 🌸
ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္ျခင္း၊ သက္တမ္းေက်ာ္လြန္ေနထုိင္ျခင္း၊ နယ္ေျမေက်ာ္လြန္သြားလာျခင္းမ်ား ေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၅)ဦးကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ(၁၀)ရက္ေန႔က လာေရာက္လႊဲေျပာင္းေပးေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံသား အမ်ိဳးသား(၄)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးတို႔ကို ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားက လာေရာက္လႊဲေျပာင္းေပးရာ ျမန္မာႏုိင္ငံဘက္မွ အလုပ္သမားလူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဆုိင္ရာဌာန ဦးစီးဌာန၊၊  ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ တာခ်ီလိတ္အေျခစိုက္ လူမႈကူညီေရးအဖြဲ႕တစ္ခုျဖစ္သည့္ ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညွိႏွိဳင္းေရး ေကာ္မတီ (CNCMC )ေကာ္မတီတို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၁)ရက္ေန႔မွ စက္တင္ဘာလ (၁၀)ရက္ေန႔အထိ ထုိင္းႏုိင္ငံဘက္မွ တာခ်ီလိတ္ဘက္သို႔ လႊဲေျပာင္းလာသူဦးေရမွာ အမ်ိဳးသား (၅၄၇) ဦး၊ အမ်ိဳးသမီး (၂၅၀)ဦး၊ ကေလး (၃၁)ဦး စုစုေပါင္း (၈၂၈) ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု #CNCMC

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၅)ဦးကို တာချီလိတ်သို့ လွှဲပြောင်း
**********
ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်ခြင်း၊ သက်တမ်းကျော်လွန်နေထိုင်ခြင်း၊ နယ်မြေကျော်လွန်သွားလာခြင်းများ ကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၅)ဦးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့က လာရောက်လွှဲပြောင်းပေးကြောင်း သိရသည်။

မြန်မာနိုင်ငံသား အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက လာရောက်လွှဲပြောင်းပေးရာ မြန်မာနိုင်ငံဘက်မှ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန ဦးစီးဌာန၊၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် တာချီလိတ်အခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC )ကော်မတီတို့က စိစစ်လက်ခံကြကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ စက်တင်ဘာလ (၁၀)ရက်နေ့အထိ ထိုင်းနိုင်ငံဘက်မှ တာချီလိတ်ဘက်သို့ လွှဲပြောင်းလာသူဦးရေမှာ အမျိုးသား (၅၄၇) ဦး၊ အမျိုးသမီး (၂၅၀)ဦး၊ ကလေး (၃၁)ဦး စုစုပေါင်း (၈၂၈) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ #CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~